Don’t Overeat

frame

Don’t Overeat

အစားတွေအများကြီးစားမိတဲ့အခါ ဘာလုပ်သင့်လဲ

အဝစားဆိုင်တွေရောက်လို့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းအပေါင်းအသင်းတွေစုံလို့ပဲဖြစ်ဖြစ်တခါတရံမှာ အစားတွေကို လိုတာထက်ပိုပြီး စားမိတဲ့အခါမျိုးတွေရှိတတ်ပါတယ်။ ဒီအခါမှာနေရထိုင်ရတာ သက်တောင့်သက်သာမရှိတော့ပဲ ပြည့်အင့်အင့်အီလည်လည်ကြီးဖြစ်နေတတ်ကြတယ်။အစာကြေဆေးဆောင်ထားရတဲ့သူမျိုးတွေလည်း တွေ့ဖူးကြမှာပေါ့။ ဒီတစ်ခေါက်မှာ အဲလိုဖြစ်တာတွေကိုပြန်ဖြေဖို့အတွက် နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

လိမ္မော်သီးစားပါ

လိမ္မော်သီးစားပါ

လိမ္မော်သီးက ဗီတာမင်စီ အများစုပါဝင်ပြီး ချိုချဉ်အရသာရှိလို့ အအီပြေစေနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲက အဆီဓာတ်ကိုပြန်လည်ဖြေလျှော့ပေးနိုင်ပါတယ်။ လိမ္မော်ရည်လေးသောက်ပြီး အချိုတည်းတာဖြစ်ဖြစ် လိမ္မော်သီးလေးစားလိုက်တာဖြစ်ဖြစ်အအီပြေစေနိုင်ပါတယ်။

လက်ဖက်စိမ်းရေနွေးကြမ်း

လက်ဖက်စိမ်းရေနွေးကြမ်းက ကိုလက်စထရောကျစေတဲ့အရာတစ်ခုပါ။ အစာတွေအစားများပြီး နေလို့မကောင်းဖြစ်ရင်လက်ဖက်စိမ်းရေနွေးကြမ်းသောက်လိုက်ရင် သွေးတွင်းကိုလက်စထရောကိုပမာဏကို လျော့ချပေးနိုင်ပါတယ်။ နောက်ထပ်အံ့သြစရာအချက်ကသွေးဖိအားကိုလည်း ပုံမှန်ပြန်ဖြစ်စေပါတယ်။

ငှက်ပျောသီးစားပါ

အငံအစားအသောက်တွေစားပြီး ရေငတ်နေတာမျိုးဖြစ်ရင် ငှက်ပျောသီးစားပေးပါ။ ငှက်ပျောသီးက ကိုယ်တွင်းခံစားရတဲ့အငံဓာတ်တွေကို လျော့ချပေးနိုင်ပါတယ်။ သွေးဖိအားကိုလည်း လျော့ကျစေပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်က အစားများလို့ဖြစ်တတ်တဲ့ နေလို့ထိုင်လို့မကောင်းတဲ့ ပြသနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။
ဒိန်ချဉ်က အူတွင်းဘက်တီးရီးယားတွေကို ထိန်းပေးနိုင်ပြီး လေနဲ့ဝမ်းပြသနာကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။

Mote Lin Mayar

မုန့်လင်မယား

Mote Lin Mayar

မုန့်လင်မယား

မြန်မာ့ရိုးရာမုန့်ထဲက အမည်ဆန်းဆန်းလေးနဲ့ အရသာကောင်းတဲ့မုန့်တစ်ခုကိုပြောပြပါဆိုရင်တော့မုန့်လင်မယားကိုပဲ ပြေးမြင်မိပါမယ်။ မုန့်လင်မယားကို မြန်မာနိုင်ငံရဲ့ ဒေအသီးသီးမှာရောင်းချပြီးအများစုကြိုက်နှစ်သက်စွာစားသုံးလေ့ရှိကြပါတယ်။ အများစုကတော့ မုန့်လင်မယားလို့ခေါ်တွင်ကြပြီးမော်လမြိုင်ဘက်မှာတော့ မုန့်လင်မယားကို မုန့်အုပ်ကလေး လို့ခေါ်တွင်ကြောင်းမှတ်သားဘူးပါတယ်။ဒီတစ်ခေါက်မှာတော့ မုန့်လင်မယား ပြုလုပ်နည်းလေးအကြောင်းကို မျှဝေပေးချင်ပါတယ်။

မုန့်လင်မယား

မုန့်လင်မယားလုပ်ဖို့အတွက် မုန့်လင်မယားပြုလုပ်တဲ့ ဒယ်လိုအပ်ပါတယ်။ ချိုင့်ခွက်လေးတွေနဲ့ အသေးအကြီးအမျိုးမျိုးရှိပြီး ကိုယ်တိုင် ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ပါဝင်ပစ္စည်းအနေနဲ့ ကြက်သွန်မြိတ်၊ ချင်း၊စားတော်ပဲ၊ငုံးဥ၊ ဆား၊ သကြား၊ ဟင်းခတ်မှုန့်၊ ဆီနဲ့ ဆန်မှုန့် တွေလိုအပ်ပါတယ်။ပြုလုပ်နည်းဆန်မှုန့်ကို လဘက်ရည်ပန်းကန်လုံးနဲ့ ချင်ထည့်ပြီး ဆန်မှုန့်များအရည်ပျော်ဝင်သွားသည်အထိ ရေနဲ့ နှယ်ပေးပါ။ မုန့်သားအမာအပျော့ကို ကိုယ့်စိတ်ကြိုက်အနေအထားထိရအောင် ပြုလုပ်နိုင်ပါတယ်။ ချင်းကို အရည်ညစ်လို့ရသည်အထိ ပါးပါးလှီးပြီးမုန့်နှစ်ရည်ထဲကို ချင်းအရည်လေး ညှစ်ထည့်ပေးရပါမယ်။ ပါးပါးလှီးထားတဲ့ ကြက်သွန်မြိတ်လေးတွေကို လှီးထည့်ပြီး ဆား၊ သကြားနဲ့
ဟင်းခတ်မှုန့်ကို အချိုးကျအောင် ထည့်ပေးရပါမယ်။ ဒါကမုန့်လင်မယားအနှစ်လုပ်ဖို့အတွက် လိုအပ်တဲ့ အဆင့်တွေပဲဖြစ်ပါတယ်။အဆင်သင့်ဖြစ်တဲ့အခါ မုန့်လင်မယားဒယ်ကို ဆီစုပ်တံလေးနဲ့ ပါးပါးသုတ်လိမ်းပေးရပါမယ်။ မုန့်အိုးခွက်လေးတွေထဲကိုအနေတော်ထည့်ပြီး တစ်ခုချင်းစီကို ဖြည့်ပေးရပါမယ်။ မီးအပူရှိန်ကြောင့် မုန့်သားလေးတွေ မကျက်လာခင်မှာ ငုံးဥ၊ ပဲပြုတ်တို့ကိုထည့်ပေးရပါမယ်။မုန့်လင်မယားကို အရသာထူးထူးခြားခြားလေးနဲ့ စားချင်တယ်ဆိုရင် နှမ်းလှော်ကို ဆားလေးဖြူးပြီး နှမ်းထောင်းနဲ့အတူစားသုံးနိုင်ပါတယ်။ မုန့်လင်မယားက နေရာဒေသတိုင်းမှာ အလွယ်တကူဝယ်ယူနိုင်တဲ့ မြန်မာ့ရိုးရာမုန့်တစ်ခုဆိုပေမယ့်
ကိုယ်တိုင်လုပ်စားရတာ ဝါသနာပါတဲ့သူတွေအတွက် မုန့်လင်မယားပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

ဒီစားစရာတွေက အတူမထားသင့်ပါဘူး

5952a599b4db9b7a408b45cf-750

ဒီစားစရာတွေက အတူမထားသင့်ပါဘူး

ဒီစားစရာတွေက အတူမထားသင့်ပါဘူး

ရေခဲသေတ္တာထဲမှာဖြစ်စေ၊ ကြောင်အိမ်ထဲမှာဖြစ်စေ အစားအစာတွေကို
အလွယ်တကူ သိမ်းဆည်းလေ့ရှိကြပါမယ်။ ဒီနေရာမှာ သင်သတိမထားမိသေးတဲ့
အတူမထားသင့်တဲ့ အစားအစာတွေအကြောင်းကို သိမှတ်ထားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

ကြက်သွန်နီနဲ့အာလူး

ကြက်သွန်နီနဲ့ အာလူးက ဟင်းချက်ရာမှာပြသနာမရှိပေမယ့် အတူတွဲသိမ်းဆည်းမယ်ဆိုရင်တော့
မကောင်းပါဘူး။ ကြက်သွန်ကြောင့် အာလူးကို ပျက်စီးစေနိုင်ပါတယ်။ အတူတွဲမထားသင့်ပါဘူး။

ခရမ်းချဉ်သီးကို ရေခဲသေတ္တာထဲမထည့်သင့်ပါ

ခရမ်းချဉ်သီးကို ရေခဲသေတ္တာထဲမှာထားခြင်းက အရသာကိုပျက်စီးစေပါတယ်။ အချိန်အကြာကြီး
ထားမိရင် ဓာတ်ပျက်နိုင်တာကြောင့် ခရမ်းချဉ်သီးကို အပြင်မှာထားတာက ပိုအဆင်ပြေပါတယ်။

ပန်းသီးနဲ့ လိမ္မော်သီး

ပန်းသီးကို ကြာကြာခံစေချင်ရင် ရေခဲသေတ္တာလို အေးတဲ့နေရာမှာထားတာပိုကောင်းပါတယ်။ လိမ္မော်သီးကိုတော့ပန်းသီးနဲ့နေရာခွဲထည့်ပါ။ ပန်းသီးနဲ့လိမ္မော်သီးက အတူတွဲမထားသင့်တဲ့ အသီးအနှံတွေပါ။

မုန်လာဥ၊ ကြက်သွန်နီတို့ကို အိတ်နဲ့သိမ်းဆည်းပါ

ကြက်သွန်နီ၊ မုန်လာဥတို့ဆိုတာက မြေကြီးထဲကဥပါတဲ့ ဟင်းသီးဟင်းရွက်အမျိုးအစားတွေဖြစ်ပါတယ်။
အာဟာရဓာတ်တွေမဆုံးအောင်၊ ဓာတ်မပျက်အောင် အေးမြစိုထိုင်းတဲ့နေရာမှာပဲ ထားသင့်ပါတယ်။ စက္ကူအိတ်နဲ့
ပတ်ပြီး သိမ်းဆည်းလို့ရပါတယ်။ ရေခဲသေတ္တာထဲထည့်သိမ်းမယ်ဆိုရင်တော့ ပလတ်စတစ်အိတ်သုံးနိုင်ပါတယ်။

The amazing benefit of carrots

cr

The amazing benefit of carrots

The amazing benefit of carrots

ဒီထက်ပိုလှပပြီး ကျန်းမာချင်တယ်ဆို မုန်လာဥနီပုံမှန်စားပါ

အရသာချိုချိုလေးနဲ့ ကြွပ်ကြွပ်ရွရွမုန်လာဥကို လူတိုင်းသိကြမှာပါ။ မုန်လာဥနီကို အသီးအနှံတွေနဲ့ရောပြီး အစိမ်းကြော်နဲ့စားသလို အစိမ်းတို့စားပုံတစ်နည်း ဖျော်ရည်အဖြစ်တစ်ဖုံ မျိုးစုံ စားသုံးလေ့ရှိကြပါတယ်။

ဒါပေမယ့် မုန်လာဥနီရဲ့ အကျိုးပြုပုံနဲ့ ကောင်းကျိုးတွေကို သိရှိတဲ့သူနည်းပါတယ်။ ဒီတစ်ခေါက်မှာ မုန်လာဥနီ စားသုံးခြင်းရဲ့ အကျိုးကျေးဇူးတွေအကြောင်း ဖော်ပြပေးသွားပါမယ်။

ခန္ဓာကိုယ်ထဲမှာ ကိုလက်စထရော များနေခြင်းဟာ နှလုံးရောဂါ ဖြစ်စေနိုင်ပါတယ်။ မုန်လာဥနီ ပုံမှန်စားသုံးခြင်းဟာ ကိုလက်စထရောကို ကျဆင်းစေတာကြောင့် နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။

အမျှင်ဓါတ်တွေ ပေါများစွာပါဝင်တဲ့မုန်လာဥနီကို စားသုံးခြင်းဟာ အစာခြေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ နောက်တစ်ခုအကျိုးပြုတာက Vitamin C ပါဝင်တာကြောင့် အသားအရေကို ကြည်လင်တောက်ပစေပါတယ်။ မွဲခြောက်ခြောက်အသားအရည်မဖြစ်ချင်ရင်တော့ မုန်လာဥနီကိုသာ ပုံမှန်လေးစားသုံးပေးပါ။

အထူးသဖြင့် မုန်လာဥနီနဲ့ပတ်သက်လို့ လူသိများတဲ့အချက်ကတော့ မျက်စိကျန်းမာရေးအတွက် အထောက်အကူပြုတာကိုပါ။ မုန်လာဥနီမှာ ပိုတက်စီယမ် များများစားစား ပါဝင်ခြင်းဟာ သွေးပြန်ကြောနဲ့ သွေးလွှတ်ကြော တင်းမာမှုတွေကို ပြေလျော့စေပြီး သွေးလည်ပတ်မှုကို အားကောင်းစေတဲ့အပြင် ခန္ဓာကိုယ်တလျောက် သွေးစီးဆင်းမှုကိုလည်း တိုးတက်စေပါတယ်။ ဒီလိုမျိုး သွေးလည်ပတ်မှု ကောင်းမွန်တာကြောင့် ရုတ်တရက် လေဖြန်းတာနဲ့ လေဖြတ်တာတွေလည်း မဖြစ်စေနိုင်ပါဘူး။

အလှအပဆိုတာ ပင်ပင်ပန်းပန်း ရှာဖွေဖန်တီးနေစရာမလိုပါဘူး။ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေကို စနစ်တကျနဲ့ ကျန်းမာရေးနဲ့ညီညွှတ်အောင်စားမယ်ဆိုရင် ဒီထက်ပိုလှပပြီး ကျန်းမာတဲ့ဘဝတစ်ခုကို တည်ဆောက်နိုင်ပါလိမ့်မယ်။

Palm Wine Bar

frame

Palm Wine Bar

အပြင်အဆင်အလန်းစားနဲ့ သန်လျင်က Palm Wine Bar

ထန်းရည်ကို အဆင့်မြင့်မြင့်နဲ့ အေးအေးဆေးဆေး ဇိမ်နဲ့သောက်ချင်တယ်ဆိုရင်တော့ သန်လျင် Star City ထဲက Palm Wine Bar & Restaurant ကိုရွေးသင့်ပါတယ်။ သန့်ရှင်းပြီး သူငယ်ချင်းတွေစုပြီး သွားလို့ကောင်းမယ့်နေရာတစ်ခုပါ။

ဆိုင်မှာ ထန်းရည်အပြင် မြန်မာအစားအသောက် ဆန်းဆန်းပြားပြားလေးတွေရနိုင်ပါသေးတယ်။ ထန်းသီးကြော်၊ ဗူးသီးကြော်၊ ခရမ်းသီးကြွပ်ကြော်၊ ကော်ပြန့်ကြော်တို့ရပါတယ်။ နောက်ထပ်ရွေးချယ်စရာတစ်ခုက ထန်းရည်အပြင် Classical Cocktail အစုံ၊ ဘီယာတွေလည်းရလို့ သောက်စရာအတွက်ကတော့ ရွေးစရာအများကြီးရှိပြီး အဆင်ပြေတယ်။

အခုထန်းရည်အကြောင်းနဲ့စဖွင့်ရရင် လာချပေးတဲ့ ပုလင်းပုံစံလေးက ဆွဲဆောင်မှုရှိတယ်၊ ချစ်ဖို့ကောင်းတယ်။ ဒါပေမယ့် ထန်းရည်ရဲ့ အရသာကတော့ ထူးပြီးပြောရလောက်အောင် မရှိဘူး။ သေချာတာတစ်ခုက အရောအနှောကင်းတဲ့အရသာဖြစ်လို့ စိတ်ချလက်ချသောက်လို့ရတယ်။ အညာထန်းရည်တို့ မော်လမြိုင်တို့ရဲ့ taste ကို မရတာတော့ ရေမြေအနေအထားကြောင့်လို့ပဲလို့ ကောက်ချက်ချလို့ရတယ်။ ထန်းရည်နဲ့အတူရောချပေးတဲ့ မြေပဲအစပ်ကြော်ကတော့ စားလို့ကောင်းတယ်။

အမြည်းမှာစားဖြစ်ခဲ့တဲ့ ကော်ပြန့်ကြော်ပူပူလေးကတော့ တကယ်သဘောကျဖို့ကောင်းတယ်။ တစ်ပွဲ ၃၅၀၀ ပါ။ ဆတ်သားခြောက်သုပ်လည်း စားလို့ကောင်းတယ်ဆိုတဲ့ အရသာလို့ ဆိုနိုင်ပါတယ်။ တစ်ပွဲ ၅၀၀၀ ကျပ်ဖြစ်ပါတယ်။

ဆိုင်က သန်လျင်တံတားအဆင်းက Star City ထဲမှာရှိပြီး ကိုယ်ပိုင်ကားနဲ့သွားမှ အဆင်ပြေနိုင်မှာပါ။ ဆိုင်တွင်းအပြင်အဆင်မှာ ရှေးဟောင်းမြန်မာဓာတ်ပုံတွေနဲ့ အလှဆင်ထားပြီး ဓာတ်ပုံရိုက်လို့ကောင်းပါတယ်။

ကဲပိတ်ရက်မှာ ဘယ်သွားရမလဲစဉ်းစားနေတဲ့ မိတ်ဆွေတွေအတွက် အမိုက်စားထန်းရည်ဆိုင်တစ်ဆိုင် အလင်းပြလိုက်ပါတယ်။

Shop Info

Location

Wing B,A 4,Star City, Thanlyin
Yangon

TEL/Email

Phone : 09 528 3327

Email : contacts@company.com

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Mr.Jerry Thai BBQ and Hotpot

44203332_2275242536086775_4426815550672338944_n

Mr.Jerry Thai BBQ and Hotpot

ချစ်စရာကောင်းတဲ့ ဆိုင်အပြင်အဆင်နဲ့ အစားအသောက်ကောင်းတဲ့ ဟော့ပေါ့ဆိုင်

ဒီတစ်ခေါက်မှာ လူပြောများနေတဲ့ ဟော့ပေါ့ဆိုင်လေးတစ်ဆိုင်ကိုရောက်ခဲ့တယ်။ အွန်လိုင်းက သူငယ်ချင်းတွေ တော်တော်များများသွားဖူးကြပြီး ဓာတ်ပုံလေးတွေမြင်ထဲက သွားချင်နေတဲ့ ဆိုင်ဖြစ်တဲ့ Mr.Jerry Thai BBQ and Hotpot ဆိုင်ကို ဒီတစ်ပတ်ရောက်ဖြစ်ခဲ့တယ်။

ဆိုင်ပုံစံလေးက သန့်သန့်ရှင်းရှင်းနဲ့ သပ်ရပ်မှုရှိပြီး ဝန်ထမ်းတွေလည်း အဆင်ပြေတယ်လို့ ဆိုရပါမယ်။ အသားအရသာလတ်ဆတ်မှုရှိပြီး အစားအသောက်အမျိုးအစားလည်း တော်တော်လေး စုံလင်အောင် ခင်းကျင်းထားတဲ့ အဝစားဟော့ပေါ့ဆိုင်လေးပါ။

 

အကင်ရော ဟော့ပေါ့ပါ စားလို့ရတဲ့ အိုးလေးဖြစ်ပြီး ရွေးချယ်စရာ ဟင်းရည် ၂ မျိုးရှိပါတယ်။ အက်ဒမင်ကတော့ ချဉ်စပ်ဟင်းရည်ကို ရွေးခဲ့တယ်။ ဟင်းရည်အရသာက အရမ်းချဉ်စပ်ဘက်ကိုမသွားပဲ ပုံမှန်လောက်ပဲဖြစ်တာကြောင့် တစ်ဦးထည်းအမြင်အရ သိပ်သဘောမကျမိပါဘူး။ ဒါပေမယ့် ကုန်သွားတာနဲ့ refill ပြန်လုပ်ပေးတာကိုတော့ သဘောကျမိတယ်။

ဒီဆိုင်ရဲ့ အကင်တော်တော်များများက အရသာကောင်းပြီး Cheese နဲ့တွဲစားရတာကို တော်တော်လေး ခံတွင်းတွေ့မိတယ်။ ကုန်သွားလည်း စိတ်ပူစရာမလိုပဲ ထပ်တောင်းသမျှထည့်ပေးမယ့် ဝန်ထမ်းလေးတွေရှိပါတယ်။

 

အသားအနေနဲ့က အသားအစုံအလင်ရှိပြီး အရသာအမျိုးမျိုးလည်းရှိပါတယ်။ ပင်လယ်စာကတော့ စောစောသွားရင် များများရွေးချယ်စရာရှိနိုင်ပါတယ်။ သဘောကျမိတဲ့နောက်တစ်ခုက Thai Tea နဲ့ Ice lemon tea အေးအေးလေးကိုပါပဲ။ ရေခဲမုန့် တွေလည်းအရသာအစုံရှိပြီး အစားတစ်လိုင်းတွေအတွက် အတော်လေး အဆင်ပြေမယ့် ဆိုင်လေးပါ။

Shop Info

Location

No. 33, Waizayanta Road,Thingyan Kyon Township
Yangon 11071

TEL/Email

Phone : 09 40405 0341

 No emails

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Foods for Health

stk

Foods for Health

ဆင်တုပ်ကွေးဖြစ်ပြီးနောက် မြန်မြန်နာလန်ထူအောင် ဦးစားပေးစားရမည့် အစားအစာများ

အခု အဖြစ်များနေကြတဲ့ ဆင်တုပ်ကွေး ခေါ် Chikungunya ဟာ ရောဂါပိုးသယ်ဆောင်လာတဲ့ခြင်ကိုက်တာခံရပြီး ၂ ရက်ကနေ ၇ ရက်အတွင်း လက္ခဏာတွေပေါ်လာတတ်ပါတယ်။ စစချင်းမှာ ကိုယ်ပူတာ၊ အဆစ်အမြစ်တွေကိုက်ခဲတာခံစားရတယ်၊ နောက်တော့ နုံးတာ၊ ကြွက်သားနာကျင်တာ၊ ခေါင်းကိုက်တာ၊ အရေပြားအနီကွက်ဖြစ်တာတွေဖြစ်လာနိုင်ပါတယ်။ သူ့ရဲ့ပြဿနာကတော့ အဖျားပျောက်တာကြာနေတာတောင် အားနည်းတာ၊ ယားယံတာနဲ့ နာကျင်ကိုက်ခဲမှုတွေက ကျန်နေခဲ့တာပဲဖြစ်ပါတယ်။

အများစုကတော့ ၃ ရက်ကနေ ၁၀ ရက်အတွင်း လက္ခဏာတွေသက်သာပျောက်ကင်းသွားကြပါတယ်။ တချို့တွေမှာတော့ အဆစ်နာကျင်ကိုက်ခဲမှုအကြွင်းအကျန်တွေကို လနဲ့ချီ၊ နှစ်နဲ့ချီပြီး ခံစားရနိုင်ပါတယ်။ Chikungunya ရဲ့နောက်ဆက်တွဲပြဿနာကြောင့် သေဆုံးမှုဖြစ်တာရှားပါတယ်။ ဒါပေမယ့် နာတာရှည်ရောဂါတွေရှိတဲ့ သက်ကြီးပိုင်းအရွယ်တွေမှာ တစ်ခါတလေ ရောဂါပိုပြင်းထန်တတ်ပါတယ်။

ဆင်တုပ်ကွေးဖြစ်လာပြီဆိုရင် – နားနားနေနေ နေပါ။ ရေများများသောက်ပါ။ ဆရာဝန်ညွှန်ကြားတဲ့ ဆေးကိုပဲသောက်ပါ။ ကိုယ်ထင်ရာအကိုက်အခဲပျောက်ဆေး၊အဖျားကျဆေးတွေမသောက်ပါနဲ့။ အာဟာရပြည့်ဝအောင်စားပါ။ Chikungunya ဖြစ်ပြီးပြီဆိုလည်း ပေါ့ပေါ့ဆဆမနေပါနဲ့။ လက္ခဏာစတင်ပြီး တစ်ပတ်အတွင်းမှာခြင်ထပ်အကိုက်မခံရအောင် ဂရုစိုက်ပါ။ နေမကောင်းဖြစ်နေတဲ့ကိုယ့်ကို ကိုက်သွားတဲ့ ခြင်ကတဆင့် ကိုယ့်မိသားစု သို့မဟုတ် တခြားသူတွေဆီ ဆက်ပြီးကူးစက်နိုင်လို့ပါ။ အဖျားကျပြီး သက်သာလာတဲ့ နာလန်ထအချိန်ကလည်း အရေးကြီးပါတယ်။ဒါမှ ဆင်တုပ်ကွေးလက်ကျန် ဝေဒနာဒဏ်ကို တွန်းလှန်နိုင်ပြီး မြန်မြန်ပျောက်ကင်းနိုင်မှာပါ။

Omega 3 Fatty Acids – Omega 3 fatty acids ကြွယ်ဝတဲ့ အစားအစာတွေ နဲ့ ဖြည့်စွက်အားဆေးတွေ စားသုံးဖို့လိုပါတယ်။ Omega 3 fatty acids က ဦးနှောက်လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပြီး မှတ်ဉာဏ်ကောင်းမွန်စေတယ်၊ လေဖြတ်နိုင်ခြေလျော့နည်းစေတယ်၊ အဆစ်ရောင်လက္ခဏာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

အုန်းစိမ်းရည် – အုန်းစိမ်းရည်သောက်ရင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးနိုင်ပြီး ရေဓာတ်ပြည့်ဝစေနိုင်ပါတယ်။ ကိုယ်ခံအားစနစ်အတွက်လည်း အထောက်အကူပေးလို့ အုန်းစိမ်းရည်လေးသောက်ပေးပါ။

ရေ – တုပ်ကွေးဖြစ်နေတဲ့အချိန်မှာရော၊ သက်သာလာတဲ့အချိန်မှာရော ရေများများသောက်ပေးသင့်ပါတယ်။ ရေ သို့မဟုတ် ရေဓာတ်ပြည့်စေမယ့် အရည်တွေများများဝင်အောင် ဂရုစိုက်ပါ။

အစိမ်းရင့်ရောင်အသီးအရွက် – အစိမ်းရောင်အသီးအရွက်တွေက ကယ်လိုရီနည်းသလို ချေဖျက်ရလွယ်တယ်။ ဒီလိုအချိန်မှာ ခန္ဓာကိုယ်ကို ပြန်ဖြည့်တင်းပေးဖို့ လိုအပ်နေတဲ့ ဗီတာမင်တွေအများကြီးပါဝင်တယ်။ ဒီဗီတာမင်တွေကြောင့် ဆင်တုပ်ကွေးလို ရောဂါတွေကနေ ကျန်းမာရေးပြန်ကောင်းမွန်လာဖို့ အထောက်အပံ့များစွာရနိုင်ပါတယ်။

စွပ်ပြုတ် – အိမ်မှာပဲ ချက်တဲ့ အသားနဲ့ အသီးအရွက်ဟင်းရည်၊ စွပ်ပြုတ်လေးတွေသောက်ပါ။ မုန်လာဥဖြူ သို့မဟုတ် ဥနီပါရင်ပိုကောင်းပါတယ်။

ပန်းသီးနဲ့ ငှက်ပျောသီး – ဆင်တုပ်ကွေးဖြစ်ရာကနေ သက်သာကာစအချိန်မှာ ပန်းသီးနဲ့ ငှက်ပျောသီး စားပေးပါ။ ပန်းသီးမှာ အစာခြေလမ်းကြောင်းကို သန့်စင်ကျန်းမာစေတဲ့ အမျှင်ဓာတ်တွေကြွယ်ဝပြီး ကိုလက်စထရောပမာဏကို ထိန်းညှိပေးတယ်။ ငှက်ပျောသီးမှာလည်း ဝမ်းချုပ်တာကိုကာကွယ်ပေးပြီး အူကိုသန့်စေတဲ့ အမျှင်ဓာတ်တွေပါဝင်ပါတယ်။

ဗီတာမင် C နဲ့ E – ဗီတာမင် C က အနာကျက်စေတဲ့အပြင် ကြွက်သား၊ အရိုး၊ အရွတ်နဲ့ သွေးကြောတွေရဲ့ဖွဲ့စည်းဖြစ်ပေါ်မှုကို ကူညီပေးပါတယ်။ ဗီတာမင် E က အသားအရေအတွက်ကောင်းတဲ့အပြင် ကင်ဆာရောဂါတွေ၊ ပါကင်ဆန်ရောဂါနဲ့ အဆစ်ရောင်လေးဘက်နာရောဂါတို့ကို ကာကွယ်ပေးပါတယ်။ မာလကာသီး၊ ပန်းငရုတ်ပွအဝါ၊ ကီဝီသီး၊ ပန်းဂေါ်ဖီစိမ်း၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး စတာတွေမှာ ဒီဗီတာမင်နှစ်မျိုးလုံးကို ရရှိနိုင်ပါတယ်။

ရှောင်ရမှာက – အချိုများတဲ့အစားအစာတွေ၊ အသင့်စားသရေစာနဲ့ အဆီများတာတွေရှောင်ပါ။ ကဖင်းနဲ့ ဂက်စ်ပါတဲ့ သောက်စရာတွေကို ရှောင်ပါ။ ဆေးလိပ်၊ အရက် ရှောင်ပါ။ ပြုပြင်စီမံထားတဲ့၊ အေးခဲထားတဲ့ အစားအစာတွေကို ရှောင်ပါ။ အပူအစပ်တွေ ရှောင်ပါ။



ရှမ်းထမင်းဝါ(ခေါက်လန်)

ဒီနေ့တော့ ရှမ်းထမင်းဝါ(ခေါက်လန်)လုပ်နည်း ရေးပေးပါမယ်ရှင်။ ရှမ်းထမင်းဝါဆိုတာ နနွင်းနဲ့ ချက်ထားတဲ့ ရှမ်းဆန်စီးစီးကို စေးပိုင်နေအောင် မောင်းဆုံနဲ့ ထောင်းထားပြီး အပြားခတ်ထားတဲ့ထမင်းချပ်ကို ခေါ်တာပါ။ အဆိုပါ ထမင်းချပ်ကို နှမ်းထောင်းဆီမွှေး၊ ခရမ်းချဉ်သီးအနှစ်ချက်၊ ငရုတ်သီးကြော်တို့နဲ့ တွဲဖက်သုံးဆောင်ရတာပါ။ အိမ်မှာချက်စားမယ့် ထမင်းဝါအတွက် အဓိကအခက်အခဲက ထမင်းကိုစေးပိုင်နေအောင်ထောင်းဖို့ မောင်းဆုံမရှိတာပါပဲ။ အဲဒီအတွက် ကျွန်မကတော့ လက်ဖနောင့်နဲ့ နာနာနယ်၊ ငရုတ်ဆုံနဲ့ထောင်းပြီး ဂျုံလှိမ့်တဲ့ ဒလိမ့်တုန်းနဲ့ လှိမ့်ပါတယ်။

ရှမ်းထမင်းဝါက နေရာဒေသကိုလိုက်ပြီး ထည့်ရတဲ့အဆာပလာအနည်းငယ်ကွဲပြားမှုတော့ရှိနိုင်ပါတယ်။ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ဈေးထဲမှာ စားခဲ့ဖူးတဲ့ ရှမ်းထမင်းဝါဆိုရင် ထမင်းကို စေးပိုင်နေအောင်ထောင်းပြီး ပါးလှပ်လှပ် အပြားခတ်ထားပါတယ်။အဆိုပါ ထမင်းကိုမှ နှမ်းထောင်းဆီမွှေး၊ ငရုတ်သီးထောင်းကြော်၊ ဂျူးမြစ်နဲ့ပဲပုတ်စေ့ရောထားတဲ့ အရောတစ်မျိုးနဲ့ တွဲဖက်စားရပါတယ်။ ခရမ်းချဉ်သီးချက်မပါပေမယ့် အရမ်းစားကောင်းပါတယ်။ အခုရေးပေးမယ့်နည်းကတော့ ခရမ်းချဉ်သီးအနှစ်ပါတဲ့ ချက်နည်းပဲ ဖြစ်ပါတယ်။


ပါဝင်ပစ္စည်း

ထမင်းဝါအတွက် ရှမ်းဆန် – ၂ လုံး

နနွင်း – ဇွန်းတစ်ဝက် (လက်ဖက်ရည်ဇွန်း)

ဆား – အနည်းငယ်

အနှစ်အတွက် ခရမ်းချဉ်သီး – ၆ လုံး

ဆီ – ၂ ဇွန်း(ဟင်းစားဇွန်း)

ဆား – အနည်းငယ်

ပဲငပိအစပ် – ၂ ဇွန်း(ဟင်းစားဇွန်း) မထည့်လဲရ

နှမ်းထောင်းဆီမွှေး နှမ်းလှော် – ၂ ဇွန်း(ဟင်းစားဇွန်း)

ဆီ – ၃ ဇွန်း(ဟင်းစားဇွန်း)

ကြက်သွန်ဖြူ – ၁ ဥ(ဥကြီး)

တွဲဖက်စားသုံးရန် ငရုတ်သီးအခြောက်တောင့်ကြော်(or)ငရုတ်သီးထောင်းကြော်

ဂျူးမြစ် နံနံပင်

ပြုလုပ်နည်း

ထမင်းဝါ စချက်ပါမယ်။ ရှမ်းဆန်ကိုရေဆေးပြီး ပုံမှန်ထမင်းချက်သလိုမျိုးကိုမှ ရေအနည်းငယ်ပိုထည့်ပြီး နနွင်းနဲ့ ဆားတို့ ထည့်ချက်ပါမယ်။ ထမင်းကျက်ရင် ပူတုန်းမှာပဲ ငရုတ်ဆုံထဲထည့်ပြီး စေးပိုင်အောင်ထောင်းပေးပါ။ လက်ဖနောင့်နဲ့ နာနာဖိနယ်ပေးလည်းရပါတယ်။ ထမင်းတွေ စေးပိုင်ပြီး ဆန်လုံးပျောက်ပြီဆိုရင် plastic wrap ထဲထည့်ပြီး ဒလိမ့်တုန်းနဲ့ လှမ့်ပါမယ်။ ပါးလှပ်လှပ် အပြားရပြီဆိုရင် donut cutter ဒါမှမဟုတ် ပန်းကန်လုံး အနားကို ဆီသုပ်ပြီး အကွင်းလေးတွေ ဖိဖြတ်ပေးပါ။ တစ်ခုနဲ့ တစ်ခုမကပ်အောင် ဆီသုတ်ထားပါ။

ခရမ်းချဉ်သီးအနှစ်ချက်ဖို့အတွက် ခရမ်းချဉ်သီးတွေကို နူးအောင်ပြုတ်ပါမယ်။ ရရင် အခွံနွှာပြီး Blander ထဲ ထည့်ကြိတ်ပါမယ်။ ဓားနဲ့ နုတ်နုတ်စဉ်းလဲ ရပါတယ်။ ခရမ်းချဉ်သီးရရင် အနှစ်စချက်ပါမယ်။ ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူလာရင် ခရမ်းချဉ်သီးအနှစ်ရယ် ဆားရယ် ပဲငပိရယ်ထည့်ပြီး မွှေးလာအောင် ချက်ပါမယ်။ ပဲငပိ မထည့်ချင်လဲရပါတယ်။

ဆီမွှေးအတွက်က ကြက်သွန်ဖြူဆီချက်ချက်ပါမယ်။ဆီချက်ရရင် ဒယ်အိုးကို မီးဖိုပေါ်က ချပြီး နှမ်းထောင်းထားတာ ရောထည့်ပါ။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် တစ်ယောက်စာ အတွက် စားဖို့ပွဲပြင်ပါမယ်။ ထမင်း၂ချပ်ကို ကတ်ကြေးနဲ့ညှပ်ပါ။ အပေါ်ကနေ ခရမ်းချဉ်သီးအနှစ်နဲ့ နှမ်းဆီမွှေးထည့်ပြီး ဂျူးမြစ်၊ငရုတ်သီးကြော် နံနံပင်တို့နဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်။ ဆန်လုံးစီကြော်၊ ဝက်ခေါက်ကြော်တို့နဲ့လဲ တွဲဖက်သုံးဆောင်နိုင်ပါတယ်။

ချင်းကြက်သားသုပ်

ချင်းကြက်သားသုပ်

ချင်းကြက်သားသုပ်

ချင်းကြက်သားသုပ်

ဒီတစ်ပတ်တော့ အိမ်မှာ လွယ်လွယ်ကူကူ လုပ်စားလို့ရတဲ့ ချင်းကြက်သားသုပ်နည်းလေး ဖော်ပြပေးလိုက်ပါတယ်။

ဖက်ဖယ်ရွက်နံ့နဲ့ ချင်းနံ့သင်းနေတဲ့ ချင်းကြက်သားသုပ်ကို ပထမဦးဆုံး စစားဖူးတာက ချင်းပြည်နယ် မင်းတပ်မြို့လေးကို သွားရောက်လည်ပတ်စဉ်အခါကပါ။ နောက်ပိုင်း ကန်ပက်လက်နဲ့ မင်းတပ်မြို့တွေ ရောက်တဲ့အခါတိုင်းလဲ ချင်းကြက်သားသုပ်နဲ့ ချင်းဆန်ပြုတ်ကို ကြိုက်လွန်းလို့ နေ့တိုင်းနီးပါး စားဖြစ်တယ်။ ရောက်လေရာ အရပ်တိုင်းမှာ ကိုယ်ကြိုက်တဲ့ ဒေသစာလေးတွေတွေ့ရင် ချက်နည်း၊ပြုတ်နည်းတွေ လိုက်မေး သေချာမှတ်သားထားပြီး အိမ်မှာလည်း ပြန်လုပ်စားဖြစ်တယ်။အခု ကျွန်မမေးလာတဲ့ ချင်းကြက်သားသုပ်နည်းကို ပြန်ဖော်ပြပေးလိုက်ပါတယ်။

 

ချင်းကြက်သားသုပ်

=======


=======






Jengkol

frame

Jengkol

ဒါဖတ်ပြီးမှ တညင်းသီးစားပါ

တညင်းသီးဆိုတာ မြန်မာလူမျိုးတော်တော်များများစားကြတဲ့ အရာတစ်ခုပါ။ ဒီတစ်ခေါက် တညင်းသီးနဲ့ပတ်သက်ပြီး စားသင့်မစားသင့်နဲ့ တညင်းသီးအကြောင်းကို ပြန်လည်မျှဝေပေးချင်ပါတယ်။

ပထမဆုံးတစ်ချက်အနေနဲ့ တညင်းသီးမှာ လူကိုအကျိုးပြုတဲ့ ဗီတာမင်ဓာတ်ပါဝင်ခြင်းမရှိပါဘူး။

လူကို ဒုက္ခပေးနိုင်တဲ့ အဆိပ်ဓာတ်တွေပါဝင်နေပါတယ်။

တညင်းသီးဟာ အဆိပ်အတောက်ရှိတဲ့ အသီးဖြစ်ပါတယ်။

တညင်းသီးတောက်တာကို Djenkilism လို့ခေါ်ပါတယ်။

အဆိုးဆုံးအနေနဲ့ တညင်းသီးကိုအလွန်အကျုးစားသုံးခြင်းက ကျောက်ကပ်နှစ်လုံးတစ်ပြိုင်ထဲပျက်စီးနိုင်ပြီး
အသက်အန္တရာယ်ရှိသည်အထိဖြစ်တတ်ပါတယ်။

တညင်းသီးကို ဘယ်လိုစားသင့်လဲ

တညင်းသီးကိုမရှောင်နိုင်ဘူး၊ စားချင်တယ်ဆိုရင်တော့ ရေနဲ့ ၃ ကြိမ်မှ ၅ ကြိမ်အထိ ပြုတ်ပေးရပါမယ်။ ပြုတ်ပြီးသားရေကိုသွန်ပြီး ရေအသစ်ကို ထပ်သုံးဖို့လိုပါမယ်။ တညင်းသီးကို ဆားရည်မှာကြာကြာစိမ်ပြီးစာရင်တော. အဆိပ်တွေတော်တော်လေးလျေားနည်းသွားပါတယ်။ တညင်းသီး အဆိပ်ဟာ ဆားရည်မှာ အလွယ်တကူပျော်ဝင်ပါတယ်။

တညင်းသီးစားရင် ဘာအကျိုးဆက်တွေ ဖြစ်လာနိုင်လဲ

တညင်းသီးစားပြီးရင် ပါးစပ်မှာနံတာ၊ ဆီးသွားရင် အနံ့ဆိုးတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါဟာစားလိုက်တဲ့သူရဲ့
ခန္ဓာကိုယ်ထဲမှာ တညင်းသီးထဲက အဆိပ်တွေရှိနေပြီဆိုတဲ့ လက္ခဏာပါပဲ။ ဒီလိုဖြစ်နေခြင်းက သင့်ကိုစမတ်မကျစေပါဘူး။

အဆိုးဆုံးက ကိုယ့်ရဲ့ လှပတဲ့အလှအပကိုတောင် ဒီအနံ့ဆိုးတွေက ဖျက်ဆီးပစ်နိုင်ပါတယ်။

အတတ်နိုင်ဆုံး ရှောင်ပါ။ မရှောင်နိုင်ရင် နည်းလမ်းမှန်မှန်နဲ့ ချင့်ချိန်စားသုံးပါ။

” လိုချင်သူတွေ ဝိုင်းဝိုင်းလည်နေတဲ့ဘဝကို
တညင်းသီးကြောင့် မပျက်စီးပါစေနဲ့ ”