A young woman is at home and she is using a laptop and working remotely

Best food for regular Computer users

ကွန်ပျူတာအကြည့်များတဲ့သူတွေ ဘာစားသင့်လဲ

အခုခေတ်မှာ ဘယ်အလုပ်မဆို ကွန်ပျူတာမပါတဲ့အလုပ် ဖုန်းမပါတဲ့အလုပ်ကတော်တော်လေးရှားပါတယ်။ ကွန်ပျူတာတွေ ဖုန်းတွေအကြည့်များတဲ့သူတွေက ရေရှည်မှာ မျက်စိအမြင်အာရုံကို ထိခိုက်နိုင်တာတွေလည်းရှိပါတယ်။ ကွန်ပျူတာကထွက်တဲ့အလင်းရောင်က အချိန်ကြာလာတာနဲ့အမျှ မျက်စိကိုထိခိုက်နိုင်ပါတယ်။ ဒီတော့ ဒီပြသနာကို ဆေးကုပြီးဖြေရှင်းတာရှိသလို အစားအသောက်နဲ့လည်း တတ်နိုင်သမျှ ကာကွယ်နိုင်ပါတယ်။

Remote working from home. Freelancer workplace in kitchen with laptop, cup of coffee, spectacles. Concept of distance learning, isolation, female business, shopping online. Close up of woman hands.

ကွန်ပျူတာအကြည့်များတဲ့သူတွေ အရင်ဆုံးစားသင့်တာက ဗီတာမင်စီပါတဲ့ အသီးအနှံတွေပါ။ ဗီတာမင်စီဓာတ်ကြွယ်ဝတဲ့အသီးအနှံဖြစ်တဲ့ လိမ္မော်သီးဖျော်ရည်၊ ပဲတီပင်ပေါက်တွေကို များများစားသင့်ပါတယ်။ နောက်ထပ်ဗီတာမင်အနေနဲ့ ကိုက်လန်၊ ဟင်းနုနွယ်ရွက်တို့လို အသီးအရွက်တွေကိုလည်း စားရပါမယ်။

နောက်ထပ်အရေးအကြီးဆုံးစားပေးသင့်တာတွေကတော့ မုန်လာဥနီ၊ မြင်းခွာရွက်တို့လို လူသိများတဲ့မျက်စိအားကိုအကျိုးပြုစေမယ့် အသီးအနှံတွေကိုလည်း ဦးစားပေးစားရပါမယ်။ မျက်စိအမြင်အာရုံကလူတစ်ယောက်အတွက်အတော်လေးအရေးကြီးတာကြောင့် အထူးသတိထားပြီး ဂရုစိုက်ရပါမယ်။

Author: Saw Wunna

Recommended Posts