Mote Lin Mayar

မုန့်လင်မယား

Mote Lin Mayar

မုန့်လင်မယား

မြန်မာ့ရိုးရာမုန့်ထဲက အမည်ဆန်းဆန်းလေးနဲ့ အရသာကောင်းတဲ့မုန့်တစ်ခုကိုပြောပြပါဆိုရင်တော့မုန့်လင်မယားကိုပဲ ပြေးမြင်မိပါမယ်။ မုန့်လင်မယားကို မြန်မာနိုင်ငံရဲ့ ဒေအသီးသီးမှာရောင်းချပြီးအများစုကြိုက်နှစ်သက်စွာစားသုံးလေ့ရှိကြပါတယ်။ အများစုကတော့ မုန့်လင်မယားလို့ခေါ်တွင်ကြပြီးမော်လမြိုင်ဘက်မှာတော့ မုန့်လင်မယားကို မုန့်အုပ်ကလေး လို့ခေါ်တွင်ကြောင်းမှတ်သားဘူးပါတယ်။ဒီတစ်ခေါက်မှာတော့ မုန့်လင်မယား ပြုလုပ်နည်းလေးအကြောင်းကို မျှဝေပေးချင်ပါတယ်။

မုန့်လင်မယား

မုန့်လင်မယားလုပ်ဖို့အတွက် မုန့်လင်မယားပြုလုပ်တဲ့ ဒယ်လိုအပ်ပါတယ်။ ချိုင့်ခွက်လေးတွေနဲ့ အသေးအကြီးအမျိုးမျိုးရှိပြီး ကိုယ်တိုင် ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ပါဝင်ပစ္စည်းအနေနဲ့ ကြက်သွန်မြိတ်၊ ချင်း၊စားတော်ပဲ၊ငုံးဥ၊ ဆား၊ သကြား၊ ဟင်းခတ်မှုန့်၊ ဆီနဲ့ ဆန်မှုန့် တွေလိုအပ်ပါတယ်။ပြုလုပ်နည်းဆန်မှုန့်ကို လဘက်ရည်ပန်းကန်လုံးနဲ့ ချင်ထည့်ပြီး ဆန်မှုန့်များအရည်ပျော်ဝင်သွားသည်အထိ ရေနဲ့ နှယ်ပေးပါ။ မုန့်သားအမာအပျော့ကို ကိုယ့်စိတ်ကြိုက်အနေအထားထိရအောင် ပြုလုပ်နိုင်ပါတယ်။ ချင်းကို အရည်ညစ်လို့ရသည်အထိ ပါးပါးလှီးပြီးမုန့်နှစ်ရည်ထဲကို ချင်းအရည်လေး ညှစ်ထည့်ပေးရပါမယ်။ ပါးပါးလှီးထားတဲ့ ကြက်သွန်မြိတ်လေးတွေကို လှီးထည့်ပြီး ဆား၊ သကြားနဲ့
ဟင်းခတ်မှုန့်ကို အချိုးကျအောင် ထည့်ပေးရပါမယ်။ ဒါကမုန့်လင်မယားအနှစ်လုပ်ဖို့အတွက် လိုအပ်တဲ့ အဆင့်တွေပဲဖြစ်ပါတယ်။အဆင်သင့်ဖြစ်တဲ့အခါ မုန့်လင်မယားဒယ်ကို ဆီစုပ်တံလေးနဲ့ ပါးပါးသုတ်လိမ်းပေးရပါမယ်။ မုန့်အိုးခွက်လေးတွေထဲကိုအနေတော်ထည့်ပြီး တစ်ခုချင်းစီကို ဖြည့်ပေးရပါမယ်။ မီးအပူရှိန်ကြောင့် မုန့်သားလေးတွေ မကျက်လာခင်မှာ ငုံးဥ၊ ပဲပြုတ်တို့ကိုထည့်ပေးရပါမယ်။မုန့်လင်မယားကို အရသာထူးထူးခြားခြားလေးနဲ့ စားချင်တယ်ဆိုရင် နှမ်းလှော်ကို ဆားလေးဖြူးပြီး နှမ်းထောင်းနဲ့အတူစားသုံးနိုင်ပါတယ်။ မုန့်လင်မယားက နေရာဒေသတိုင်းမှာ အလွယ်တကူဝယ်ယူနိုင်တဲ့ မြန်မာ့ရိုးရာမုန့်တစ်ခုဆိုပေမယ့်
ကိုယ်တိုင်လုပ်စားရတာ ဝါသနာပါတဲ့သူတွေအတွက် မုန့်လင်မယားပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။