The health benefits of eggs

Group of brown raw eggs, one is broken, isolated white

The health benefits of eggs

The health benefits of eggs

ကြွက်သားတက်ဖို့ ကြက်ဥစားတော့မယ်ဆိုရင်

ခန္ဓာကိုယ်ကြီးထွားဖို့၊ သန်မာဖို့အတွက် ဥအမျိုးမျိုးကို စားသုံးကြလေ့ရှိပါတယ်။ ဒီထဲမှာမှ အထူးသဖြင့်ကြက်ဥကို ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်တဲ့အစားအစာအဖြစ် လူအတော်များများကလက်ခံထားကြပါတယ်။ ကြွက်သားတက်ဖို့လေ့ကျင့်နေတဲ့သူတွေလည်း ကြက်ဥကို အဓိကအစာအဖြစ်စားသုံးလေ့ရှိကြပါတယ်။ ကြက်ဥမှာဘယ်လို အာဟာရတွေပါတယ်၊ ဘယ်လိုစားသုံးနည်းက ပိုထိရောက်မလဲဆိုတာကိုလေ့လာကြည့်ရအောင်

 

Group of brown raw eggs, one is broken, isolated white

– လတ်ဆတ်တဲ့ကြက်ဥတစ်လုံးမှာ ပရိုတင်းဓာတ်၊ ကျန်းမာစေတဲ့အဆီဓာတ်တွေပါဝင်ပါတယ်။
– ကိုလက်စထရောနဲ့ ကယ်လိုရီအနည်းငယ်ပါဝင်တဲ့အတွက် အဆမတန်စားသုံးဖို့မသင့်ပါဘူး။ များများစားလို့လည်း
ပိုထိရောက်မယ်လို့ မဆိုနိုင်ပါဘူး။
– ပုံမှန်အာဟာရကိုရချင်တဲ့သူတွေအတွက် အကာရောအနှစ်ပါ ကြက်ဥတစ်လုံးလုံးကို အပြည့်အဝစားသင့်ပါတယ်။
– အားကစားသမားတွေနဲ့ ကြွက်သားတက်ဖို့လေ့ကျင့်နေတဲ့သူတွေက ကြက်ဥအကာကို ပိုစားသင့်ပါတယ်။
– အခွံအက်ကွဲတာ ဒါမှမဟုတ် ညစ်ပတ်နေတဲ့ကြက်ဥမျိုးကိုတော့ မစားသုံးသင့်ပါဘူး။
– ကြက်ဥကို သိမ်းဆည်းတဲ့အခါမှာလည်း လတ်ဆတ်မှုရှိအောင် စနစ်တကျသိမ်းဆည်းသင့်ပါတယ်

ကြက်ဥကို အစိမ်းစားတာဖြစ်စေ၊ ကြော်စားတာဖြစ်စေ မိမိနှစ်သက်သလို စားသုံးနိုင်ပါတယ်။ ဒါပေမယ့်အစိမ်းစားတဲအခါမှာ ကြက်ဥထဲမှာ ဘတ်တီးရီးယားကောင်လေးတွေပါဝင်တတ်တဲ့အတွက် သတိထားပြီးစားသုံးဖို့တော့လိုအပ်ပါတယ်။ ချက်စားတဲ့အခါမှာလည်း ကိုယ်ချက်ပြုတ်တဲ့ အပူချိန်ပေါ်မူတည်ပြီး ကြက်ဥထဲကဗီတာမင်နဲ့ အာဟာရတွေ လျော့နည်းသွားတာမျိုးလည်းဖြစ်တတ်ပါတယ်။