Food making

25498035_1832807440350226_1759979229617073409_n

Food making

သီးစုံ ပဲကုလားဟင်း

● ကြက်သွန်ဖြူ,နီ,ငရုတ်သီးအစိမ်းမှုန့်ဆီသတ်ပါ။

● ဂျင်းထောင်း,ပျဉ်းတော်သိမ်း,မဆလာ,ဇီယာ ထည့်၍
အနံ့မွှေးပီး ရွလာသည်အထိဆီသတ်ပီးရင်

● အာလူး,ဘူးသီး,ပဲသီး,ဒန့်ဒလွန်သီး,ရွှေဖရုံသီး,ဥနီထည့်ပါ။

● ပဲပြုတ်စေ့နဲ့ ပဲပြုတ်ရည်ထည့်
ရေနွေးထည့်ပီး မိနစ် ၂၀ ခန့် အဖုံးအုပ်ထားပါ။

● ခရမ်းသီး,ပန်းဂေါ်ဖီထည့်ပါ။(ရေလိုရင်ရေနွေးထည့်ပေးပါ)
( ၁၀ မိနစ်နစ်ကြာရင် )

● ရုံးပတီသီး, ငရုတ်သီးစိမ်းခွဲခြမ်းထည့်မွှေပီး အရသာမြည်းပါ။

● မကျည်းရည်,ဆား,ဟင်းခပ်မှုန့်ထည့်ပီး
၅ မိနစ်ခန့်ကြာရင်တော့ အိုးချလို့ရပါပီ။

ဟင်းရည် အပျစ်အကျဲ,အသီးအနှံ နူးတဲ့အနေအထားနဲ့
အရသာကတော့ မိမိ နှစ်သက်သလို ထည့်ပါ။

အာလူး,ဘူးသီး,ပဲသီး,ဒန့်ဒလွန်သီး,ရွှေဖရုံသီး,ဥနီ
ခရမ်းသီး,ပန်းဂေါ်ဖီ
ရုံးပတီသီး
အသီးအနှံ ၉ မျိုးကထွက်တဲ့အချိုဓါတ်တွေနဲ့
ဟင်းခပ်မှုန့်တောင် သိပ်မလိုပါဘူး။
ဒါကြောင့် နောက်ဆုံး အရသာမြည်းပီးမှ
အရသာလိုတာလေး ဖြည့်စွက်ထည့်ပေးပါ။

မကျည်းရည်လည်း နောက်ဆုံးမှပဲထည့်ပါ။
ခပ်စောစောထည့်လိုက်ရင် အသီးအနှံတွေ
တော်တော်နဲ့မနူးတော့လို့ပါ။

ပဲခူးဒေါ်ထွေးရီ