Lor mee

loh-mee-laksa

Lor mee

ကော်ရည်ခေါက်ဆွဲ

ကော်ရည်ခေါက်ဆွဲက ထိုင်ဝမ်နိုင်ငံနဲ့ တရုတ်ပြည်မှာ လူကြိုက်များတဲ့အစားအစာဖြစ်ပြီးတော့ အိမ်နီးချင်း ဒေသနိုင်ငံတချို့မှာလည်း ပုံစံအမျိုးမျိုးနဲ့ လုပ်စားလေ့ရှိကြတယ်။ တချို့နေရာတွေမှာတော့ ခေါက်ဆွဲမပါတော့ပဲ အရည်သောက်ဟင်းရည်အဖြစ်နဲ့ စားသုံးကြတယ်။ ဝက်သား၊ ကြက်သားတို့သာမကပဲ တချို့နေရာတွေမှာတော့ ပြည်ကြီးငါး၊ ပုစွန်တို့ကိုပါထည့်သွင်းစားသုံးကြတယ်။ ဒီတစ်ခေါက်တော့ မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့နည်း၊ လွယ်ကူတဲ့ပုံစံနဲ့ ကော်ရည်ခေါက်ဆွဲ ပြုလုပ်နည်းကို ဖော်ပြပေးသွားပါမယ်။

ပါဝင်ပစ္စည်းများ

ကြက်သား – မိမိနှစ်သက်ရာ ပမာဏ
ကော်ရည် – စားပွဲတင်ဇွန်း ၂ စွန်း
ကြက်သားမှုန့် – အနေတော်
ကြက်သွန်နီ – ၁ လုံး (သို့) ၂ လုံး
မုန်လာဥနီ – အနေတော် ၁ လုံး
ပဲငံပြာရည် – အနည်းငယ်
မှို – အနေတော်
ဆီ – အနည်းငယ်

ကြက်သားကို အရသာမှုန့် အပေါ့အငံ ညီမျှအောင်ပြုလုပ်၍ ပြုတ်ပေးရပါမယ်။ အပြုတ်ရည်ဆူပါက အသားကိုဆယ်ထုတ်၍ ကြက်သွန်နီ မုန်လာဥတို့ကို စားကောင်းသည့်ပမာဏဖြစ်အောင် လှီးဖြတ်၍ ဆီနည်းနည်းနဲ့ကြော်ပေးပါ။ မှိုကိုလည်း တခါထဲရောထည့်ကာ ကြော်နိုင်ပါတယ်။ အနေတော်ဖြစ်ပြီဆိုရင် ကြက်ပြုတ်ရည်ထည့်ပါ။ ထို့နောက် ကြက်သားမှုန့် ကြက်သားတို့ကို ပဲငံပြာရည်အနည်းငယ်ထည့်ပြီး ပွက်ပွက်ဆူသည်အထိ ပြုတ်ပါ။ နောက်ဆုံးမှ ကော်ရည်ကို နှစ်သက်ရာပမာဏ ထည့်ပေးပါ။ ကော်ရည်ကို ငါးပိသုပ်နဲ့ အခြားနှစ်သက်ရာ အတို့အမြုပ်နဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်။

ကော်ရည်ခေါက်ဆွဲကို ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်နည်းတွေရှိပါသေးတယ်။ အခြားဒေသက ကော်ရည်ခေါက်ဆွဲတွေအကြောင်းနဲ့ပြုလုပ်နည်းတွေကိုလည်း ထပ်မံဖော်ပြပေးသွားမှာပါ။