Enoki Mushroom Nutrition

shutterstock_385773385

Enoki Mushroom Nutrition

အပ်မှိုစားမယ်ဆို ဒါတွေသိထားဖို့လိုပါမယ်

အရသာကောင်းပြီး အချို့ဆို နှစ်နှစ်ခြိုက်ခြိုက်စားကြတဲ့ အပ်မှိုစားမယ်ဆိုရင် ဒီအကြောင်းလေးတွေ အရင်သိထားသင့်ပါတယ်။ စားသောက်ဆိုင်မှာပဲဖြစ်စေ၊ အိမ်မှာပဲဖြစ်စေ အပ်မှိုကိုစားဘူးကြမှာပါ။ အပ်မှိုမှာဘယ်လို အာဟာရဓာတ်တွေပါဝင်တယ်၊ ဘာအထောက်အကူပြုပေးနိုင်တယ်ဆိုတာကိုလေ့လာကြည့်ရအောင်။

အပ်မှိုမှာ အာဟာရဓာတ်တော်တော်များများပါဝင်ပါတယ်။ လူတစ်ယောက်အတွက် အဓိကလိုအပ်တဲ့အရိုးကို အားဖြစ်စေတဲ့ ကယ်လ်ဆီယမ်ဓာတ်တွေ၊ သွေးတိုးတာနဲ့ အသည်းရောဂါကိုသက်သာစေတဲ့ အထောက်အကူပြုဓာတ်တွေပါဝင်နေပါတယ်။

အမျှင်ဓာတ်ပါဝင်မှုများတဲ့အစားအစာတွေက သွေးတွင်းကိုလက်စထရောကိုကျစေတာကြောင့် ကိုယ်အလေးချိန်ကိုလည်း ကျစေနိုင်ပါတယ်။ အပ်မှိုမှာပါတဲ့ အမျှင်ဓာတ်က ဝမ်းမှန်စေပြီး ဝမ်းချုပ်တဲ့ကျန်းမာရေးပြသနာတွေကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။

အပ်မှိုဟာ လူ့ခန္ဓာကိုယ်အတွက် အကျိုးပြုပေးနိုင်တဲ့ ဓာတ်တွေပါဝင်တာကြောင့် နေ့စဉ်မဟုတ်ရင်တောင်မှမကြာခဏစားသုံးပေးသင့်တဲ့အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။ အစားအသောက်ကရတဲ့ ကျန်းမာရေးဗဟုသုတတွေအကြောင်းကို အားလုံးသိအောင် ပြန်လည်မျှဝေပေးလိုက်ပါဦးနော်။

Cricket Bug fried Insect Snack

frame

Cricket Bug fried Insect Snack

ပုရစ်ကြော်

ဒီတစ်ခေါက်တော့ ထူးထူးခြားခြားလေးဖြစ်သွားအောင် ပုရစ်ဘယ်လိုကြော်ရမလဲဆိုတဲ့အကြောင်းလေးရေးပေးမယ်။ ပုရစ်ကြော်ကို မကြိုက်တဲ့သူ၊ မစားတဲ့သူရှိသလို ကြိုက်ပြီဆိုရင်လည်း ပုရစ်ကြော်ကို ထောင်သောင်းများစွာအကုန်ခံပြီးတော့ကို စားတဲ့သူတွေလည်းရှိပါတယ်။ ဒီတစ်ခေါက်တော့ ဆိုင်မှာရောင်းတဲ့ ပုရစ်ကြော်မဟုတ်ပဲ ကိုယ်တိုင်ကိုယ်ကျ အိမ်မှာပုရစ်ကိုဘယ်လိုကြော်ရမလဲဆိုတာကြည့်လိုက်ရအောင်

ပုရစ်အစိမ်းကို သန့်ရှင်းရေးစလုပ်တာကစရပါမယ်။ ပုရစ်ဖင်အဖျားပိုင်းလေးကို လက်နဲ့ဆွဲဖြုတ်လိုက်တာရင် ပါလာမယ့် အနက်ရောင်အညစ်အကြေးအိတ်လေးကို ဖယ်ထုတ်ပေးရပါမယ်။ ပြီးရင် အတောင်ပံတွေနဲ့ ခြေလက်တွေကအဆူးလေးတွေကို ကတ်ကြေးနဲ့ညှပ်ပြီး ဖယ်ထုတ်ပေးရပါမယ်။

မလိုအပ်တဲ့အပိုင်းတွေကို ဖယ်ပြီးရင်တော့ ပုရစ်ကို ရေအေးအေးလေးနဲ့ ဖွဖွဆေးပေးရပါမယ်။

ပြီးရင် ချင်း၊ ကြက်သွန်ဖြူ၊ ဆားအနည်းငယ်၊ အရသာမှုန့်၊ နနွင်းမှုန့်နဲ့ ပျဉ်းတော်သိမ်ရွက်အချို့ကို ကိုယ်ကြော်မယ့်ပုရစ်ကောင်ရေပေါ်မူတည်ပြီး ပြင်ဆင်ထားရပါမယ်။

ချင်းနဲ့ ကြက်သွန်ဖြူကို ကြိတ် (သို့) ထောင်းပြီး အရည်ညစ်ကာ ဆေးပြီးတဲ့ပုရစ်ကို နနွင်းမှုန့်၊ ဆားအနည်းငယ်၊ အရသာမှုန့်တို့ထည့်နှယ်ပြီးနှပ်ထားပေးရပါမယ်။ အရည်ညှစ်ထုတ်ထားတဲ့ ချင်းနဲ့ကြက်သွန်ဖြူကို ကြော်ဖို့အတွက် ဆက်ထားထားရပါမယ်။ ပုရစ်မှာ မူရင်းအငံဓာတ်ပါတာကြောင့် ဆားကို အနည်းငယ်ပဲထည့်ဖို့လိုပါတယ်။ အငံဓာတ်လွန်သွားရင် ပုရစ်ကြော်က စားလို့မကောင်းတော့ပါဘူး။ အကောင် (၁၀၀) လောက်ဆိုရင် ဆားလဘက်ရည်ဇွန်း ၁ စွန်းလောက်ဆိုရပါတယ်။

နှပ်ထားပြီးရင်တော့ ဆီပူပူအိုးထဲမှာထည့်ကြော်လို့ရပါပြီ။ ပုရစ်ကြော်ပြီးတဲ့နောက် ခုနအရည်ညှစ်ထုတ်ထားတဲ့ ချင်း၊ ကြက်သွန်ဖြူတို့ကို ပျဉ်းတော်သိမ်ရွက်နဲ့ရောကြော်ပြီးပုရစ်ပေါ်ကို ဖြန့်ခင်းကာ စားသုံးနိုင်ပါတယ်။

ပုရစ်ကြော်က နေရာဒေသအလိုက် ကြော်နည်းအမျိုးမျိုးရှိပြီး အရသာအမျိုးမျိုးလည်း ထည့်သွင်းကြော်ချက်လေ့ရှိကြပါတယ်။

Home Style Chicken Curry

Sri-Lankan-Chicken-Curry

Home Style Chicken Curry

Add Your Heading Text Here

ဒီတစ်ပတ် ပိတ်ရက်မတိုင်ခင်မှာ ကြက်သားချက်နည်း ၃ မျိုးအကြောင်းကို ပြန်လည်မျှဝေပေးပါမယ်။ ကိုယ်တိုင်အိမ်မှာချက်စားပြီး ဘာချက်ရမလဲ ခေါင်းစားနေတဲ့သူတွေအတွက် ဒီဟင်းချက်နည်းလေးတွေက ကူညီပေးနိုင်မှာပါ။

ကြက်သားငရုတ်ရှည်မွေး

ကြက်အသား – ၃၀ ကျပ်သား
ငရုတ်သီးအစပ်ပွရှည်ခြောက် – ၂၀ တောင့်
ချင် – တစ်တက်
ပဲငံပြာရည်အနှောက်  – ၂ စွန်း
ကြက်သွန်မြိတ်  –  ၂ ပင်
ဆား  – အနည်းငယ်
ငရုတ်ကောင်းမှုန့် – အနည်းငယ်
သကြား  –  အနည်းငယ်
ဆီ  – ၁ စွန်းပြုလုပ်ပုံကြက်သားများကို ရေဆေးပြီး ချင်း၊ သကြား၊ ဆား၊ ပဲငံပြာရည်အနှောက်တို့ဖြင့် နှယ်ထားပါ။ ငရုတ်သီးကို ကတ်ကြေးဖြင့်သုံးပိုင်းဖြတ်တောက်ပါ။ ကြက်သွန်မြိတ်ကို အလောတော်ဖြတ်ထားပါ။ ဆီအိုးတည်ပါ။ ငရုတ်သီးများထည့်ပေးပြီး အနီရောင်သန်းလာပြီး အတူးနံ့အနည်းငယ်ရသည်အထိကြော်ပါ။ ပြီးလျှင် ပြန်ဆယ်၍ ကြက်သားများကို ထည့်ကြော်ပါ။ ကြက်သားအနီရောင်သန်းလာပါက ပဲငံပြာရည်အနှောက်ထပ်ထည့်ပေးပါ။ ငရုတ်ကောင်းမှုန့်၊ သကြား၊ ဆားများထည့်ပြီး မွှေပါ။ ထို့နောက် ကြော်ထားသော ငရုတ်သီးများကိုထည့်ပြီး အသာအယာမွှေပေးပါ။ ပြီးလျှင် ကြက်သွန်မြိတ်ထည့်ပြီးသုံးဆောင်နိုင်ပါသည်။

ကြက်ချဉ်စပ်

ကြက်သား – ၂၅ ကျပ်သား
ကြက်သွန်နီ – ၃ ဥ
ကြက်သွန်ဖြူ – တစ်ဥ
ခရီးချဉ်သီး   –  သုံးလုံး
ချင်း    – အနည်းငယ်
ငရုတ်သီးစိမ်း – ၅ တောင့်
ရှောက်သီး – အနည်းငယ်
ကြက်ဥ  – ၂ လုံး
ငံပြာရည် – အနေတော်
ကော်မှုန့် – အနေတော်
ဟင်းခတ်မှုန့်  – အနည်းငယ်
ဆီ  –  တစ်ဆယ်ကျပ်သားခန့်ပြုလုပ်နည်းကြက်သားအတုံးလေးများကို အနေတော်တုံး၍ ကြက်သွန်ဖြူ၊ ချင်း၊ ကြက်ဥ၊ ဟင်းခတ်မှုန့်၊ ကော်မှုန့်တို့ဖြင့်
ရောနှယ်ပါ။ ဆီအိုးတည်ပြီး ကြက်သားကြော်ပါ။ ကြော်ပြီးပါက ဆီစစ်ပေးပါ။ ငရုတ်သီးဆီသတ်ပါ။ ခရမ်းချဉ်သီး၊
ကြက်သွန်နီတို့ကို ပါးပါးလှီးထားပါ။ ထို့နောက်ရောပြီး ဆီသတ်ပါ။ ဆီသတ်ထားသည့်အိုးထဲသို့ ကြက်သားထည့်ပါ။
ရှောက်သီးအရည်အနည်းငယ်ထည့်တည်ပြီး နောက်ဆုံးတွင်မှ ကော်ရည်ထည့်ပေးရပါမည်။

ကြက်ပဲပြား

ကြက်သား – ၂၀ ကျပ်သား
ပဲပြား  – ၃ တုံး
ကိုရီးယားမုန်ညှင်း – ၁၀ ပင်
ဆီ              – ၂ စွန်း
ပဲငံပြာရည်     – အနည်းငယ်
ငရုတ်သီးအနှစ်   – အနည်းငယ်
ဝိုင်         – အနည်းငယ်
ကြက်သွန်ဖြု    – အနည်းငယ်ပြုလုပ်နည်းကြက်သားကို ရေဆေးပြီး အရွယ်တော်အတုံးလေးများတုံးပါ။ ဆား၊ ငရုတ်ကောင်းမှုန့်၊
သကြား၊ ပဲငံပြာရည်တို့ဖြင့် နှယ်ထားပါ။ ကိုရီးယားမုန်ညှင်းကို ရေဆေးပြီး ဇကာဖြင့် စစ်ထားပါ။ကြက်သွန်ဖြူကိုထောင်းထားပါ။ ပဲပြားများကို အနှစ်တိုက်ထားပါ။ ဆီအိုးတည်ပြီး ဆီကျက်လျှင် ကြက်သွန်ဖြူဆီသတ်၍ ကြက်သားများကို ထည့်ကာ နီလာသည်အထိကြော်ပေးပါ။ကြက်သားကျက်ပါက စစ်ထားပြီး ကျန်သည့်ဆီတွင် ငရုတ်သီးအနှစ်ထည့် ပဲငံပြာရည်၊ သကြား၊ ဆားအနည်းငယ်စီထည့်၍ ကြော်ထားသောကြက်သားများထည့်မွှေပါ။ပြင်ဆင်ရန်မှာ ပန်းကန်အောက်တွင် ကိုရီးယားမုန်ညှင်းများ ခင်းလိုက်ပါ။  အပေါ်မှချက်ထားသော ကြက်ပဲပြားများကို ခင်းလိုက်ပါ။ ပိုသော ကိုရီးယားမုန်ညှင်းများကို ဘေးတွင်စီထည့်၍ စားသုံးနိုင်ပါပြီ။

chicken satay

190418-chicken-satay-horizontal-300-1556573740

chicken satay

အိမ်မှာ ကြက်ဆာတေးလုပ်စားကြရအောင်

ဒီတစ်ခေါက်တော့ အရသာလည်းရှိရမယ် လွယ်လည်းလွယ်ကူရမယ် ပေါ့ပေါ့ပါးပါးဖြစ်မယ့် အစားအစာတစ်ခုလုပ်နည်းအကြောင်းစဉ်းစားလိုက်တော့ ကြက်ဆာတေးကိုစိတ်ကူးရမိတယ်။ ကြက်ဆာတေးက ဆိုင်မှာစားရင် အတော်လေးစားကောင်းပြီးတော့ ကိုယ်တိုင်လုပ်တာဆိုတော့ပိုပြီး သန့်သန့်ရှင်းရှင်းစားနိုင်တာပေါ့

ကဲ ကြက်ဆာတေးလုပ်ဖို့အတွက်ကတော့ဒါတွေလိုအပ်ပါမယ်။

အရေခွံမပါသောကြက်ရင်ပုံသား – လေးဆယ်ကျပ်သား
ကြက်သွန်ဖြူအမွှာခပ်ကြီးကြီး – တစ်မွှာ
ကြက်သွန်နီဥအနေတော် – တစ်လုံး
သကြားညို – စားပွဲတင်ဇွန်း ၂ စွန်း
ငံပြာရည် – စားပွဲတင်ဇွန်း ၂ စွန်း
ပဲဆီ၊ ဟင်းသီးဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၃ စွန်း
မြေပဲလှော် – တစ်ဆယ်ကျပ်သား
ထိုင်းငရုတ်ချဉ် – စားပွဲတင်ဇွန်း တစ်ဇွန်းနှင့်တစ်ဝက်
ကြက်သားကင်ပေါ်သုတ်ရန်ဆီ – အနည်းငယ်
အကင်တုတ်ချောင်းတံအသေး – ၂၀ ချောင်း သို့ ၂၅ ချောင်း

ပြုလုပ်နည်း

ကြက်ရင်ပုံသားကို တစ်လက်မအရွယ်မရှိတရှိ အနေတော် အလွှာကလေးတွေရအောင်လှီးထားပါ။ ထို့နောက်အကင်တုတ်ချောင်းတံဖြင့် ကြက်သားအလွှာကို အရှည်လိုက် ထိုးသီပြီး ပန်းကန်ပြားထဲတွင် ထည့်ပါ။ အသားကြိတ်စက်ထဲတွင် ကြက်သွန်ဖြူ၊ နီ၊ သကြားညိုနှင့် ငံပြာရည်တို့ကို ရောပြီး ကြေညှက်သွားတဲ့အထိ သမအောင်မွှေပါ။ အနေတော်အနှစ်ရလာပါက တုတ်ချောင်းထိုးထားသော ကြက်သားများပေါ်သို့ သုတ်လိမ်းပေးပြီး အပေါ်မှ ပလတ်စတစ်အကြည်စအုပ်ကာ သုံးနာရီမှ လေးနာရီထိနှပ်ပေးရပါမယ်။ အသားကြိတ်စက်နှင့် မွှေထားသည့် ဟင်းအနှစ်အနည်းငယ်ကို ဒယ်အိုးအသေးတစ်လုံးဖြင့် မီးအေးအေးပေးပြီး တို့စားဖို့အချဉ်ပြုလုပ်ရပါမယ်။ ထို့နောက် နှပ်ထားပြီးကြက်သားကို ဆီသုပ်ပေးပြီး မီးအရှိန်သိပ်မပြင်းတဲ့ မီးသွေးမီးဖိုပေါ်မှာ အပေါ်အောက်လှန်၍ကင်ပေးရပါမယ်။ အသားကို ရွှေဝါရောင်သမ်းလာသည်အထိ ကင်ပေးရပါမယ်။ ကင်နေစဉ်အချိန်မှာ ကြက်သားကိုဆီလေးသုတ်ပေးရပါမယ်။ အရသာရှိပြီး လုပ်ရတာလွယ်ကူတဲ့ ကြက်ဆာတေးကို ဒီတစ်ပတ်အိမ်မှာ ကိုယ်တိုင်လုပ်စားကြည့်ကြပါဦးနော်။

Kaung Kin Thit

frame

Kaung Kin Thit

မာလာရှမ်းကောနဲ့ ယိုးဒယားစားသောက်ဆိုင်

သူငယ်ချင်းတစ်ယောက်ညွှန်းလို့စားကြည့်ပြီးသဘောကျမိတဲ့ဆိုင်လေးအကြောင်းပြန်မျှဝေပေးချင်ပါတယ် …

ဒီဆိုင်ကတော့ ရန်ကင်းမှာဖွင့်ထားထဲ့
ကောင်းကင်သစ်ဆိုတဲ့ မာလာရှမ်းကောနဲ့ ယိုးဒယားစားသောက်ဆိုင်လေးပါ။

မာလာရှမ်းကော – ၆၀၀၀ ကျပ်

မာလာရှမ်းကောအရသာလေးမဆိုးဘူး။ စားလို့အဆင်ပြေပြီး မိန်းကလေးတွေသဘောကျမယ့် အရသာမျိုးရောက်အောင် ချက်ထားနိုင်တယ်လို့မှတ်ချက်ပြုချင်ပါတယ်။

ငါးကောင်လုံးကြော်နှပ် – ၆၀၀၀ ကျပ်

ငါးအသားလတ်ပြီးစားလို့ကောင်းတယ်။ ဟင်းအနှစ်အရသာတော့ အတော်လေးသဘောကျမိတယ်။ သိပ်အစားမကြီးဘူးဆို ၂ ယောက် ၃ ယောက်လောက်စားလို့ရမယ်ထင်ပါတယ်။

၀က်သားလုံးချိုချဥ် – ၃၀၀၀

၀က်သားလုံးအရသာလေးကိုတော့ သဘောကျမိတယ်။ အစပ်မစားနိုင်တဲ့ကလေးတွေဆိုကြိုက်မယ့်အရသာမျိုးပါ။

ဆိုင်ကလောလောဆယ်မှာတော့ ထိုင်စားမရသေးပါဘူး။ Delivery တော့ရနေပါပြီ။ Food Delivery app အတော်များများကနေလည်း မှာစားလို့ရပါပြီ။

ဖုန်းဆက်ပြီးမှာစားမယ်ဆိုရင်တော့ ဆိုင်ဖုန်း 09269 000 259 ကိုဆက်ပြီး တခြားဟင်းပွဲလေးတွေပါ မှာစားနိုင်ပါတယ်။

ဆိုင်လိပ်စာက – အမှတ် ၃၅၈၊ Rm 4 ၊ ရန်ရှင်းလမ်း၊ ရန်ကင်းမြို့နယ်ပါ။ မြန်မာပလာဇာနဲ့နီးပါတယ်။

ဆိုင်အသစ်အဆန်းလေးတွေကို မြည်းစမ်းစားကြည့်ချင်တဲ့သူတွေအတွက် ဒီဆိုင်လေးက try ကြည့်သင့်ပါတယ်။

Shop Info

Location

No.358.Rm 4, Yanshin St , Yankin, Yangon .

TEL/Email

Phone : 09 269 000 259

Email : contacts@company.com

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Chicken and Rice Salad

Brown-Rice-Salad-with-Grilled-Chicken_exps16302_CX1995537B04_08_1b_RMS-696x696

Chicken and Rice Salad

ကြက်သားထမင်းသုပ်

ကြက်သားထမင်းသုပ်

ကြက်သား (အသား) – တစ်ဆယ်ကျပ်သား
ထမင်း – တစ်လုံးချက်
ကြက်ဥ – တစ်လုံး
မုန်လာဥနီ – တစ်ဥ
မုန်လာဥဖြူ – တစ်ဥ
တရုတ်ပဲငပိ – နှစ်စွန်း
သကြား – အနည်းငယ်
ငရုတ်ကောင်းမှုန့် – အနည်းငယ်
ဆား – အနည်းငယ်
နှမ်းဆီ – နှစ်စွန်း
ကင်ချီ – အနည်းငယ်
နှမ်း – အနည်းငယ်

ပြုလုပ်နည်း

ကြက်သားကို စားကောင်းယုံအနေထားထိ လှီးဖြတ်ထားပါ။ တရုတ်ပဲငပိ၊ သကြား၊ ငရုတ်ကောင်းမှုန့်များဖြင့်နှယ်ပြီး ပေါင်းပေးပါ။ ကြက်ဥကို မကျက်တကျက်အနေထားကြော်ပါ။ မုန်လာဥနီကို ရေဆေးပြီး အမြှောင်းလေးများဖြစ်အောင်ခြစ်၍ ဆားဖြင့်ရေစိမ်ထားပါ။ မုန်လာဥဖြူကိုလည်း ထိုနည်းအတိုင်းပြုလုပ်ပါ။ သုပ်စားမည့်ပန်းကန်ထဲသို့ ပေါင်းထားသည့်ကြက်သားများမုန်လာဥ ဖြူ/နီများထည့်၍ ရောနှယ်ပါ။ ထို့နောက် ကင်ချီနှင့် နှမ်းအနည်းငယ်ထည့်၍ သုံးဆောင်နိုင်ပါသည်။ အပေါ့အငန်အရသာကိုလိုသလောက်ထည့်၍ ကြက်ဥအုပ်ကာ သုံးဆောင်နိုင်ပါသည်။

Healthiest Way to Cook and Eat Eggs

5ec3c96bd8db4

Healthiest Way to Cook and Eat Eggs

ကြက်ဥအစိမ်းစားရင်ဘာဖြစ်နိုင်သလဲ

အရင်က ကြက်ဥကို အိမ်အများစုမှာ စားသုံးကြပေမယ့် အခုလို အစားအသောက်ဆိုင်တွေမဖွင့်သေးတာနဲ့အသားငါးတွေဝယ်ရခက်တဲ့ကာလမှာတော့ ကြက်ဥက အိမ်တိုင်းအတွက် မရှိမဖြစ်အစားအစာလို့တောင်ပြောလို့ရပါတယ်။ ဒီတော့ ကြက်ဥကို အများစုယုံကြည်ထားသလိုမျိုး အစိမ်းလိုက်စားရင် အာဟာရပိုဖြစ်စေသလား၊ ဘယ်လိုအရာတွေဖြစ်နိုင်သလဲဆိုတာကိုလေ့လာကြည့်ရအောင်

ကြက်ဥဟာ ကျန်းမာရေးအတွက် အာဟာရများစွာပေးနိုင်ပြီး ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုတယ်လို့လူအများစုက ယုံကြည်ထားကြပါတယ်။ ကြက်ဥဟာ အချိန်ကုန်သက်သာစေပြီး လွယ်လွယ်ကူကူ ချက်ပြုတ်စားသုံးနိုင်တဲ့အစားအသောက်တစ်ခုလည်းဖြစ်ပါတယ်။

ဒါကိုမှ အဲလိုနည်းလမ်းတွေနဲ့မဟုတ်ပဲ ခွန်အားရှိပြီး ကြွက်သားတွေအတွက် ပိုမိုအားဖြစ် စေဖို့အတွက် ကြက်ဥကို အစိမ်းလိုက်စားကြသူတွေလည်းများလာပါပြီ။ ကြက်ဥကို ပုံမှန်စားသုံးသူအနေနဲ့တော့ ကြက်ဥတစ်လုံးလုံးကို
အပြည့်အဝစားသုံးပေးသင့်ပါတယ်။ ကြွက်သားတက်ဖို့အတွက် လေ့ကျင့်နေတဲ့ သူတွေအတွက်တော့ ပရိုတင်းပါဝင်မှုများတဲ့အကာကို စားသုံးပေးရပါမယ်။

ဒါပေမယ့် ကြက်ဥကိုအစိမ်းစားတဲ့အခါမှာ သိထားသင့်တဲ့အချက်ကတော့ မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးတွေပါတတ်တာကိုပါ။အစာအဆိပ်သင့်တတ်တဲ့ Salmonella ဆိုတဲ့ ဘက်တီးရီးယားပါဝင်တတ်တယ်လို့ဆိုပါတယ်။ ပိုးပါနေတဲ့ကြက်ဥကို အစိမ်းစားမိတဲ့သူကဝမ်းလျှောခြင်း၊ ဖျားနာခြင်း၊ အော့အန်ခြင်း ခေါင်းမူးခြင်းစတဲ့ ကျန်းမာရေးပြသနာတွေဖြစ်နိုင်ပါတယ်။

How to build a Restaurant Facebook page

5ec29137c6512

How to build a Restaurant Facebook page

စားသောက်ဆိုင် Facebook Page တည်ဆောက်နည်း

သင့်စားသောက်ဆိုင်လုပ်ငန်းကို လူသိများစေဖို့အတွက် အကောင်းဆုံးသောနည်းလမ်းတစ်ခုက Facebook ကိုကောင်းမွန်စွာ အသုံးချတတ်ခြင်းပါ။ အခုအချိန်မှာ စားသောက်ဆိုင်တွေ အကြောင်းအမျိုးမျိုးကြောင့်ပိတ်ထားရပေမယ့် ပြန်ဖွင့်တဲ့အခါမှာ ဘယ်လိုနည်းလမ်းတွေနဲ့ စားသုံးသူတွေထံကို ကိုယ့်ဆိုင်အကြောင်းကိုရောက်အောင်လုပ်မလဲ ၊ ကိုယ့်ဆိုင်အတွက်အဆင့်အတန်းမီတဲ့ Facebook Page တစ်ခုတည်ဆောက်နည်းကို ပြန်လည်မျှဝေပေးပါမယ်။

Click on ‘Create a Page’

Facebook Page တစ်ခု စဖွင့်ဖို့အတွက် ပုံမှာပါတဲ့ Create a Page ဆိုတဲ့နေရာကနေ စတင်ရပါမယ်။ ဖုန်းသို့မဟုတ် ကွန်ပျူတာရဲ့ Facebook စာမျက်နှာမှာ ‘Create a Page’ ဆိုတာကို အလွယ်တကူရှာတွေ့နိုင်ပါတယ်။

Choose ‘Business or Brand’

သင့်လုပ်ငန်းနဲ့ကိုက်ညီမယ့် ‘Business or Brand’ တစ်ခုကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ဒီအဆင့်ထိလည်း အခက်အခဲမရှိ ရိုးရှင်းလွယ်ကူစွာ လုပ်ဆောင်နိုင်ပါတယ်။

Fill in your business name & category

စားသောက်ဆိုင်နာမည်ရွေးချယ်တဲ့နေရာမှာ လူမှတ်မိလွယ်စေတဲ့နာမည်ကို ရွေးချယ်ဖို့လိုပါတယ်။ ဥပမာ သင့်စားသောက်ဆိုင်တည်ရှိတဲ့နေရာကို ဆိုင်နာမည်မှာပါထည့်ပေးနိုင်မယ်ဆိုရင်တော့ နာမည်မြင်တာနဲ့တင် ဒီဆိုင်က ဘယ်နေရာမှာတည်ရှိတယ်ဆိုတာကို လူတွေကအလွယ်တကူသိနိုင်ပါလိမ့်မယ်။

Fill in your restaurant details

သင့်စားသောက်ဆိုင်ရဲ့ အသေးစိတ်အချက်အလက်တွေကို ရိုးရိုးရှင်းရှင်းနဲ့ လွယ်လွယ်ကူကူနားလည်သဘောပေါက်အောင် ရေးပေးရပါမယ်။ မှန်ကန်တိကျပြီး စားသုံးသူတွေသိချင်တဲ့အကြောင်းအရာတွေဖြစ်တဲ့

• Restaurant opening hours
• Menu
• Reviews
• Location for collection
• Delivery areas
• online ordering စတဲ့ အကြောင်းအရာတွေကို ပြည့်စုံစွာ ဖော်ပြပေးဖို့လိုပါတယ်။

Add pictures: profile photo and cover photo

ဆိုင်ရဲ့ page မှာတင်မယ့် ဓာတ်ပုံတွေက အရည်အသွေးကောင်းမွန်ဖို့လိုအပ်ပါတယ်။ Page မှာသုံးထားတဲ့ဓာတ်ပုံတွေရဲ့ အရည်အသွေးကလည်း ဆိုင်ရဲ့အဆင့်အတန်းကိုဖော်ပြပေးနိုင်ပါတယ်။ ဒီအတွက် ဖြစ်သလိုရိုက်ထားတဲ့ပုံမျိုးကို မသုံးသင့်ပဲ သေချာကျကျနန ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကိုသာ အမြဲဖော်ပြသင့်ပါတယ်။

Edit your profile

ဆိုင်ရဲ့အသေးစိတ်အချက်အလက်တွေကို ပြန်လည်ပြင်ဆင်ရမယ့်နေရာဖြစ်ပါတယ်။ သင့်ဆိုင်က ဘာဆိုင်လဲ၊ ဘယ်လိုအစားအသောက်မျိုးတွေကို
ရောင်းချပေးတဲ့ဆိုင်လဲဆိုတဲ့အချက်တွေပါဝင်တဲ့ Short Description ကိုလည်း တိုတိုနဲ့ နားလည်သဘောပေါက်လွယ်အောင်ရေးသားရပါမယ်။ Create a Username for Your Page နေရာမှာ သင့်ဆိုင် Facebook page အတွက် username တစ်ခုကိုဖန်တီးရမှာဖြစ်ပါတယ်။ username ပေးထားခြင်းက page ကို စားသုံးသူတွေ ရှာတဲ့နေရာမှာ အထောက်အကူပြုနိုင်ပါတယ်။

Start building your audience

သင့်စားသောက်ဆိုင်လုပ်ငန်းအကြောင်းကို သင့်သူငယ်ချင်းတွေထံကို မျှဝေပါ။ ကိုယ်နဲ့ရင်းနှီးတဲ့သူငယ်ချင်းတွေကို စစချင်းမှာ invite လုပ်နိုင်ပါတယ်။ တစ်ခါမှလည်းမသိတဲ့ အဆက်အသွယ်လည်းမရှိတဲ့ friend list ထဲကသူကိုကိုယ့် page ကို Like လုပ်ဖို့ invite လုပ်တာမျိုးကိုတော့ အားမပေးချင်ပါဘူး။ လိုအပ်မှအသုံးချတာ၊ သတိရတာမျိုးကသူ့အတွက်ရော ကိုယ့်အတွက်ပါ မကောင်းပါဘူး။ ကိုယ့်ဆိုင်က တကယ်နာမည်ကောင်းရလာတဲ့အခါမှာ လိုလိုလားလားရောက်လာကြမှာပါ။ ဆိုင်တစ်ခု လူသိများခြင်း မများခြင်းရဲ့ အဓိကအကြောင်းရင်းကလည်း အစားအသောက်နဲ့ဝန်ဆောင်မှုကောင်းနေဖို့က အရေးအကြီးဆုံးအချက်ဆိုတာတော့ မေ့မထားသင့်ပါဘူး။

Start Posting Regularly

ကိုယ့်ဆိုင်မှာရတဲ့ အကောင်းဆုံးအစားအသောက်တွေအကြောင်းကို စားသုံးသူတွေကို ပြောပြနိုင်ရပါမယ်။တစ်ခါတရံမှာ ကိုယ်ကစားသုံးသူနေရာကနေပြီး သိချင်တဲ့အကြောင်းအရာတွေကို post ထဲမှာထည့်ရေးရပါမယ်။ Facebook post တွေကို တည်ဆောက်တဲ့နေရာမှာ

• အစားအသောက်ပုံလှလှလေးတွေ
• အထူးအစီအစဉ်/ကံစမ်းမဲ/ခံစားခွင့်တွေ
• မီနူးအသစ်တွေအကြောင်း
• ဆိုင်မှာလာရောက်စားသုံးကြတဲ့ စားသုံးသူတွေနဲ့
• ဝန်ဆောင်မှုပေးနေကြတဲ့ ဝန်ထမ်းတွေအကြောင်း စတဲ့အကြောင်းအရာတွေကို အမြဲမပြတ်တင်ပေးဖို့လိုပါတယ်။

သင့်စားသောက်ဆိုင်လုပ်ငန်းအောင်မြင်ဖို့ မဖြစ်မနေသိထားရမယ့်အရေးအကြီးဆုံးအချက်တွေကတော့

• အစားအသောက်အရသာ
• ဝန်ဆောင်မှု
• စားသုံးသူတွေအပေါ်ထားတဲ့ စေတနာ

စတဲ့အချက် ၃ ချက်က အရေးအကြီးဆုံးအချက်ပါ။ ဆိုင်ကကြော်ငြာကြောင့်သိတဲ့ သတင်းစကားထက်စားသုံးသူအချင်းချင်း ပြန်လည်မျှဝေပေးတဲ့ word-of-mouth ကအလွန်ထိရောက်ပါတယ်။ အောင်မြင်တဲ့စားသောက်ဆိုင်လုပ်ငန်းတစ်ခုဖြစ်ဖို့အတွက်လူသုံးအများဆုံး Social Media တစ်ခုဖြစ်တဲ့ Facebook က အထောက်အကူပြုပေးနိုင်တဲ့ အရာတစ်ခုပါ။ စားသောက်ဆိုင်လုပ်ငန်းနဲ့ပတ်သက်လို့ဆွေးနွေးချင်တာရှိရင် Warmae ကိုလာရောက်ဆွေးနွေး မေးမြန်းနိုင်ပါတယ်။

Benefits of Watermelons

5ebe4e2d5a95d

Benefits of Watermelons

ဖရဲသီးက အခုချိန်အတွက် အကောင်းဆုံးအသီးပါ

အခုအချိန်က ချွေးထွက်များပြီး ရေဓာတ်ဆုံးရှုံးမှုတွေကြုံရတဲ့ ကာလတစ်ခုပါ။ ခေါင်းမူးနေမယ်၊ ကိုယ်လက်မအီမသာဖြစ်နေမယ်၊ အလုပ်လုပ်ချင်စိတ်မရှိဖြစ်နေမယ်။ ဒါတွေက ရေဓာတ်ဆုံးရှုံးမှုကြောင့်ဖြစ်တာပါ။ ဒီတော့ ဒါတွေမဖြစ်ကောင် ဘယ်လိုအစားအသောက်က ကူညီပေးနိုင်မလဲဆိုတာကို လေ့လာကြည့်ရအောင်။

ဖရဲသီးတစ်လုံးမှာ ရေဓာတ်ပါဝင်မှုနှုန်းက ၉၂ ရာခိုင်နှုန်းအထိတောင်ရှိပါတယ်။ ဒါဟာ အတော်လေးများတဲ့ ပမာဏတစ်ခုပါ။ ကုန်ခမ်းသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းဖို့ အဓိကအကျဆုံးအချက်က ရေသောက်ခြင်းပါ။ ဖရဲသီးကိုတော့ ဖြည့်စွက်စာအနေနဲ့ ပြည်လည်စားသုံးနိုင်ပါတယ်။

ဖရဲသီးမှာ ကျန်းမာရေးအထောက်အကူပြုဓာတ်များစွာပါဝင်ပြီးတော့ သွေးတွင်းကိုလက်စထရောကို လျှော့ချပေးနိုင်ပါတယ်။ အစာချေစနစ်ကိုလည်းကောင်းမွန်စေပြီး ခန္ဓာကိုယ်တွင်းက ကလီစာတွေ ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့ကိုလည်း ကူညီပေးနိုင်ပါတယ်။

နောက်ထပ်မဖြစ်မနေသိထားသင့်တဲ့ အချက်တစ်ခုက ဖရဲသီးက ကွန်ပျူတာ၊ ဖုန်း အကြည့်များတဲ့သူ၊ အိပ်မရတဲ့သူတွေ အဖြစ်များတဲ့ မျက်စိအမြင်အာရုံ မှုန်ဝါးတာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဖရဲသီးဟာ အမျှင်ဓာတ်ပေါကြွယ်ဝတာကြောင့် စားလိုက်တဲ့အခါမှာ ဗိုက်ပြည့်စေပါတယ်။ တကယ်တော့ ဖရဲသီးဟာ powerful fruit လို့တင်စားရမယ့် အသီးတစ်မျိုးပါ။

Impossible Pork

gettyimages-1077963602

Impossible Pork

ဝက်သားတု

ဒီတစ်ခေါက်မှာတော့ အစားအသောက်အကြောင်းတွေ ရှာဖွေရင်း တွေ့ခဲ့တဲ့ဝက်သားတု (Impossible Pork) အကြောင်းကို ပြန်လည်မျှဝေပေးပါမယ်။ လူသားတွေဖန်တီးထုတ်လုပ်ခဲ့တဲ့ ဒီဝက်သားတုကို Las Vegas မှာပြုလုပ်ခဲ့တဲ့ CES 2020 ဆိုတဲ့ ပြပွဲမှာ စတင်မိတ်ဆက်ခဲ့ပြီး လူစိတ်ဝင်စားမှုရခဲ့ပါတယ်။ နည်းပညာနဲ့ဖန်တီးထားတဲ့ ဝက်သားတုဟာ လောလောဆယ်မှာတော့ Sandwiches နဲ့ ဟမ်ဘာဂါအဖြစ်စားသုံးနိုင်ပြီး စမ်းသပ်မှုတွေပြုလုပ်ထားပြီးဖြစ်တဲ့ Burger King ဆိုင်တချို့မှာ စတင်စားသုံးနိုင်ပါပြီ။

ဒီအသားတုကို Impossible Foods ကုမ္ပဏီက တီထွင်ဖန်တီးခဲ့တာဖြစ်ပြီး ပဲပိစပ်ကို အဓိကပါဝင်ပစ္စည်းအနေနဲ့ အသုံးပြုခဲ့တယ်လို့ဆိုပါတယ်။ အခြားပါဝင်ပစ္စည်းတွေအနေနဲ့နေကြာဆီ၊ အုန်းဆီတို့လို သဘာဝအပင်ထွက်ပစ္စည်းတွေနဲ့ ရောစပ်ထုပ်လုပ်ခဲ့ပါတယ်။ အခုလိုမျိုး သဘာဝပစ္စည်းတွေကိုအခြေခံထုတ်လုပ်ခဲ့တာကြောင့် ကျန်းမာရေးနဲ့သင့်တော်တဲ့ စားသုံးစရာတစ်ခုအဖြစ် သတ်မှတ်ခဲ့သူတွေရှိသလို ထုတ်ဖော်ပြောကြားထားခြင်းမရှိတဲ့ ဓာတုပစ္စည်းတွေလည်း ပါဝင်တတ်တာကြောင့် သတိထားစားသင့်တယ်လို့ ပြောဆိုနေကြသူတွေလည်းရှိနေပါတယ်။

ဒီဝက်သားတုမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေကို ထုတ်လုပ်ခဲ့တဲ့ကုမ္ပဏီက ထုတ်ဖော်ပြောကြားထားခြင်းမရှိသေးပါဘူး။ ပြပွဲမှာ ဒီအသားကို မြည်းစမ်းကြည့်ခဲ့သူတွေကတော့ ဒီအသားတုဟာ ရိုးရိုးဝက်သားထက် ဆိုဒီယမ်ပမာဏ ပိုများတာကြောင့် အနည်းငယ် လေးလေးပင်ပင်ရှိတယ်လို့ဆိုပါတယ်။ နောက်ထပ် ထူးခြားတာတစ်ခုက Kosher နဲ့ Halal Certificate ရထားတာကြောင့် အစ္စလာမ်ဘာသာဝင်တွေပါ စားသုံးနိုင်ပါလိမ့်မယ်။

နည်းပညာပေါင်းမြောက်များစွာတည်ရှိနေတဲ့ Silicon Valley အခြေစိုက် Impossible Foods ကုမ္ပဏီကတော့ ဒီဝက်အသားတုကို စတင်မိတ်ဆက်ခဲ့ပြီး လက်ရှိအချိန်မှာတော့ လူပြောများနေတဲ့ အကြောင်းအရာတစ်ခုဖြစ်နေပါပြီ။ ဝက်အသားတုကို ဘယ်အချိန်မှာစတင်ပြီး ကမ္ဘာအရပ်ရပ်ကို ဖြန့်ချိနိုင်မလဲ၊ မြန်မာနိုင်ငံကိုရော ဘယ်တော့ရောက်လာမလဲဆိုတာတော့ဆက်လက်စောင့်ကြည့်ရပါဦးမယ်။