Tummour Myanmar

13

Tummour Myanmar

ချဉ်ချဉ်စပ်စပ်ခရေဇီတွေအတွက်ဆိုင်လေးတစ်ဆိုင်

ချဉ်စပ်အရသာကောင်းကောင်းအစားအသောက်စုံလင်တဲ့ ဆိုင်တစ်ဆိုင်အကြောင်း ပြောပြချင်ပါတယ်။ ဆိုင်က Tummour Myanmar လို့ခေါ်ပြီး ကွေ့သယိုနဲ့ အခြားအစားအသောက်အတော်လေးစုံလင်တဲ့ ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်။

ဒီတစ်ပတ် ၆ မိုင်ခွဲ Market Place ကိုရောက်ဖြစ်ရင်းစားခဲ့တဲ့ဟင်းပွဲတွေအကြောင်း ပြန်လည်မျှဝေပေးချင်ပါတယ်။ ကြက်စတူးထမင်းကစပြောရရင် အချိုအရသာရှိပြီး အသားနူးပြီး စားလို့အဆင်ပြေပါတယ်။ ကွေ့သယိုဝက်သား အသုတ်လည်း စားကောင်းတယ်လို့ဆိုရမှာဖြစ်ပြီး admin ကအစပ်သိပ်မစားချင်တာကြောင့် အစပ်လျှော့ခိုင်းပြီးစားဖြစ်ခဲ့တယ်။ သင်္ဘောသီးထောင်းကလည်း အပြင်အဆင်ပုံစံလှလှလေးနဲ့ စားချင်စဖွယ်လေးပါ။

တာမွားမှာ ထူးထူးဆန်းဆန်းရတဲ့ အစားအစာတွေ တော်တော်စုံလင်ပါတယ်။ ပုစွန်အကောင်အကြီးတွေပါတဲ့ မာမီးပုဇွန်ချဉ်စပ်ပြုတ်၊ ချဉ်ချဉ်ချိုချို အရသာလေးနဲ့ လိုဂန်သီးဖျော်ရည်၊ အမဲသားသံပြားပူ၊ ပင်လယ်စာသင်္ဘောသီးသုပ် စတဲ့ မိန်းကလေးအများစုကြိုက်တဲ့ ချဉ်စပ်ဟင်းလျာတွေနဲ့ တခြားထိုင်းအစားအသောက် အစုံအလင်ရပါတယ်။

တာမွားကွေ့သယိုဆိုင်က ၆ မိုင်ခွဲ Marketplace ဆိုင်အပါအဝင် City Mall ၊ Junction Square ဆိုင်ခွဲပေါင်း ၃ ဆိုင်ရှိတဲ့ လူကြိုက်မျာျးတဲ့စားသောက်ဆိုင်တစ်ခုလည်း ဖြစ်ပါတယ်။

Shop Info

Location

Corner of Min Ye Kyawswa Road and Pyay Road ·

TEL/Email

Phone : 09 797 979606

Email : contacts@company.com

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00