ရာသီစာအင်ဥ

IMG-7f7c57e0bbc08c7227a6c29ed2df5316-V

ရာသီစာအင်ဥ

ရာသီစာအင္ဥ

အင်ဥဆိုတာခုလိုရာသီမှာပေါ်တဲ့ လူအများစားသုံးကြတဲ့ရာသီစာတစ်ခုပါ။ မြေပေါ်ကြွေကျနေတဲ့ အင်ရွက်တွေ မိုးရေနဲ့ထိတဲ့အခါမှာပေါက်လာတတ်တဲ့မှိုအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ကျန်တဲ့ ဥတွေလိုမျိုးဖြစ်လာတာမျိုးတော့ မဟုတ်ပါဘူး။

အင်ဥမှာ ကျန်းမာရေးကိုအထောက်ကူပြုပေးနိုင်တဲ့ ဓာတ်တွေပါတယ်လို့လည်းဆိုပါတယ်။ ပရိုတင်းဓာတ်ကြွယ်ဝတာ၊ အမျှင်ဓာတ်ကြွယ်ဝတာတွေအပြင် သံဓာတ်ပါပါလို့ သွေးအားနည်းတာတွေကိုသက်သာစေနိုင်တယ်လို့ဆိုပါတယ်။

အင်ဥကို ငရုတ်သီးလေးနဲ့ကြော်စားကြသလို တချို့က သုပ်စားကြတာမျိုးလည်းရှိပါတယ်။ ဆီ၊ ကြက်သွန်ဖြူ/နီ၊ နနွင်းနည်းနည်းထည့်ပြီး ဆီသတ်ကာ ဟင်းချက်စားကြတာမျိုးလည်းရှိပါတယ်။ ရင့်တဲ့အင်ဥတွေက အထဲမှာ အမဲရောင်လေးဖြစ်ပြီးတော့ ဖြူဖြူလေးတွေဆိုရင်တော့ လတ်ဆတ်တယ်လို့သတ်မှတ်နိုင်ပါတယ်။ တချို့က အင်ဥကို ဝက်သားနဲ့ ရောပြီးလည်း ချက်စားကြပါတယ်။

ဒီပိတ်ရက်မှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အင်ဥကိုအိမ်မှာကိုယ်တိုင်ချက်စားကြည့်ပါဦး။