summer-food

vegi

summer-food

ပူပြင်းတဲ့ရာသီမှာ စားသင့်တဲ့အသီးအနှံများ

ရာသီဥတုက တဖြည်းဖြည်းနဲ့ အပူချိန်မြင့်မားတဲ့နေ့ရက်တွေကိုရောက်လာပါပြီ။ အခုလိုပူတဲ့အချိန်မှာ အစားအသောက်ကိုလည်း သတိထားစားသောက်သင့်ပါတယ်။ ကျန်းမာနေစေဖို့အတွက် ရေဓာတ်ကောင်းစွာပြည့်ဝနေဖို့လိုအပ်ပါတယ်။ လိုအပ်တဲ့ရေပမာဏကိုသောက်သုံးဖို့လိုအပ်ပြီး ကယ်လိုရီနည်းတဲ့ ရေဓာတ်ပါဝင်မှုများတဲ့အစားအသောက်တွေကိုစားပြီးကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်တင်းဖို့လိုအပ်ပါတယ်။ ဒီတစ်ခါ ရေဓာတ်ကိုဖြည့်တင်းပေးနိုင်မယ့် ပူပြင်းတဲ့ရာသီဥတုမှာ ဦးစားပေးစားသင့်တဲ့အစားအသောက်တွေအကြောင်း ဖော်ပြပေးပါမယ်။

ဖရဲသီး

ဖရဲသီးမှာ ရေဓာတ် ၉၀ ရာခိုင်နှုန်းကျော်ပါဝင်ပြီး ဗီတာမင်အေ၊ ဘီစစ်၊ စီ၊ အမိုင်နိုအက်စစ်များပါဝင်ပါတယ်။ ကယ်လိုရီပါဝင်မှုနည်းပြီး အာဟာရဓာတ်များစွာဖြည့်တင်းပေးနိုင်ပါတယ်။ ရံဖန်ရံခါ ဖရဲသီးကို ဒီတိုင်းစားခြင်း
(သို့) ဖျော်ရည်ပြုလုပ်၍ သောက်သုံးခြင်းက သင့်ကျန်းမာရေးကို များစွာအထောက်ကူပြုနိုင်ပါတယ်။

သခွားသီး

သခွားသီးမှာ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ စတဲ့ ကျန်းမာရေအထောက်အကူပြုဓာတ်များပါဝင်ပါတယ်။ သခွားသီးစားသုံးခြင်းက ရေဓာတ်ကိုပြန်လည်ဖြည့်တင်းပေးနိုင်ယုံမကပဲ အဆိပ်အတောက်ကိုလည်း ပြေစေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ခံအားကိုပြည့်ဝနေစေမယ့် ဗီတာမင်အေ၊ စီနဲ့ဘီတို့ပါဝင်ပြီး ကျန်းမာရေးကောင်းမွန်တဲ့သူဖြစ်အောင်အထောက်အကူပြုပေးနိုင်ပါတယ်။

ဂေါ်ဖီထုပ်

ရေဓာတ်အခြေခံ ဂေါ်ဖီထုပ်တွင် ဗီတာမင်အေ၊ စီနှင့် အမျှင်ဓာတ်ပါဝင်မှုမြင့်မားသည်။ ဂေါ်ဖီထုပ်တွင်ပါဝင်သော အမျှင်ဓာတ်နှင့် အိုမီဂါဖက်တီး အက်စစ်တို့က စွမ်းအင်ပေးစွမ်းနိုင်သည်။ ဂေါ်ဖီထုပ်က အခုလိုပူပြင်းတဲ့ရာသီမှာ ဦးစားပေးစားသင့်တဲ့ အသီးအရွက်တစ်ခုဖြစ်ပါတယ်။