5ec29137c6512

How to build a Restaurant Facebook page

စားသောက်ဆိုင် Facebook Page တည်ဆောက်နည်း

သင့်စားသောက်ဆိုင်လုပ်ငန်းကို လူသိများစေဖို့အတွက် အကောင်းဆုံးသောနည်းလမ်းတစ်ခုက Facebook ကိုကောင်းမွန်စွာ အသုံးချတတ်ခြင်းပါ။ အခုအချိန်မှာ စားသောက်ဆိုင်တွေ အကြောင်းအမျိုးမျိုးကြောင့်ပိတ်ထားရပေမယ့် ပြန်ဖွင့်တဲ့အခါမှာ ဘယ်လိုနည်းလမ်းတွေနဲ့ စားသုံးသူတွေထံကို ကိုယ့်ဆိုင်အကြောင်းကိုရောက်အောင်လုပ်မလဲ ၊ ကိုယ့်ဆိုင်အတွက်အဆင့်အတန်းမီတဲ့ Facebook Page တစ်ခုတည်ဆောက်နည်းကို ပြန်လည်မျှဝေပေးပါမယ်။

Click on ‘Create a Page’

Facebook Page တစ်ခု စဖွင့်ဖို့အတွက် ပုံမှာပါတဲ့ Create a Page ဆိုတဲ့နေရာကနေ စတင်ရပါမယ်။ ဖုန်းသို့မဟုတ် ကွန်ပျူတာရဲ့ Facebook စာမျက်နှာမှာ ‘Create a Page’ ဆိုတာကို အလွယ်တကူရှာတွေ့နိုင်ပါတယ်။

Choose ‘Business or Brand’

သင့်လုပ်ငန်းနဲ့ကိုက်ညီမယ့် ‘Business or Brand’ တစ်ခုကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ဒီအဆင့်ထိလည်း အခက်အခဲမရှိ ရိုးရှင်းလွယ်ကူစွာ လုပ်ဆောင်နိုင်ပါတယ်။

Fill in your business name & category

စားသောက်ဆိုင်နာမည်ရွေးချယ်တဲ့နေရာမှာ လူမှတ်မိလွယ်စေတဲ့နာမည်ကို ရွေးချယ်ဖို့လိုပါတယ်။ ဥပမာ သင့်စားသောက်ဆိုင်တည်ရှိတဲ့နေရာကို ဆိုင်နာမည်မှာပါထည့်ပေးနိုင်မယ်ဆိုရင်တော့ နာမည်မြင်တာနဲ့တင် ဒီဆိုင်က ဘယ်နေရာမှာတည်ရှိတယ်ဆိုတာကို လူတွေကအလွယ်တကူသိနိုင်ပါလိမ့်မယ်။

Fill in your restaurant details

သင့်စားသောက်ဆိုင်ရဲ့ အသေးစိတ်အချက်အလက်တွေကို ရိုးရိုးရှင်းရှင်းနဲ့ လွယ်လွယ်ကူကူနားလည်သဘောပေါက်အောင် ရေးပေးရပါမယ်။ မှန်ကန်တိကျပြီး စားသုံးသူတွေသိချင်တဲ့အကြောင်းအရာတွေဖြစ်တဲ့

• Restaurant opening hours
• Menu
• Reviews
• Location for collection
• Delivery areas
• online ordering စတဲ့ အကြောင်းအရာတွေကို ပြည့်စုံစွာ ဖော်ပြပေးဖို့လိုပါတယ်။

Add pictures: profile photo and cover photo

ဆိုင်ရဲ့ page မှာတင်မယ့် ဓာတ်ပုံတွေက အရည်အသွေးကောင်းမွန်ဖို့လိုအပ်ပါတယ်။ Page မှာသုံးထားတဲ့ဓာတ်ပုံတွေရဲ့ အရည်အသွေးကလည်း ဆိုင်ရဲ့အဆင့်အတန်းကိုဖော်ပြပေးနိုင်ပါတယ်။ ဒီအတွက် ဖြစ်သလိုရိုက်ထားတဲ့ပုံမျိုးကို မသုံးသင့်ပဲ သေချာကျကျနန ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကိုသာ အမြဲဖော်ပြသင့်ပါတယ်။

Edit your profile

ဆိုင်ရဲ့အသေးစိတ်အချက်အလက်တွေကို ပြန်လည်ပြင်ဆင်ရမယ့်နေရာဖြစ်ပါတယ်။ သင့်ဆိုင်က ဘာဆိုင်လဲ၊ ဘယ်လိုအစားအသောက်မျိုးတွေကို
ရောင်းချပေးတဲ့ဆိုင်လဲဆိုတဲ့အချက်တွေပါဝင်တဲ့ Short Description ကိုလည်း တိုတိုနဲ့ နားလည်သဘောပေါက်လွယ်အောင်ရေးသားရပါမယ်။ Create a Username for Your Page နေရာမှာ သင့်ဆိုင် Facebook page အတွက် username တစ်ခုကိုဖန်တီးရမှာဖြစ်ပါတယ်။ username ပေးထားခြင်းက page ကို စားသုံးသူတွေ ရှာတဲ့နေရာမှာ အထောက်အကူပြုနိုင်ပါတယ်။

Start building your audience

သင့်စားသောက်ဆိုင်လုပ်ငန်းအကြောင်းကို သင့်သူငယ်ချင်းတွေထံကို မျှဝေပါ။ ကိုယ်နဲ့ရင်းနှီးတဲ့သူငယ်ချင်းတွေကို စစချင်းမှာ invite လုပ်နိုင်ပါတယ်။ တစ်ခါမှလည်းမသိတဲ့ အဆက်အသွယ်လည်းမရှိတဲ့ friend list ထဲကသူကိုကိုယ့် page ကို Like လုပ်ဖို့ invite လုပ်တာမျိုးကိုတော့ အားမပေးချင်ပါဘူး။ လိုအပ်မှအသုံးချတာ၊ သတိရတာမျိုးကသူ့အတွက်ရော ကိုယ့်အတွက်ပါ မကောင်းပါဘူး။ ကိုယ့်ဆိုင်က တကယ်နာမည်ကောင်းရလာတဲ့အခါမှာ လိုလိုလားလားရောက်လာကြမှာပါ။ ဆိုင်တစ်ခု လူသိများခြင်း မများခြင်းရဲ့ အဓိကအကြောင်းရင်းကလည်း အစားအသောက်နဲ့ဝန်ဆောင်မှုကောင်းနေဖို့က အရေးအကြီးဆုံးအချက်ဆိုတာတော့ မေ့မထားသင့်ပါဘူး။

Start Posting Regularly

ကိုယ့်ဆိုင်မှာရတဲ့ အကောင်းဆုံးအစားအသောက်တွေအကြောင်းကို စားသုံးသူတွေကို ပြောပြနိုင်ရပါမယ်။တစ်ခါတရံမှာ ကိုယ်ကစားသုံးသူနေရာကနေပြီး သိချင်တဲ့အကြောင်းအရာတွေကို post ထဲမှာထည့်ရေးရပါမယ်။ Facebook post တွေကို တည်ဆောက်တဲ့နေရာမှာ

• အစားအသောက်ပုံလှလှလေးတွေ
• အထူးအစီအစဉ်/ကံစမ်းမဲ/ခံစားခွင့်တွေ
• မီနူးအသစ်တွေအကြောင်း
• ဆိုင်မှာလာရောက်စားသုံးကြတဲ့ စားသုံးသူတွေနဲ့
• ဝန်ဆောင်မှုပေးနေကြတဲ့ ဝန်ထမ်းတွေအကြောင်း စတဲ့အကြောင်းအရာတွေကို အမြဲမပြတ်တင်ပေးဖို့လိုပါတယ်။

သင့်စားသောက်ဆိုင်လုပ်ငန်းအောင်မြင်ဖို့ မဖြစ်မနေသိထားရမယ့်အရေးအကြီးဆုံးအချက်တွေကတော့

• အစားအသောက်အရသာ
• ဝန်ဆောင်မှု
• စားသုံးသူတွေအပေါ်ထားတဲ့ စေတနာ

စတဲ့အချက် ၃ ချက်က အရေးအကြီးဆုံးအချက်ပါ။ ဆိုင်ကကြော်ငြာကြောင့်သိတဲ့ သတင်းစကားထက်စားသုံးသူအချင်းချင်း ပြန်လည်မျှဝေပေးတဲ့ word-of-mouth ကအလွန်ထိရောက်ပါတယ်။ အောင်မြင်တဲ့စားသောက်ဆိုင်လုပ်ငန်းတစ်ခုဖြစ်ဖို့အတွက်လူသုံးအများဆုံး Social Media တစ်ခုဖြစ်တဲ့ Facebook က အထောက်အကူပြုပေးနိုင်တဲ့ အရာတစ်ခုပါ။ စားသောက်ဆိုင်လုပ်ငန်းနဲ့ပတ်သက်လို့ဆွေးနွေးချင်တာရှိရင် Warmae ကိုလာရောက်ဆွေးနွေး မေးမြန်းနိုင်ပါတယ်။

Author: Saw Wunna

Recommended Posts