Cafe Amazon Sule Square

39941000_315974142284269_4425811241289646080_n

Cafe Amazon Sule Square

ကော်ဖီလေးသောက်ရင်း အေးဆေးထိုင်နိုင်တဲ့ Cafe Amazon

ဆူးလေကိုလမ်းကြုံရင်းနဲ့ Sule Square မှာကော်ဖီဝင်သောက်ဖို့အတွက် ဆိုင်ပုံစံဆန်းဆန်းလေးဖြစ်တဲ့ Cafe Amazon မှာ ထိုင်ဖြစ်ခဲ့တယ်။ စိမ်းစိုတဲ့ သစ်ရွက်သစ်ခက်လေးတွေနဲ့ Amazon ရဲ့ အရသာကိုပေးစွမ်းထားတယ်။

ဒီဆိုင်က ထိုင်းနိုင်ငံမှာတော့ လူသိများပြီး မြန်မာနိုင်ငံမှာလည်း အခုဆို ဆိုင်ခွဲတွေ ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။ ကော်ဖီအမျိုးအစားစုံလင်ပြီး ဆိုင်ရှေ့ကဖြတ်သွားတာနဲ့တင် ကော်ဖီနံ့သင်းပြီး ဝင်သောက်ချင်စိတ်ဖြစ်မိအောင် ဆွဲဆောင်နိုင်ပါတယ်။

ကော်ဖီအရမ်းခါးတာမသောက်နိုင်တာနဲ့ Amazon ကိုရွေးဖြစ်ခဲ့တယ်။ ကော်ဖီအရသာကောင်းပြီး taste တစ်ခုကိုရတယ်။ နောက်တစ်ခုက Chocolate ကတော့ မိန်းကလေးအများစုကြိုက်မယ့် အရသာပါ။ ဆိုင်မှာထိုင်ရင်း ဓာတ်ပုံရိုက်လို့ကောင်းမယ့် နေရာလေးတွေလည်း ရှိပါတယ်။

Cafe Amazon က မြန်မာနိုင်ငံမှာ ဆိုင်ခွဲ ၄ နေရာရှိတယ်လို့ သိရပါတယ်။ Sule Square၊ Junction City ၊ City Mall နဲ့ Vintage Tower တို့မှာ ဖွင့်ထားတယ်လို့ သိရပါတယ်။ သင်ဟာ ကော်ဖီချစ်သူတစ်ယောက်ဆိုရင်တော့ ဒီဆိုင်လေးကို တစ်ခါလောက်အရောက်သွားပြီး ကော်ဖီအရသာလေးတွေ မြည်းစမ်းသင့်ပါတယ်။

Shop Info

Location

Sule Sqaure, (Underground Floor), Sule Pagoda Road, Pabedan Township, Yangon.

TEL/Email

01 505 085

Email : No Email

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Traditoinal Pineapple Salad

64668433_2322453851339840_2134704355062841344_o

Traditoinal Pineapple Salad

နာနတ်သီးသုပ်

နာနတ်သီးသုပ်ဟာ မြိတ်ဒေသဖက်က အစားအစာ တစ်မျိုးပဲ ဖြစ်ပါတယ်။ အခုလို နာနတ်သီး ပေါတဲ့ရာသီရောက်ရင် ကျွန်မတို့အိမ်မှာ နာနတ်သီးသုပ်၊ နာနတ်သီးဝက်သား၊ နာနတ်သီးနဲ့ငါးစသဖြင့် မကြာခဏချက်စားလေ့ရှိပါတယ်။ နာနတ်သီးသုပ်ဟာ အနံ့အရသာနဲ့ပြည့်စုံတဲ့ အရံဟင်းတစ်ခွက် ဖြစ်တဲ့အတွက် ထမင်းမြိန်စေပါတယ်။

ပါဝင်ပစ္စည်း


● နာနတ်သီး – ၁စိတ်
● ကြက်သွန်နီ – ၂ဥ ငရုတ်သီးစိမ်း – ၆တောင့် (အစပ်ကြိုက်က ပိုထည့်ပါ)
● မြိတ်ငါးပိဖုတ် – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
● ပုစွန်ခြောက်မှုန့် – ၂ ဇွန်း (ဟင်းစားဇွန်း)
● ဟင်းခတ်မှုန့် – အနည်းငယ်
● သံပုရာသီး – ၁ ခြမ်း(လိုအပ်ပါက)

နာနတ်သီးသုပ်တဲ့အခါ နာနတ်သီးကို အနည်းငယ်ချဉ်တာ သုံးရင် ပိုကောင်းပါတယ်။ အချိုသီးဆိုရင်လည်း ရပါတယ်။ အချိုသီးသုံးမယ်ဆိုရင်တော့ သံပရာရည် အနည်းငယ် ညှစ်ပေးရပါမယ်။

ပထမဦးဆုံး နာနတ်သီးကို လက်မဝက် အရွယ်အစား တုံးထားပါ။ငရုတ်သီးစိမ်းကို ခပ်ကြမ်းကြမ်း ထောင်းထားပါ။
ကြက်သွန်နီ ၂လုံးကို ပါးပါးလှီးထားပါ။
ပါဝင်ပစ္စည်းများ အဆင်သင့် ဖြစ်ပါက သုပ်မည့်ဇလုံထဲသို့ ကြက်သွန်နီ၊ငပိဖုတ်၊ ပုစွန်ခြောက်မှုန့်၊ ဟင်းခတ်မှုန့်နှင့် ငရုပ်သီးစိမ်း ထောင်းထားသည်များထည့်ကာ သမအောင်နယ်ပါ။ နောက်ဆုံးတွင်မှ နာနတ်သီးစိတ်များထည့်ကာ နယ်ပါ။ အချဉ်လိုပါက သံပရာရည် ညှစ်ပါ။ နာနတ်သီးသုပ်က ချဉ်ချဉ်စပ်စပ် လေးမှ ပိုစားကောင်းပါတယ်။ အစပ်ကို ကိုယ်စားနိုင်သလောက်ထည့်ပါ။