How important is it to wash fruits and vegetables

5eb6314dca1b3

How important is it to wash fruits and vegetables

ဟင်းသီးဟင်းရွက်တွေမှာလည်း မမြင်နိုင်တဲ့ အန္တရာယ်တွေရှိနေပါတယ်

အခုနောက်ပိုင်း အသားငါးတွေထက် ဟင်းသီးဟင်းရွက်တွေက ကျန်းမာရေးအတွက်ပိုမိုသင့်တော်တယ်လို့ ယူဆပြီး ပိုမိုစားသုံးလာကြတာကိုတွေ့ရပါတယ်။ မှန်ပါတယ် ဟင်းသီးဟင်းရွက်က ကျန်းမာရေးအတွက် လွန်စွာမှအထောက်အကူပြုနိုင်ပါတယ်။ ဒါပေမယ့် လတ်ဆတ်မှု သန့်ရှင်းမှုကတော့ မဖြစ်မနေလိုအပ်ပါတယ်။ သဘာဝအတိုင်းစိုက်ပျိုးထားတဲ့ဟင်းသီးဟင်းရွက်တွေကို ကိုယ်တိုင်ခူးဆွတ်စားတာကလွဲရင်တော့
ဟင်းသီးဟင်းရွက်တွေမှာလည်း မမြင်နိုင်တဲ့ အန္တရာယ်အချို့ရှိနေနိုင်ပါတယ်။

ဈေးကဝယ်လာတဲ့ ဟင်းသီးဟင်းရွက်တွေကို သေသေချာချာ စနစ်တကျဆေးကြောဖို့ကအရေးအကြီးဆုံးအချက်ပါ။ ပိုးသတ်ဆေးဆိုတာက ရောင်းတမ်းတင်မယ့် အသီးအနှံတွေအတွက်မဖြစ်မနေသုံးစွဲရတဲ့အရာပါ။ ရပ်ကွက်ဈေးကပဲဝယ်ဝယ်၊ ဈေးဝယ်စင်တာကပဲဝယ်ဝယ် အသီးအနှံတိုင်းမှာ အန္တရာယ်ရှိတဲ့ ပိုးမွားနဲ့ ဓာတုဆေးတွေပါနေနိုင်တာကို မဖြစ်မနေသတိကပ်ထားရပါမယ်။

စိုက်ပျိုးထုတ်လုပ်သူတွေဘက်ကလည်း ဈေးကွက်ရဲ့လိုအပ်ချက်အရ အသီးအနှံတွေကို ပိုးမွှားရန်ကာကွယ်ဖို့ ပိုးသတ်ဆေးသုံးရတယ်။ ပိုမိုထွားကြိုင်းစေဖို့ ဓာတုပစ္စည်းသုံးစွဲရတယ်။ ဒီလိုအေုခအနေမှာ သဘာဝအတိုင်းစိုက်ထားတဲ့ အော်ဂဲနစ်အသီးအရွက်တွေရဲ့ဈေးနဲ့ ဈေးကွက်အနေအထားကလည်း လူတွေဆီကို ကျယ်ကျယ်ပြန့်ပြန့်မရောက်နိုင်သေးပါဘူး။

အကောင်းဆုံးကာကွယ်နည်းကတော့ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေစားသုံးတော့မယ်ဆိုရင် စနစ်တကျရေဆေးပြီးဝင်ရောက်လာမယ့် အန္တရာယ်ကို ကြိုတင်ကာကွယ်ရပါမယ်။ ရေကိုသာသုံးသင့်ပြီး ဆပ်ပြာနဲ့အခြားဆေးကြောသန့်စင်တဲ့အရည်တွေကို လုံးဝမသုံးသင့်ပါဘူး။ မလတ်တော့တဲ့အစိတ်အပိုင်းတွေနဲ့ ပုတ်နေတဲ့နေရာတွေကို ဖယ်ထုတ်ခြင်းစတဲ့နည်းတွေနဲ့အသီးအနှံတွေကို အန္တရာယ်ကင်းကင်း စားသုံးနိုင်ပါတယ်။