May Myo Eain

frame

May Myo Eain

မေမြို့အိမ်က အရောင်းရဆုံး ကြက်ကြော်နှပ်ဖက်ထမင်း

မေမြို့ (သို့မဟုတ်) ပြင်ဦးလွင်ကို သင်ရောက်ခဲ့ဖူးပြီလား။ ရောက်ဖူးမယ်ဆိုရင်တော့မေမြို့အိမ်ရဲ့ လူကြိုက်အများဆုံး အင်ဖက်နံ့သင်း ကြက်ကြော်နှပ်ဖက်ထမင်းကို စားဖြစ်အောင်စားဖို့တိုက်တွန်းချင်ပါတယ်နော်။

ကြက်ကြော်နှပ်ဖက်ထမင်း

မေမြို့ကို အခုမှပထမဆုံးရောက်တာမဟုတ်ပေမယ့် ဒီကြက်ကြော်နှပ်ဖက်ထမင်းကိုတော့ ဒီတစ်ခါမှစားဖြစ်ခဲ့တာပါ။ ဖက်ထမင်းအကြောင်းစပြောရရင် အရင်ခေတ်က ထမင်းကို ဖက်နဲ့ထုပ်စားခဲ့တဲ့အချိန်တွေကို ပြန်ပြောင်းသတိရစေတယ်။ ထမင်းပူပူလေးကို အရန်ဟင်းအမယ်စုံစုံလေးနဲ့ ကြက်သားကြော်တို့တွဲဖက်စားသုံးရတာမျိုးပါ။

ဒီဖက်ထမင်းထုပ်လေးထဲမှာ ကြက်သားကြော်ကြွပ်ကြွပ်လေးအပြင် ပုစွန်ခြောက်ငံပြာရည်ကြော်၊ပဲကြော်၊ အာလူးကြော်၊ ချဉ်ပေါင်ကြော်တို့ပါဝင်ပါတယ်။ တကယ်သဘောကျစရာကောင်းတဲ့ ဖက်ထမင်းလေးပါ။ အစားကြီးတဲ့ကိုယ့်အတွက်တော့ ပါတဲ့ထမင်းကို နည်းသလိုခံစားရတယ်။ ကြက်ကြော်အတုံးကတော့ တော်တေ်ာလေးကြီးတယ်။ တစ်ပွဲကို ၂၅၀၀ ကျပ်နဲ့စားရတဲ့အရသာကောင်းတဲ့ လူကြိုက်အများဆုံး ဖက်ထမင်းပါ။

နောက်တစ်ခုက ကြက်သားကာလသားချက်။ ကြက်ကာလသားချက်ကို နေရာဒေသအလိုက်ပုံစံအမျိုးမျိုးချက်တာကိုစားခဲ့ဖူးတယ်။ မေမြိ့အိမ်က ချဉ်စပါအရသာကြက်သားကာလသားချက်ကိုလည်း အတော်လေးသဘောကျမိတယ်။ အရသာကောင်းပြီးအဓိကဟင်းအနေနဲ့ပါ စားလို့ရနိုင်ပါတယ်။ အရည်အရသာ၊ အသားအရသာ ဘာမှပြောစရာမလိုအောင်ကောင်းပေမယ့်ဆီများတာလေးကိုတော့ သိပ်သဘောမကျခဲ့ဘူး။ ဆီများတယ်လို့ခံစားရရင် စားရတာသိပ်အဆင်မပြေပါဘူး။

ဆိုင်မှာ ထူးထူးဆန်းဆန်းဟင်းပွဲလေးတွေနဲ့ မေမြို့ရဲ့ ဒေသထွက်အစားအသောက်တွေ၊ ကော်ဖီတွေလည်းရနိုင်ပါသေးတယ်။ ဒီဆိုင်က ပြင်ဦးလွင်ရောက်ဖြစ်တဲ့သူတိုင်း တော်တေ်ာများများဝင်လေ့ရှိတဲ့ နာမည်ကြီးစားသောက်ဆိုင်ပါ။ အစားသောက်ကောင်းကောင်းလေးတွေနဲ့သဘောကျမိတဲ့ဆိုင်လေးမို့ နောက်ရောက်ဖြစ်လဲ ဝင်စားဖြစ်ဦးမယ့်ဆိုင်လေးပါ။

Shop Info

Location

Block 9-Nandawon ,MDY-Lashio Road
Maymyo

TEL/Email

Phone : 09 795 183392

Email : No Email

Open Hours

MON-FRI 09:00 – 21:00

SAT-SUN 09:00 – 21:00