Erawadi Raft

2

Erawadi Raft

ပုဂံမှာ အစားအသောက်တစ်ခုခုစားရင်း sunset ကြည့်ဖို့

ပုဂံမှာ အစားအသောက်တစ်ခုခုစားရင်း sunset ကြည့်ဖို့ဆိုရင်တော့ Erawati Raft ကအကောင်းဆုံးရွေးချယ်သင့်တဲ့နေရာတစ်ခုပါ။ ဧရာဝတီမြစ်ရဲ့ညနေခင်းအလှအပတွေကို အေးဆေးကြည့်ပြီး သာယာချင်တဲ့သူတွေအတွက် လုံးဝအကြိုက်တွေ့မယ့်ဆိုင်လေးပါ။

ဆိုင်ဆိုပေမယ့် ကုန်းပေါ်မှာရှိနေတာမျိုးမဟုတ်ပဲ သင်္ဘောပေါ်မှာတည်ထားတဲ့ ရေပေါ်စားသောက်ဆိုင်ဖြစ်ခြင်းက ဒီဆိုင်ရဲ့ ထူးခြားချက်တစ်ခုပါ။

ဆိုင်အပြင်အဆင်နဲ့အနေအထားကြောင့် ဈေးများမယ်လို့ထင်ခဲ့ပေမယ့် တကယ်တမ်းသွားစားကြည့်တဲ့အခါ ယူထားတဲ့ဈေးက လုံးဝမများတာကိုတွေ့ရပါတယ်။

နောက်ထပ်မျှဝေပေးလိုတာတစ်ခုက private party လိုမျိုး မွေးနေ့ပွဲလိုမျိုးကို ဧရာဝတီမြစ်ပေါ်မှာ လုပ်မယ်ဆိုရင်လည်း သက်သာတဲ့ဈေးနှုန်းနဲ့ Erawati Raft ကစီစဉ်ပေးပါတယ်။

ဘီယာသောက်ရင်းဖြစ်ဖြစ်၊ ကော်ဖီသောက်ရင်းဖြစ်ဖြစ် ပုဂံရဲ့ညနေခင်းကို float feeling နဲ့ကုန်ဆုံးဘူးချင်တယ်ဆိုရင် ပုဂံရောက်တာနဲ့ Erawati Raft ကိုအရောက်သွားကြည့်ဖို့ တိုက်တွန်းလိုပါတယ်။

Shop Info

Location

Old Bagan entrance of bu phaya,Bagan, Mandalay.

TEL/Email

Phone : 09 955 850105

Email : contacts@company.com

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Palm Wine Bar

frame

Palm Wine Bar

အပြင်အဆင်အလန်းစားနဲ့ သန်လျင်က Palm Wine Bar

ထန်းရည်ကို အဆင့်မြင့်မြင့်နဲ့ အေးအေးဆေးဆေး ဇိမ်နဲ့သောက်ချင်တယ်ဆိုရင်တော့ သန်လျင် Star City ထဲက Palm Wine Bar & Restaurant ကိုရွေးသင့်ပါတယ်။ သန့်ရှင်းပြီး သူငယ်ချင်းတွေစုပြီး သွားလို့ကောင်းမယ့်နေရာတစ်ခုပါ။

ဆိုင်မှာ ထန်းရည်အပြင် မြန်မာအစားအသောက် ဆန်းဆန်းပြားပြားလေးတွေရနိုင်ပါသေးတယ်။ ထန်းသီးကြော်၊ ဗူးသီးကြော်၊ ခရမ်းသီးကြွပ်ကြော်၊ ကော်ပြန့်ကြော်တို့ရပါတယ်။ နောက်ထပ်ရွေးချယ်စရာတစ်ခုက ထန်းရည်အပြင် Classical Cocktail အစုံ၊ ဘီယာတွေလည်းရလို့ သောက်စရာအတွက်ကတော့ ရွေးစရာအများကြီးရှိပြီး အဆင်ပြေတယ်။

အခုထန်းရည်အကြောင်းနဲ့စဖွင့်ရရင် လာချပေးတဲ့ ပုလင်းပုံစံလေးက ဆွဲဆောင်မှုရှိတယ်၊ ချစ်ဖို့ကောင်းတယ်။ ဒါပေမယ့် ထန်းရည်ရဲ့ အရသာကတော့ ထူးပြီးပြောရလောက်အောင် မရှိဘူး။ သေချာတာတစ်ခုက အရောအနှောကင်းတဲ့အရသာဖြစ်လို့ စိတ်ချလက်ချသောက်လို့ရတယ်။ အညာထန်းရည်တို့ မော်လမြိုင်တို့ရဲ့ taste ကို မရတာတော့ ရေမြေအနေအထားကြောင့်လို့ပဲလို့ ကောက်ချက်ချလို့ရတယ်။ ထန်းရည်နဲ့အတူရောချပေးတဲ့ မြေပဲအစပ်ကြော်ကတော့ စားလို့ကောင်းတယ်။

အမြည်းမှာစားဖြစ်ခဲ့တဲ့ ကော်ပြန့်ကြော်ပူပူလေးကတော့ တကယ်သဘောကျဖို့ကောင်းတယ်။ တစ်ပွဲ ၃၅၀၀ ပါ။ ဆတ်သားခြောက်သုပ်လည်း စားလို့ကောင်းတယ်ဆိုတဲ့ အရသာလို့ ဆိုနိုင်ပါတယ်။ တစ်ပွဲ ၅၀၀၀ ကျပ်ဖြစ်ပါတယ်။

ဆိုင်က သန်လျင်တံတားအဆင်းက Star City ထဲမှာရှိပြီး ကိုယ်ပိုင်ကားနဲ့သွားမှ အဆင်ပြေနိုင်မှာပါ။ ဆိုင်တွင်းအပြင်အဆင်မှာ ရှေးဟောင်းမြန်မာဓာတ်ပုံတွေနဲ့ အလှဆင်ထားပြီး ဓာတ်ပုံရိုက်လို့ကောင်းပါတယ်။

ကဲပိတ်ရက်မှာ ဘယ်သွားရမလဲစဉ်းစားနေတဲ့ မိတ်ဆွေတွေအတွက် အမိုက်စားထန်းရည်ဆိုင်တစ်ဆိုင် အလင်းပြလိုက်ပါတယ်။

Shop Info

Location

Wing B,A 4,Star City, Thanlyin
Yangon

TEL/Email

Phone : 09 528 3327

Email : contacts@company.com

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Rakhine Mont Di

frame

Rakhine Mont Di

ရခိုင်မုန့်တီ

ရခိုင်မုန့်တီသည် ရခိုင်လူမျိုးများ၏ ရှေးရိုးရာအစားအစာတစ်မျိုးဖြစ်သည်။ နေ့စဉ် မုန့်ပဲသရေစာ၊ မနက်စာ၊ နေ့လယ်-ညနေ အဆာပြေအစားအစာအဖြစ် စားသုံးလေ့ရှိကြပြီး အလှူများတွင်လည်း ထည့်သွင်း လှူဒါန်းလေ့ရှိကြသည်။ ရခိုင်လူမျိုးတို့၏ ရိုးရာအစားအစာများထဲမှ မြန်မာလူမျိုးတို့ အကြိုက်ဆုံးအစားအစာထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ရခိုင်မုန့်တီကို အာပူလျှာပူနှင့် ရိုးရိုးရခိုင်မုန့်တီ၊ ရခိုင်မုန့်တီသုပ် ဟူ၍ အမျိုးမျိုးပြုလုပ် စားသုံးနိုင်သည်။

ပါဝင်ပစ္စည်းများ

(၁) မုန့်ဖတ်
(၂) ငါးရွှေ သို့မဟုတ် ငါးလိပ်ကျောက် သို့မဟုတ် ငါးကြင်း
(၃) ဆား
(၄)ငါးပိ
(၅) ငါးရုပ်ကောင်း
(၆) ကြက်သွန်ဖြူ
(၇) ပဒဲကော (မထည့်ဘဲလည်း ချက်နိုင်သည်။)
(၈) ပဲကျော် (သို့) ငါးဖယ်ဆုပ်
(၉) နံနံပင်
(၁၀) ကြက်သွန်နီပါးပါးလှီး (ကြက်သွန်နီကျော်)
(၁၁) အာပူလျှာပူ (ငရုပ်သီးချက်)
(၁၂) မကျည်းသီး/မရမ်းသီး အချဉ်ရည် (သို့) ရှောက်သီး

ရခိုင်မုန့်တီချက်နည်း

အထက်ပါပစ္စည်းများ အစုံအလင်ရရှိပါက ငါးရွှေ သို့မဟုတ် ငါးလိပ်ကျောက် သို့မဟုတ် ငါးကြင်း အား ရေစင်အောင်ဆေးပြီး ရေတစ်ဆူစာ ပြုတ်ပါ။ ပြုတ်ထားသောငါးကို အရိုးနှင့် အရေခွံစင်အောင် ပြုလုပ်ပြီး အသားလုံးလေးများဖြစ်အောင် လက်ဖြင့်လုံးပါ။ (ငါးသားလုံးအနည်းငယ်ကို ငရုပ်သီးချက်အတွက်ချန်ထားပါ။) ပြီးပါက လူအနည်းအများအပေါ်လိုက်၍ အနေတော်ဒယ်အိုးဖြင့် ရေနွေးအိုးကို ပွက်ပွက်ဆူအောင်တည်ထားပါ။ ပဒဲကော အပင်နှင့်အမြစ်ကို မကြေတကြေထောင်းပြီး ရေနွေးအိုးစတည်ကတည်းကထည့်ပါ။ ငရုပ်ကောင်းအား ညက်ညက်ထောင်းပါ။ ပြီးလျှင် ကြက်သွန်ဖြူကို မညက်တစ်ညက်ထောင်းပြီး ရေနွေးပွက်ပွက်ထဲသို့ ငရုပ်ကောင်းနှင့် အတူထည့်ပါ။ (ကြက်သွန်ဖြူအခွံမနွင်ဘဲ ထည့်ပါက ပို၍မွှေးပျံ့သောရနံ့ကိုရရှိပါမည်။) ငါးပိ အနေတော်(လိုအပ်သလို အနည်းအများ ထည့်နိုင်သည်) ကိုထည့်ပြီး ဆား၊ အချိုမှုန့် (သို့) ပုဇွန်ခြောက်မှုန့် အိုးအဖုံးကို ဆယ့်ငါးမိနစ်ခန့် ဖုံးအုပ်ထားပါ။ ငါးအသားတုံးလေးများကို ထည့်ပါ။ ဟင်းရည်ဆူပွတ်လာသည်အထိထားပြီး အရသာအနေတော်ဖြစ်ပါက မုန့်တီဟင်းရည်အဖြစ် (ပါးပါးလှီးထားသော ကြက်သွန်နီထည့်နိုင်)နံနံပင်၊ ကြက်သွန်နီကျော်၊ မုန့်ဖတ်၊ ပဲကျော် (သို့) ငါးဖယ်ဆုပ်၊ မကျည်းသီးအချဉ်ရည် တို့နှင့် တွဲဖက် သုံးဆောင်နိုင်ပါသည်။

မုန့်တီလျှာပူအာပူ သို့မဟုတ် ရခိုင်မုန့်တီသုပ် စားသုံးလိုပါက ငရုပ်သီးချက်(သို့) ငရုပ်သီးထောင်း ပြုလုပ်ပေးရပါမည်။

Ref; https://bit.ly/2VBuNrX

Besto BBQ & Restaurant

frame

Besto BBQ & Restaurant

မန္တလေးကဘော်ဒါတွေ စားရင်း သောက်ရင်း ဘောလုံးပွဲကြည့်နိုင်မယ့်ဆိုင်

ဒီတစ်ခေါက် မန္တလေးကိုရောက်တုန်း ထိုင်ဖြစ်ခဲ့တဲ့ ဆိုင်တစ်ဆိုင်အကြောင်းကို ဘော်ဒါတွေအတွက် ပြန်လည် မျှဝေပေးချင်ပါတယ်။ ဒီဆိုင်က ဘောလုံးပွဲဝါသနာရှင်တွေအတွက် လုံးဝသဘောကျမယ့်ဆိုင်လို့ဆိုချင်ပါတယ်။

ဘောလုံးပွဲရှိတဲ့ညတွေမှာ ဆိုင်မှာ ပရိုဂျက်တာအကြီးနဲ့ ပြတာကို အတော်လေးသဘောကျမိတယ်။ တစ်ဝိုင်းနဲ့တစ်ဝိုင်း အရမ်းကပ်နေတာမဟုတ်လို့ လွတ်လွတ်လပ်လပ်အားပေးနိုင်တယ်။

ဆိုင်က ခြံဝန်းထဲမှာရှိပြီး ကျယ်ကျယ်ဝန်းဝန်းရှိတာကြောင့် သက်တောင့်သက်သာရှိတယ်။ ဆိုင်မှာ ပင်လယ်စာ နဲ့ပတ်သက်ရင်လူကြိုက်များတဲ့ ပင်လယ်စာဗန်းနဲ့ရေဘဝဲသုပ်၊ အကင်မျိုးစုံရှိလို့ အမြည်းအတွက် လုံး၀ စိတ်ပူစရာမလိုပါဘူး။ ဒီဆိုင်မှာသဘောအကျဆုံးက အပြင်ကပုလင်းယူလာမယ်ဆိုရင်တောင် Charge မကောက်တာကိုပါပဲ။

ဆိုင်မှာ မိန်းကလေးတွေအကြိုက် ပင်လယ်စာသင်္ဘောသီးထောင်း၊ ပင်လယ်စာရခိုင်သုပ်တို့လိုချဉ်ချဉ်စပ်စပ် အစားအသောက်တွေအပြင် အကင်အမျိုးအစားစုံတာရယ်၊ ထိုင်လို့ကောင်းတာရယ်ကြောင့် ဒီဆိုင်လေးကို သဘောကျမိတယ်။

မွေးနေ့ပွဲပဲလုပ်လုပ် Gathering ပဲလုပ်လုပ် ဒီဆိုင်က ခြံဝန်းထဲမှာရှိတာကြောင့် private ဆန်တဲ့ အရသာကို ရနိုင်ပါတယ်။ ကဲ … အကြိတ်အနယ်ရှိတဲ့ ဘောလုံးပွဲတွေကြည့်ရင်း အရသာရှိတဲ့အစားအသောက်တွေစားရင်း သောက်မယ် စားမယ်ဆိုတဲ့ ဘော်ဒါတွေအတွက် ဆိုင်ကောင်းလေးတစ်ဆိုင်ကို လမ်းညွှန်ပေးလိုက်ပါတယ်နော် …

Shop Info

Location

N0 (12/ KaKa-4), 57th street, Thatepan Street (South), Kantharyar Ward, Chanmyatharzi, Mandalay.

TEL/Email

Phone : 09 799176296

No Emails

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Mr.Jerry Thai BBQ and Hotpot

44203332_2275242536086775_4426815550672338944_n

Mr.Jerry Thai BBQ and Hotpot

ချစ်စရာကောင်းတဲ့ ဆိုင်အပြင်အဆင်နဲ့ အစားအသောက်ကောင်းတဲ့ ဟော့ပေါ့ဆိုင်

ဒီတစ်ခေါက်မှာ လူပြောများနေတဲ့ ဟော့ပေါ့ဆိုင်လေးတစ်ဆိုင်ကိုရောက်ခဲ့တယ်။ အွန်လိုင်းက သူငယ်ချင်းတွေ တော်တော်များများသွားဖူးကြပြီး ဓာတ်ပုံလေးတွေမြင်ထဲက သွားချင်နေတဲ့ ဆိုင်ဖြစ်တဲ့ Mr.Jerry Thai BBQ and Hotpot ဆိုင်ကို ဒီတစ်ပတ်ရောက်ဖြစ်ခဲ့တယ်။

ဆိုင်ပုံစံလေးက သန့်သန့်ရှင်းရှင်းနဲ့ သပ်ရပ်မှုရှိပြီး ဝန်ထမ်းတွေလည်း အဆင်ပြေတယ်လို့ ဆိုရပါမယ်။ အသားအရသာလတ်ဆတ်မှုရှိပြီး အစားအသောက်အမျိုးအစားလည်း တော်တော်လေး စုံလင်အောင် ခင်းကျင်းထားတဲ့ အဝစားဟော့ပေါ့ဆိုင်လေးပါ။

 

အကင်ရော ဟော့ပေါ့ပါ စားလို့ရတဲ့ အိုးလေးဖြစ်ပြီး ရွေးချယ်စရာ ဟင်းရည် ၂ မျိုးရှိပါတယ်။ အက်ဒမင်ကတော့ ချဉ်စပ်ဟင်းရည်ကို ရွေးခဲ့တယ်။ ဟင်းရည်အရသာက အရမ်းချဉ်စပ်ဘက်ကိုမသွားပဲ ပုံမှန်လောက်ပဲဖြစ်တာကြောင့် တစ်ဦးထည်းအမြင်အရ သိပ်သဘောမကျမိပါဘူး။ ဒါပေမယ့် ကုန်သွားတာနဲ့ refill ပြန်လုပ်ပေးတာကိုတော့ သဘောကျမိတယ်။

ဒီဆိုင်ရဲ့ အကင်တော်တော်များများက အရသာကောင်းပြီး Cheese နဲ့တွဲစားရတာကို တော်တော်လေး ခံတွင်းတွေ့မိတယ်။ ကုန်သွားလည်း စိတ်ပူစရာမလိုပဲ ထပ်တောင်းသမျှထည့်ပေးမယ့် ဝန်ထမ်းလေးတွေရှိပါတယ်။

 

အသားအနေနဲ့က အသားအစုံအလင်ရှိပြီး အရသာအမျိုးမျိုးလည်းရှိပါတယ်။ ပင်လယ်စာကတော့ စောစောသွားရင် များများရွေးချယ်စရာရှိနိုင်ပါတယ်။ သဘောကျမိတဲ့နောက်တစ်ခုက Thai Tea နဲ့ Ice lemon tea အေးအေးလေးကိုပါပဲ။ ရေခဲမုန့် တွေလည်းအရသာအစုံရှိပြီး အစားတစ်လိုင်းတွေအတွက် အတော်လေး အဆင်ပြေမယ့် ဆိုင်လေးပါ။

Shop Info

Location

No. 33, Waizayanta Road,Thingyan Kyon Township
Yangon 11071

TEL/Email

Phone : 09 40405 0341

 No emails

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Acacia Tea Salon

10

Acacia Tea Salon

ကိတ်ကောင်းကောင်းလေးတွေစားလို့ရမယ့်ဆိုင်လေး

ဒီတစ်ခေါက်မှာ Acacia Tea Salon ကိုရောက်ဖြစ်ခဲ့တယ်။ ဆိုင်လေးက အတော်လေးသဘောကျစရာကောင်းပြီး ငြိမ်သက်မှုရှိတာကြောင့် အေးဆေးနေချင်တဲ့သူတွေအတွက် အဆင်ပြေတယ်။ အရသာရှိတဲ့ ကိတ်မျိုးစုံနဲ့လက်ဖက်ခြောက်ကောင်းကောင်းနဲ့လက်ဖက်ရည်တွေရနိုင်ပါတယ်။

လဘက်ခြောက်အမျိုးအစားစုံနဲ့ပြုလုပ်ထားတဲ့ လဘက်ရည်တွေက ဒီဆိုင်ရဲ့နာမည်ကြီးဖြစ်ပြီး လူကြိုက်အများဆုံးတစ်ခုလည်းဖြစ်ပါတယ်။ ဒီတစ်ခေါက်စားဖြစ်တဲ့ High Tea Menu ထဲက Gourmande Set ကလည်း ဒီဆိုင်မှာလူကြိုက်များတယ်။ Gourmande Set က တစ် Set ကို၃၅၀၀၀ ကျပ်ဖြစ်ပြီး ၂ ယောက်လောက်စားလို့ရပါတယ်။

ဒီဆိုင်မှာ TEA နဲ့ ကော်ဖီအမျိုးမျိုးအပြင် နိုင်ငံတကာက ဝိုင်အမျိုးမျိုးလည်းရပါတယ်။ ပြင်သစ်၊ အီတလီ၊ စပိန်၊ ချီလီ၊ မြန်မာစတဲ့ နိုင်ငံအသီးသီးက ဝိုင်အမျိုးအစားအစုံလည်း ရနိုင်ပါတယ်။

ဒီ Tea Salon ကို လူသိများစေတဲ့နောက်တစ်ခုက ဓာတ်ပုံရိုက်စရာနေရာ လှလှအပြင်အဆင်လှလှလေးတွေရှိခြင်းကြောင့်ပါ။ ဒီဆိုင်က လူသိများပြီးသားဖြစ်တာကြောင့် အထူးတလည်ရေးပြနေဖို့တော့ မလိုတော့ပါဘူး။ မရောက်ဖူးသေးရင်တော့ သွားကြည့်သင့်တဲ့ဆိုင်ကောင်းလေးတစ်ဆိုင်လို့ လမ်းညွှန်ချင်ပါတယ်။

Shop Info

Location

Saya San Road, Bahan Township,Yangon.

TEL/Email

Phone : 09 765 400892

No emails

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Ngayokethee Pork Stick

1

Ngayokethee Pork Stick

တစ်ချောင်း ၁၀၀ ကျပ်နဲ့ ရောင်းချပေးနေတဲ့ ငရုတ်သီး ဝက်သားတုတ်ထိုးဆိုင်

ဒီတစ်ခေါက်မှာ ဝက်သားတုတ်ထိုးကြိုက်တဲ့သူတွေအတွက် အသစ်စက်စက်ဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လှည်းတန်း ကျောင်းရှေ့မှတ်တိုင်အနီးက အဝေရာလမ်းထဲမှာရှိတဲ့ “ငရုတ်သီး” ဆိုတဲ့ဆိုင်လေးပါ။

ဆိုင်ရဲ့ ထူးခြားချက်တစ်ခုကို အရင်ဆုံးစပြောရရင် ဒီဆိုင်က ရှိသမျှတုတ်ထိုးအားလုံးက တစ်ချောင်းကို ၁၀၀ ကျပ်ပဲရှိတာပါ။ တစ်ချောင်း ၁၀၀ ဆိုလို့ ပါးပါးလှီးထားတာမဟုတ်ပဲ ပုံမှန်တုတ်ထိုးဆိုဒ်ပြည့်ပြီး ရွေးချယ်စရာအစုံလည်းရှိပါတယ်။ ကိုယ့်စိတ်ကြိုက်ရွေးချယ်ပြီး ခုံမှာအေးဆေးထိုင်စားရတာကိုလည်း သဘောကျမိတယ်။

နောက်တစ်ခုက ဝက်သားတုတ်ထိုးကြော် ကိုလည်း သဘောကျမိတယ်။ အဆီတွေအခေါက်တွေစုကြော်ထားတာမဟုတ်ပဲ စားကောင်းတဲ့ အစိတ်အပိုင်းတွေကို ကြော်ထားတာကြောင့် ဒါကိုလည်းပဲ သဘောကျမိတယ်။

ဝက်သားဟင်းရည်က စိတ်ကြိုက်ယူလို့ရပြီး အပူပေးထားတဲ့အိုးနဲ့ စနစ်တကျထားပေးထားတာတွေ့ရပါတယ်။ ဒီဟင်းရည်ကို သဘောကျမိတာက အခြားတုတ်ထိုးဆိုင်တွေရဲ့ ဟင်းရည်လို အဆီတွေဝေ့ဝဲနေတာမျိုးမဟုတ်ပဲ အချိုရည်သီးသန့်နဲ့ သောက်လို့ကောင်းပြီး မအီတဲ့ဟင်းရည်မျိုးဖြစ်ပါတယ်။

ဆိုင်ဖွင့်ဖွင့်ပြီးချင်းမှာ ဒီဆိုင်နဲ့အတူ နာမည်ရလာတာက မန်းကျည်းအချဉ်ပါ။ ချဉ်ချဉ်စပ်စပ်အရသာနဲ့ မန်ကျည်းအနှစ်နဲ့ ဖျော်ထားပြီး တုတ်ထိုးနဲ့တွဲစားရတာအရသာပိုရှိပါတယ်။ နောက်အချဉ်တစ်ခုကတော့ ငရုတ်ဆီအချဉ်ပါ။ သခွားသီးနဲ့ ဆလတ်ရွက်ကိုလည်း အခမဲ့တွဲချပေးပါတယ်။

ဆိုင်ရဲ့ရောင်းရငွေ ၅ ရာခိုင်နှုန်းကို မုဒိတာပရဟိတအဖွဲ့ကို ပြန်လည်လှူဒါန်းတယ်လို့ သိရပါတယ်။ အမြတ်ငွေနည်းနည်းနဲ့ များများရောင်းချင်တဲ့ရည်ရွယ်ချက်နဲ့ ဒီလိုဈေးနှုန်းသက်သက်သာသာနဲ့ သပ်သပ်ရပ်ရပ်ရောင်းချတဲ့ဆိုင်လေးဆိုတော့ ပိုပြီး သဘောကျမိပါတယ်။

Shop Info

Location

Hledan Awayar Street, Kamayut Township.

TEL/Email

Phone : + 1 800 755 60 20

Email : contacts@company.com

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Willys Korea BBQ

1

Willys Korea BBQ

ကိုရီးယားစတိုင်(လ်) ဝက်သားဆလပ်ကို ဈေးတန်တန်နဲ့အဝစားမယ်

ကိုရီးယားအရသာစစ်စစ် ဝက်သားဆလပ် ကိုမှ စားချင်တဲ့သူတွေအတွက် အရမ်းအရသာရှိတဲ့ Premium Imported Pork များကို အဝစားနိုင်မယ့် Willy’s Korea BBQ ဆိုတဲ့ဆိုင်လေး နဲ့ မိတ်ဆက်ပေးပါရစေ…

မိုးလေးအေးတုန်းမှာ ဝက်သုံးထပ်သားကင်မွှေးမွှေးလေး နဲ့ကင်(မ်)ချီလေးကို ဆလပ်ရွက်လေးနဲ့ထုပ် ငရုတ်သီးစိမ်း ၊ ကြက်သွန်ဖြူလေးပါ ကိုက်စားလိုက်ရင် Ohh…ရှယ်ပဲ

နူးညံ့အိစက်နေတဲ့ ဝက်သုံးထပ်သားလေးကိုဆိုဂျူးလေးနဲ့ တွဲစားမယ်ဆိုလည်း လုံးဝ ကိုရီးယားကားထဲကတိုင်း ဖြစ်သွားမယ် 😋

ကဲ…ဈေးနှုန်းအနေနဲ့ကတော့ ဝက်သုံးထပ်သား နဲ့ ဝက်ဂုတ်သား Buffet ကို ကြိုက်သလောက် အဝစားမှ ၉၈၀၀ ထဲ Tax & Service Charges တွေလည်း လုံးဝထပ်ပေးစရာမလိုတဲ့အပြင် Time Limit လည်းမရှိတော့ Willy’s Korea BBQ ကို အရမ်းကြိုက်သွားပြီလေ Service Charges သာမပေးရတာ ဆိုင်ထဲ စထိုင်လိုက်တာနဲ့ Customer Service ကောင်းတဲ့ Waiter လေးတွေက ”ကိုယ်တိုင်ကင်မှာလား ကင်ပေးရမှာပါလား” လို့ လာမေးပါတယ် အဲ့တော့ မကင်ချင်ဘူး အစားတလိုင်းပဲဆိုလဲ စိတ်ရှည်ရှည်နဲ့ကင်ပေးသမျှ အေးဆေးထိုင်စားရုံပဲ

ပြီးတော့ဝက်သားဆလပ်နဲ့ တွဲစားဖို့ကင်(မ်)ချီက တမျိုးထဲမဟုတ်ပဲ ဂျူးမြစ်သခွားသီး ကင်(မ်)ချီ ၊ ကြက်သွန်နီဥကြော် စသဖြင့် ၆ မျိုးလောက်နဲ့ ကြိုက်သလောက်တွဲစားလို့ရသေးတယ်နော်။ အအီပြေ ကြက်ဥပေါင်း အစိမ့်လေးစားချင်ရင်လဲ ဘေးအကန့်မှာ Free ထည့်ပေးသေးတယ် ဒါ့အပြင် ကိုရီးယားစတိုင်(လ်)အရံဟင်းအဖြစ် ရေဘဝဲအစပ်ကြော် ၊ ကြက်သား ၊ ဝက်သား ၊ အမဲသား ၊ ကင်(မ်)ချီဟင်းရယ် စတဲ့ Side Dishes ၆ မျိုး…၇ မျိူးကိုလည်း စိတ်ကြိုက်အဝစားလို့ရသေးတယ်နော် ( ရေဘဝဲအစပ်ကြော် ကတော့ လူကြိုက်များလို့ Recommend ပါ )

တစ်ခုရှိတာက အကင်ဆိုရင် အရသာနယ်ထားမှ ကြိုက်တဲ့သူတွေကတော့ အကြိုက်တွေ့ပမလားပဲ (ဒါပေမယ့် ကိုယ်တိုင်လဲ အရင်က အကင်ဆို အရသာနယ်မှကြိုက်တာ ခုတော့Willy’s ရဲ့ သဘာဝအရသာကို ကြွေသွားတာ) ဘာလို့ဆို…သူက ကိုရီးယားစတိုင်(လ်) စစ်စစ်မို့ အရသာလုံးဝမနယ်ထားတဲ့ သဘာဝ ဝက်သားတွေဖြစ်ပြီး Local Pork မဟုတ်တဲ့ Premium Imported Pork တွေမလို့ အရမ်းလည်းမအီပဲ ဘာမှမနယ်ထားတဲ့ သဘာဝ ဝက်သားအရသာကိုက ချိုစိမ့်လတ်ဆတ်ပြီး အရမ်းစားကောင်းနေတာပါ

ဆိုင်မှာ တခြားကိုရီးယားအစားအသောက် တွေလည်း တစ်ပွဲချင်းရောင်းပေမယ့် Willy’s မှာဆို ဝက်သုံးထပ်သားဘူဖေးကိုပဲ ပိုကြိုက်လို့ အဲ့ဒါပဲ စားဖြစ်တာများတယ်အအေး ၊ ဘီယာ ၊ ဆိုဂျူး ၊ ဆန်အရက် အကုန်မှာသောက်လို့ရတယ် အပြင်ကနေကိုယ်ကြိုက်တာ ကိုယ် ဝယ်လာပြီး သောက်ချင်လည်းဆိုင်ကအေးဆေးပဲ ခွင့်ပြုတယ်

Willy’s Korea BBQ ဆိုင်ကို ခြုံပြောရရင်တော့…

အရသာ 5 stars
ဝန်ဆောင်မှု 4.5 stars
သန့်ရှင်းမှု 4.5 stars
ဈေးနှုန်း 5 stars ပေးပါတယ်

🏠 ဆိုင်လိပ်စာတွေကတော့ လသာ အောက်ဘလောက် ၁၉ လမ်းထဲမှာ တစ်ဆိုင် ၊ အင်းစိန်လမ်းမပေါ်မှာရှိတဲ့ သမိုင်းလမ်းဆုံအကျော်က ဦးရေခဲလမ်းထိပ်နားမှာ တစ်ဆိုင် ဖွင့်ထားပါတယ်။ ဆိုင်ဖွင့်ချိန်က နေ့လည် ၁၂ နာရီကနေ ည ၁၁ နာရီထိပါ။ ဆိုင်ပိုင်ရှင်ကလည်းကိုရီးယားလူမျိုးစစ်စစ်ဖြစ်ပြီး ၁၉ လမ်းဆိုင်က အပြင်အဆင်ဆို တကယ့်ကိုရီးယားစတိုင်(လ်) ပါပဲ

ကဲ…
ဒါကြောင့် ကိုရီးယားအရသာ ဝက်သုံးထပ်သားကိုမှ အသည်းစွဲ ကြိုက်တဲ့သူတွေအတွက် တကယ်ကို သွားစားကြည့်သင့်တဲ့ ဆိုင်ကောင်းလေးမို့ Foodie တို့အတွက် လမ်းညွှန်ပေးလိုက်ပါတယ်နော်။

Shop Info

Location

No.94, Aungyeikthar street mayangone tsp,Yangon.

TEL/Email

Phone : 09 261 164 547

Email : contacts@company.com

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Nay Yar 2 Sin O Tan

2

Nay Yar 2 Sin O Tan

ကျိုင်းတုံအကင်နဲ့ ယိုးဒယားအထောင်းစုံစားကြမယ်

ရာသီဥတုလေးက ညနေဆို မိုးအုံ့အုံ့လေးနဲ့ အေးသယောင်ယောင်ဖြစ်လာလို့ ရှူးရှူးရှဲရှဲ ထိုင်းစာဘက်ကို ခြေဦးလှည့်ဖြစ်ခဲ့တယ်။ ဆိုင်ကတော့ စဥ့်အိုးတန်းလမ်းက နေရာ-၂ ကျိုင်းတုံအကင်နဲ့ ယိုးဒယားအထောင်းစုံဆိုင်။
ဆိုင်က ပုံမှန် ပရိသတ်အခိုင်အမာရှိပြီး အရင်က ရွှေဂုံတိုင်ဆိုင်မှာ တစ်ခါစားခဲ့ဘူးတယ်။

ဒီတစ်ခေါက်မှာတော့ အရင်ကနဲ့မတူတာတွေကို ဦးစားပေးမှာစားဖြစ်ခဲ့တယ်။

သင်္ဘောသီးထောင်း – ၁၅၀၀ ကျပ်
ဒီဆိုင်မှာ အရောင်းရဆုံးနဲ့ စားလို့အကောင်းဆုံး နာမည်ကြီးအထောင်းထဲမှာ သင်္ဘောသီးထောင်းပါပါတယ်။ အရသာကောင်းပြီးတော့ ထိုင်းအရသာစစ်စစ်နဲ့ စားလို့ကောင်းပါတယ်။ တော်တော်များများလည်း မှာစားကြတာကိုတွေ့ရတယ်။

 

သင်္ဘောသီးထောင်း

ကျွဲကောသီးထောင်း – ၂၅၀၀ ကျပ်
အရင်က တစ်ခါမှ မစားဖူးတဲ့ အထောင်းပါ။ ကျွဲကောသီးကြောင့် ချဉ်ပြုံးပြုံးလေးဖြစ်မယ်လို့ထင်ထားပေမယ့် အရမ်းမချဉ်တဲ့အရသာမျိုးရှိပါတယ်။ အစားအသောက် အသစ်အဆန်း စားကြည့်ချင်တဲ့သူတွေအတွက် မြည်းသင့်တဲ့ အထောင်းတစ်မျိုးပါ။

ဝက်နံရိုးချဉ်စပ်ဟင်းရည် – ၃၀၀၀ ကျပ်
ထိုင်းအရသာဟင်းချိုရည်ဖြစ်ပြီး အရသာချဉ်စပ်နဲ့ မိန်းကလေးတွေအကြိုက် ဟင်းရည်တစ်မျိုးပါ။ ၀က်နံရိုးအတုံးလေးတွေရဲ့ အရသာကောင်းပြီး အသားပါတာတော့ နည်းတယ်လို့မြင်ပါတယ်။ အကျဉ်းချူပ်ပြောရရင် အရသာကောင်းတယ်၊ အသားပါတာနည်းတယ်။

Shop Info

Location

No 38, Sin O Tan (lower block) Latha.

TEL/Email

Phone : 09 766821847


Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Taing Yin Thar Myanmar National Restaurant

2

Taing Yin Thar Myanmar National Restaurant

တိုင်းရင်းသားအစားအသောက်အစုံအလင်ရတဲ့ဆိုင်

ဒီတစ်ခေါက် ရောက်ဖြစ်တဲ့ ဆိုင်ကတော့ တိုင်းရင်းသားအစားအသောက်တွေရောင်းတဲ့ဆိုင်ကောင်းကောင်းလေးကို ပထမဆုံးအကြိမ်ရောက်ဖြစ်ခဲ့တယ်။ ရန်ကင်း ကန်ဘဲ့လမ်းပေါ်ကတိုင်းရင်းသား စားသောက်ဆိုင်ပါ။

Main Course မှာ ဆိတ်သားနှပ်၊ ရခိုင်ပုစွန်အစပ်ချက်၊ ရှမ်းကြက်သားဟင်း၊ မိုးကုတ် ကြက်သား/၀က်သားနှပ်၊ကချင်ငါးပေါင်း စတဲ့ တိုင်းရင်းသားအစားအသောက်အစုံရပါတယ်။ ဒီတစ်ခေါက် ကြက်သားကချင်ချက်ကို စားဖြစ်ခဲ့တယ်။ ကချင်ချက်ပုံစံအတိုင်း အရသာထူးပြီး အသားတော်တော်လေး များတာကိုတွေ့ရတယ်။ စားဖူးနေကျကချင်ချက်အရသာထဲမှာမှ အသားများများနဲ့ စားလို့ကောင်းတဲ့ ဟင်းပွဲတစ်ခုပါ။ တစ်ပွဲကို ၇၀၀၀ ကျပ် ဖြစ်ပြီးနှစ်ယောက်လောက်တော့ စားလို့အဆင်ပြေပါတယ်။

နောက်တစ်မျိုးက ထူးထူးခြားခြားမဟုတ်ပေမယ့် ကြိုက်လို့ရွေးစားဖြစ်ခဲ့တဲ့ ပုန်းရည်ကြီးသုပ်ပါ။ပုန်းရည်ကြီးအစစ်အရသာက တကယ့် အညာမှာစားရသလိုမျိုး ကွာလတီကောင်းကောင်း ပုန်းရည်ကြီးဖြစ်ပြီး ခံတွင်းတွေ့မိပါတယ်။ တစ်ဦးထဲအမြင်အရပြောရရင်တော့ ပုန်းရည်ကြီးသုပ် တစ်ပွဲ ၃၀၀၀ ကတော့ ဈေးများတယ်လို့ ခံစားမိပါတယ်။ ဒါပေမယ့် စားရတဲ့ပုန်းရည်ကြီး စစ်မှန်မှုကတော့ အမှတ်ပေးရပါမယ်။

အဖွဲ့လိုက်သွားမယ့်သူတွေအတွက် ဒီဆိုင်ရောက်ရင် စားကြည့်သင့်တာကတိုင်းရင်းသား စကောထမင်းပါ။ အပြင်အဆင်ပုံစံနဲ့တင် တကယ့်ကိုစားချင်စဖွယ်ပုံစံနဲ့ အဖော်အုပ်စုကောင်းကောင်းနဲ့ စားလို့ကောင်းမယ့်ပုံပါ။ အက်ဒမင်တစ်ယောက်ထဲသွားပြီးစကောထမင်းတစ်ပွဲကို မကုန်နိုင်တာကြောင့် မစားဖြစ်ခဲ့ပါဘူး။

တိုင်းရင်းသားအစားအသောက် သီးသန့်ချည်းပဲတော့မဟုတ်ပါဘူး။ ညဘက်သွားစားမယ့်သူတွေအတွက်လည်းအဆင်ပြေဖို့ Cocktail ၊ Beer ၊ Whisky နဲ့ Fresh Juice အစုံလည်းရပါသေးတယ်။ ဆိုင်အပြင်ပုံစံက သပ်သပ်ရပ်ရပ်ရှိပြီးသင့်မိတ်ဆွေ နိုင်ငံခြားသားတစ်ယောက်ယောက်က မြန်မာအစားအသောက်ကောင်းကောင်းရောင်းတဲ့ ဆိုင်မေးလာခဲ့ရင်ဒီဆိုင်ကို ခေါ်သွားပြီး try ကြည့်သင့်ပါတယ်။

ကြက်သားကချင်ချက်

Shop Info

Location

No (2/A), Kanbae Road, Yankin Township, Yangon.

TEL/Email

Phone : 09 787 154799


Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00