

Saw Wunna
Home style Chicken curry
- July 24, 2020
- , 5:06 pm
- , article
Chicken curry
ကြက်သားအုန်းသီးဆီပြန်ချက်
ကြက် – တစ်ကောင်
ကြက်သွန်နီ – ငါးဥ
ကြက်သွန်ဖြူ – နှစ်ဥ
အုန်းသီး – တစ်ခြမ်း
နနွင်း၊ ဆား – အနေတော်
ဆီ – ၁၀ ကျပ်သား
ချင်း – သင့်ရုံ
ငရုတ်ပွ – ငါးတောင့်
ငရုတ်သီးစိမ်း – ငါးတောင့်
မဆလာ – ငါးကျပ်သား
ကြက်သားကိုတုံးပြီး ရေဆေး၍ ဆားနှယ်ထားပါ။ အုန်းသီးခြမ်းနှင့်မဆလာတို့ကို ညှက်အောင်ကြိတ်ပါ။ ကြက်သွန်ဖြူ၊ နီ၊ ငရုတ်ပွ၊ ချင်းတို့ကို ညှက်အောင်ကြိတ်ပါ။ ငရုတ်သီးစိမ်းကို ရေဆေး၍ ထက်ခြမ်းခွဲပါ။ ငရုတ်၊ ကြက်သွန်၊ မဆလာ၊ အုန်းသီးတို့ကို ဆီသတ်ပါ။ ကြက်သားဖတ်များထည့်ပြီးလုံးပါ။ ရေအနည်းငယ်ထည့်၍ဆီပြန်ချက်ပါ။

ကြက်အရေခွံသုပ်
ကြက်အရေခွံသုပ် – ၂၅ ကျပ်သား
ဆီ – အနေတော်
ကြက်သွန်နီ – နှစ်ဥ
ဂေါ်ဖီ – တစ်စိတ်
ငရုတ်သီးစိမ်း – အနေတော်
ရှောက်သီး – အနည်းငယ်
ငရုတ်သီးအကျက်မှုန့် – အနည်းငယ်
ဟင်းခတ်မှုန့်၊ ငံပြာရည် – အနည်းငယ်
ရှောက်ရွက် – အနေတော်တစ်စည်း
ကြက်အရေခွံများကို ဆား၊ နနွင်းသင့်ရုံထည့်၍ ပြုတ်ပါ။ ဂေါ်ဖီ၊ငရုတ်သီးစိမ်း၊ ရှောက်ရွက်၊ ကြက်သွန်နီတစ်ဥကိုပါးပါးလှီးထားပါ။ ကျန်တစ်ဝက်ကို ဆီချက် ချက်ထားပါ။ ပြုတ်ထားသော အရေခွံများကို အနေတော်အရွယ်ပိုင်း၍ပါးပါးလှီးထားသော ကြက်သွန်နီ၊ ဂေါ်ဖီ၊ ရှောက်ရွက်၊ ငရုတ်သီးစိမ်း၊ ဆီချက်တို့ဖြင့် ရောနှယ်ပါ။ ဆား၊ ဟင်းခတ်မှုန့်ကို
ချိန်ထည့်၍ အပေါ့အငံကို အနေတော်ထည့်သုံးဆောင်နိုင်ပါသည်။

ကြက်အာလူးဆီပြန်
ကြက်သား – သုံးဆယ်ကျပ်သား
အာလူး – တစ်ဆယ့်ငါးကျပ်သား
ကြက်သွန်ဖြူ – သုံးဥ
ကြက်သွန်နီ – တစ်ဆယ်ကျပ်သား
ဆီ – အနည်းငယ်
ဆား၊ နနွင်း၊ ငံပြာရည် – အနည်းငယ်
ကရဝေးရွက်၊ သစ်ကြမ်းပိုးခေါက် – အနည်းငယ်
မဆလာ – အထုပ်သေးတစ်ထုပ်
ဟင်းခတ်မှုန့် – အနည်းငယ်
ကြက်သားကို ရေဆေး၍ အတုံးအလတ်များတုံးထားပါ။ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ထောင်း၍တစ်ဝက်ကို ကြက်သားတုံးများဖြင့် နှယ်ထားပါ။ ဆား၊ ငံပြာရည်အနည်းငယ်ထည့်နှယ်ပါ။ ကြက်သားတုံးများနှယ်၍ကျန်သော ချင်း၊ ကြက်သွန်ထောင်းပြီးသားကို ဆီသတ်ပါ။ ဆီသတ်ထားသည့်အိုးထဲသို့ သစ်ကြမ်းပိုးခေါက်၊ ကရဝေးရွက်ထည့်ပါ။ ဆီသတ်ပြီးနောက် ကြက်သားတုံးများထည့်ပါ။ ကြက်သားနူးစေရန်အတွက် ရေအနည်းငယ်ထည့်၍ အဖုံးအုပ်ထားပါ။ ကြက်သားနူးပြီဆိုပါက အာလူးအခြမ်းများကိုထည့်၍ နူးသည်အထိ ဆက်တည်ပါ။