Facebook post ideas for restaurant

5eb9031ad2336

Facebook post ideas for restaurant

COVID-19 ကာလအတွင်း စားသောက်ဆိုင်များအတွက် Facebook post ideas

အခုအချိန်က စားသောက်ဆိုင်တွေ အရင်လိုပြန်ဖွင့်ဖို့ အခြေနေမရှိသေးတော့အွန်လိုင်းမှာ ဈေးကွက်တစ်ခုတည်ဆောက်ထားနိုင်ဖို့လိုပါတယ်။ စားသုံးသူအများစုကအခုအချိန်မှာ အွန်လိုင်းကနေတဆင့် စားချင်တာတွေကို မှာစားနေကြရတဲ့အချိန်အခါမျိုးပါ။အထူးသဖြင့်လူသုံးများတဲ့ Facebook လို နေရာမျိုးမှာ ကိုယ့်စားသောက်ဆိုင်ကဖောက်သည်တွေနဲ့အဆက်အသွယ်မပြတ်သွားအောင် ထိတွေ့မှုရှိနေဖို့လိုအပ်ပါတယ်။ သင့်စားသောက်ဆိုင်ရဲ့ Facebook page မှာဘယ်လိုအကြောင်းအရာမျိုးတွေတင်ပြီး စားသုံးသူတွေနဲ့ မျက်ခြေမပြတ်သွားအောင် ပြုလုပ်သင့်လဲဆိုတဲ့အကြောင်းအရာအချို့ကို ပြန်လည်မျှဝေပေးပါမယ်။

TIME YOUR POSTS

ဒါကမဖြစ်မနေ အရေးအကြီးဆုံးထည့်သွင်းစဉ်းစားရမယ့်အချက်တစ်ခုပါ။ ကိုယ့် post တစ်ခုကဘယ်လောက်ပဲစိတ်ဝင်စားစရာကောင်းကောင်း တင်တဲ့အချိန်ပေါ်မူတည်ပြီးတော့လည်း performance ကွာသွားနိုင်တာကို သတိပြုရပါမယ်။ အလုပ်ဖွင့်ရက်တွေမှာ လူအများစု ရုံးခန်းထဲမှာအလုပ်ရှုပ်နေတဲ့အချိန်မှာ သင့် Post ကိုမတင်သင့်ပါဘူး။ ဒါပေမယ့် နေ့လည်ခင်းအနားယူတဲ့အချိန်မျိုး ဒါမှမဟုတ် နေ့လည်စာစားမယ့်အချိန်လောက်ကို ခန့်မှန်းပြီးတင်တာမျိုးက ပိုဖြစ်သင့်ပါတယ်။ လူအများစုစိတ် relax ဖြစ်နေတဲါအချိန်အခါမျိုးမှာ တင်တာကလည်း ပိုမိုထိရောက်စေပါတယ်။

SHARE REVIEWS

အွန်လိုင်းမှာ ကိုယ့်စားသောက်ဆိုင်အကြောင်းကို စားသုံးသူတွေဘယ်လိုမှတ်ချက်ပေးထားကြသလဲ၊ သူတို့ဘာတွေပြောနေကြလဲဆိုတဲ့ အကြောင်းအရာတွေကို ပြန်လည်မျှဝေသင့်ပါတယ်။ Customer အသစ်တွေကသင့်ဆိုင်က အစားအသောက်တွေမမှာယူခင်မှာ စားသုံးသူတွေရဲ့ reviews ကို ဝင်ဖတ်လေ့ရှိကြပါတယ်။ အကြောင်းက စားသုံးသူအချင်းချင်း ပြန်လည်မျှဝေတဲ့ message မျိုးကို အများစုက ပိုမိုယုံကြည်ကြလို့ပါပဲ။

POST ACCORDING TO THE WEATHER

ရာသီဥတုနဲ့ကိုက်ညီမယ့် အစားအသောက်တွေအကြောင်းကို ဦးစားပေးပြီးတင်ပါ။ အခုလိုရာသီဥတုပူအိုက်နေတဲ့အချိန်မှာ သင့်ဆိုင်မှာရတဲ့ Juices တွေအကြောင်းကို တင်တာက စားသုံးသူတွေအတွက် စိတ်ဝင်စားစရာပိုကောင်းပါတယ်။ ကိုယ့်ဆိုင်က အကောင်းဆုံးဖျော်ရည်တွေအကြောင်းကို လိုရင်းတိုရှင်းနဲ့ ရေးသားပြီး Post တင်နိုင်ပါတယ်။

POST VIDEOS

Facebook မှာရှိတဲ့ Videos လေးတွေရဲ့ ထိရောက်မှုကို အထင်မသေးပါနဲ့။ တစ်ရက်ကိုကြည့်ရှုမှုနှုန်း 100 million hours ရှိတယ်ဆိုတာ အတော်လေးများတဲ့ပမာဏတစ်ခုပါ။ ကိုယ့်ဆိုင်မှာရောင်းချတဲ့ အစားအသောက်ပြုလုပ်နည်း Video မျိုး၊ စားသုံးသူတွေအတွက် ဆိုင်က ဘယ်လိုမျိုးစနစ်တကျနဲ့ ချက်ပြုတ်နေတယ်ဆိုတဲ့ Video မျိုးက customers တွေသိချင်တဲ့အရာပါ။
Be creative and have fun with it!

RESTAURANT PROMOTIONS

နည်းလမ်းတွေအများကြီးရှိတဲ့အထဲကမှ အခြေနေ၊ အချိန်အခါနဲ့ကိုက်ညီမယ့်အရာမျိုးကို ပြုလုပ်နိုင်ပါတယ်။ လူကြိုက်များတဲ့ Buy one Get one free လိုအရာမျိုးက အခုအချိန်မှာ စားသုံးသူတွေသဘောကျလေ့ရှိတဲ့အရာပါ။ ဒါမှမဟုတ်လည်း likes and share ပြုလုပ်ပြီး အမှတ်တရလက်ဆောင် (သို့မဟုတ်) အစားအသောက်တစ်ခုခုကို ဆုပေးအပ်တာမျိုးကိုလည်း အများစုနှစ်သက်ပါတယ်။


ဒီအချက်တွေကတော့ အခြေခံအချက်အချို့သာဖြစ်ပါတယ်။ တခြားစိတ်ကူးကောင်းတဲ့ Facebook ideas မျိုးတွေလည်းရှိနိုင်ပါသေးတယ်။ သင်သိတဲ့ ideas ကောင်းတွေရှိရင်လည်း comment မှာ ပြန်လည်မျှဝေပေးခဲ့ပါဦး။ COVID-19 ကာလကို ကျန်းကျန်းမာမာနဲ့ အားလုံးအတူတကွ ကျော်ဖြတ်နိုင်ကြပါစေ။