t3

How to Avoid Getting Sick While Traveling

ခရီးသွားတဲ့အခါ ဘယ်လိုအစားအသောက်မျိုးကို ရှောင်သင့်သလဲ

ခရီးတစ်ခုသွားလာပြီဆိုရင် သရေစာပဲဖြစ်ဖြစ် အခြားမစားဘူးတဲ့အစားအသောက်ဖြစ်ဖြစ်တစ်ခုခုတော့ စားမိကြမှာပါ။ အစားမတော် တစ်လုတ်ဆိုတဲ့စကားအတိုင်းအစားအသောက်ကြောင့်လမ်းခရီးမှာ ဒုက္ခရောက်ဘူးတဲ့သူတွေလည်းရှိမှာပါ။ ဒါကြောင့် ခရီးသွားတဲ့အခါ ဘယ်လိုအစားအသောက်မျိုးကို ရှောင်သင့်သလဲဆိုတဲ့အကြောင်းအရာတစ်ခုကို ပြန်လည်မျှဝေပေးချင်ပါတယ်။

အသားကင်၊ အကင်

အလွယ်တကူရောင်းချနေတဲ့ လမ်းဘေးက အသားကင်နဲပ အကင်တွေပါ။ ဒီလိုအသားကင်တွေမှာရောဂါပိုးတွေ ရှိနေတတ်ပြီး သန့်ရှင်းမှုအားနည်းတာကြောင့် ခရီးသွားတဲ့အခါမျိုးမှာ မစားသင့်ပါဘူး။အချို့အကင်တွေက အစာအိမ်ကို ပြသနာဖြစ်စေနိုင်ပြီး လမ်းခရီးမှာ ဝမ်းနဲ့ပတ်သက်တဲ့ပြသနာတွေဖြစ်နိုင်ပါတယ်။

သောက်သုံးရေ

အခုအချိန်မှာ ရေသန့်ဘူးတွေက နေရာတိုင်းမှာဝယ်လို့ရနေပါပြီ။ ဒါပေမယ့် ရေသန့်ဘူးရဲ့အနေအထားနဲ့ အခြေနေကိုတော့ သတိပြုသောက်သုံးသင့်ပါတယ်။ ရေပြောင်း မြေပြောင်းပြီးနေရာဒေသကွဲပြားတာကြောင့် ခရီးသွားတဲ့အခါမှာ ရေကိုလည်း မဖြစ်မနေ သတိပြုသောက်သုံးသင့်ပါတယ်။

ပင်လယ်စာ

ပင်လယ်ဘက်ကိုခရီးသွားမယ်ဆိုရင်တော့ ပင်လယ်ရောက်မှ ပင်လယ်စာကို ချင့်ချိန်စားသင့်ပါတယ်။လမ်းခရီးမှာ ပင်လယ်စာတွေကို အားရပါးရမစားမိအောင် သတိပြုသင့်ပါတယ်။ ပင်လယ်စာရဲ့သဘောကအူကို ဒုက္ခပေးတတ်ပါတယ်။ အသားစိမ်းပဲဖြစ်ဖြစ်၊ ရှောက်သီး ဒါမှမဟုတ် ဗင်နီဂါစတဲ့ အချဉ်ဓာတ်ကဲထားတဲ့အရာတွေနဲ့ ချက်ထားတဲ့ အသားတွေကိုမစားသင့်ပါဘူး။ ပုစွန်အစိမ်းသုပ်၊ ဂုံးအစိမ်းသုပ်တို့လိုပင်လယ်စာတွေကိုလည်းရှောင်ရှားသင့်ပါတယ်။

ဘီယာ

ခရီးသွားတဲ့အခါမှာ မဖြစ်မနေမှာချင်တာက ကိုယ်ပိုင်ကားနဲ့သွားတာ၊ လေယာဉ်နဲ့သွားတာ၊ သန့်စင်ခန်းပါတဲ့ယာဉ်နဲ့သွားတာကလွဲရင် ဘီယာမသောက်သင့်ပါဘူး။ ဘီယာဆိုတာက အပေါ့ခဏခဏသွားစေတတ်ပြီး ကားအဲကွန်းအအေးနဲ့ ဘီယာအစွမ်းပေါင်းစပ်လိုက်ရင် ကားပေါ်မှာ အခက်တွေ့စေနိုင်ပါတယ်။

မိတ်ဆွေတို့ရော ခရီးသွားတဲ့အခါ အစားအသောက်မဆင်ခြင်မိလို့စိတ်ညစ်ခဲ့ရတဲ့ အမှတ်တရမျိုးရှိခဲ့ဘူးလား

Author: Saw Wunna

Recommended Posts