Don’t Overeat

frame

Don’t Overeat

အစားတွေအများကြီးစားမိတဲ့အခါ ဘာလုပ်သင့်လဲ

အဝစားဆိုင်တွေရောက်လို့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းအပေါင်းအသင်းတွေစုံလို့ပဲဖြစ်ဖြစ်တခါတရံမှာ အစားတွေကို လိုတာထက်ပိုပြီး စားမိတဲ့အခါမျိုးတွေရှိတတ်ပါတယ်။ ဒီအခါမှာနေရထိုင်ရတာ သက်တောင့်သက်သာမရှိတော့ပဲ ပြည့်အင့်အင့်အီလည်လည်ကြီးဖြစ်နေတတ်ကြတယ်။အစာကြေဆေးဆောင်ထားရတဲ့သူမျိုးတွေလည်း တွေ့ဖူးကြမှာပေါ့။ ဒီတစ်ခေါက်မှာ အဲလိုဖြစ်တာတွေကိုပြန်ဖြေဖို့အတွက် နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

လိမ္မော်သီးစားပါ

လိမ္မော်သီးစားပါ

လိမ္မော်သီးက ဗီတာမင်စီ အများစုပါဝင်ပြီး ချိုချဉ်အရသာရှိလို့ အအီပြေစေနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲက အဆီဓာတ်ကိုပြန်လည်ဖြေလျှော့ပေးနိုင်ပါတယ်။ လိမ္မော်ရည်လေးသောက်ပြီး အချိုတည်းတာဖြစ်ဖြစ် လိမ္မော်သီးလေးစားလိုက်တာဖြစ်ဖြစ်အအီပြေစေနိုင်ပါတယ်။

လက်ဖက်စိမ်းရေနွေးကြမ်း

လက်ဖက်စိမ်းရေနွေးကြမ်းက ကိုလက်စထရောကျစေတဲ့အရာတစ်ခုပါ။ အစာတွေအစားများပြီး နေလို့မကောင်းဖြစ်ရင်လက်ဖက်စိမ်းရေနွေးကြမ်းသောက်လိုက်ရင် သွေးတွင်းကိုလက်စထရောကိုပမာဏကို လျော့ချပေးနိုင်ပါတယ်။ နောက်ထပ်အံ့သြစရာအချက်ကသွေးဖိအားကိုလည်း ပုံမှန်ပြန်ဖြစ်စေပါတယ်။

ငှက်ပျောသီးစားပါ

အငံအစားအသောက်တွေစားပြီး ရေငတ်နေတာမျိုးဖြစ်ရင် ငှက်ပျောသီးစားပေးပါ။ ငှက်ပျောသီးက ကိုယ်တွင်းခံစားရတဲ့အငံဓာတ်တွေကို လျော့ချပေးနိုင်ပါတယ်။ သွေးဖိအားကိုလည်း လျော့ကျစေပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်က အစားများလို့ဖြစ်တတ်တဲ့ နေလို့ထိုင်လို့မကောင်းတဲ့ ပြသနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။
ဒိန်ချဉ်က အူတွင်းဘက်တီးရီးယားတွေကို ထိန်းပေးနိုင်ပြီး လေနဲ့ဝမ်းပြသနာကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။