Best Japanese Restaurants in Yangon

5e6710ec9db7c

Best Japanese Restaurants in Yangon

ရန်ကုန်မြို့ရဲ့ လူကြိုက်အများဆုံး ဂျပန်စားသောက်ဆိုင်များ

ဂျပန်အစားအသောက်ကောင်းကောင်းစားဖို့အတွက် ဂျပန်နိုင်ငံအထိတော့
တကူးတကသွားနေဖို့မလိုတော့ပါဘူး။ ရန်ကုန်မှာလည်း ဂျပန်အစားအသောက်တွေနေရာတော်တော်များများမှာ ရနေပါပြီ။ ဒီတစ်ခေါက်မှာ ရန်ကုန်မြို့က ဂျပန်ရိုးရာအစားအသောက်တွေကောင်းတဲ့ဆိုင်တွေအကြောင်းကို စုစည်းဖော်ပြပေးသွားပါမယ်။ ဒီစားသောက်ဆိုင်တွေက Warmae အဖွဲ့သားတွေရှာဖွေထားသလောက်ကိုပြန်လည်ဖော်ပြခြင်းဖြစ်ပြီး အခြားဂျပန်စားသောက်ဆိုင်ကောင်းကောင်းတွေလည်း ရှိနိုင်ပါသေးတယ်။

Shiki Tei Restaurant

PARKROYAL Yangon ပထမထပ်မှာရှိတဲ့ Shiki Tei Restaurant မှာ ဂျပန်အစားအသောက်ကောင်းကောင်းတွေရှိပါတယ်။ ဂျပန်စားဖိုမှူးကိုယ်တိုင်ချက်ပြုတ်ထားတဲ့ ဂျပန်အစားအစာတွေကြောင့် လူကြိုက်များတဲ့ ဂျပန်စားသောက်ဆိုင်တစ်ဆိုင်ပါ။ ဆူရှီကောင်းကောင်း ဒါမဟုတ် Ramen ကောင်းကောင်းတွေစားမယ်ဆိုရင်တော့ ဒီဆိုင်ကိုရွေးချယ်သင့်ပါတယ်။

Address
+9518250388(Ext 8119)

Fuji Japanese Restaurant – Myanmar

အမာခံပရိသတ်အများကြီးရှိတဲ့ ဒီဆိုင်ကလည်း ရန်ကုန်ရဲ့ နာမည်ကျော် ဂျပန်စားသောက်ဆိုင်တွေထဲကတစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဆိုင်ခွဲတော်တော်များများရှိပြီး ဂျပန်စာကြိုက်သူတွေသဘောကျတဲ့သူတွေအတွက် Fuji Japanese Restaurant ကအဆင်ပြေစေမှာပါ။

1. Hantharwaddy Rd.
01-514776

2. Market Place
09- 730-22337

3. Mingalar Mandalay
09- 444457105

4. Junction City, L3
09-45440-3700

Family Sushi Japanese Restaurant

ဆူရှီဈေးတန်တန်နဲ့ကောင်းကောင်းလေးစားချင်တဲ့သူတွေအတွက် သင့်တော်တဲ့ဆိုင်လေးပါ။ Salmon Maki ၊ Tamago Nigiri၊ Salmon Nigiri စတဲ့ဆူရှီအမျိုးအစားပေါင်းများစွာကို ဈေးသက်သက်သာသာနဲ့စားနိုင်လို့ လူကြိုက်များတဲ့ဆိုင်လေးပါ။ စားကောင်းတဲ့ ဂျပန်အစားအသောက်အစုံရတဲ့ ဒီဆိုင်လေးကိုလည်း ဂျပန်အစားအစာချစ်သူတွေအကြိုက်တွေ့နိုင်မှာပါ။

104,U Chit Maung Housing, U Chit Maung St,Yangon.
09 507 7223

Fuji Sushi Japanese Food

ဆူရှီမှ ဆူရှီပဲဆိုရင်တော့ ဒီဆိုင်လေးကိုသွားဖို့လိုပါတယ်။ ရွေးချယ်စရာ ဂျပန်ဆူရှီအရသာများစွာရှိပြီး ဂျပန်အစားအစာကောင်းကောင်းလေးတွေလည်း ရရှိနိုင်မယ့် ဆိုင်လေးပါ။

Shwe Taung Tan Street,Yangon .
09 260 111 565

Kohaku Japanese Restaurant

Chatrium Hotel Royal Lake Yangon က Kohaku Japanese Restaurant မှာ တော့ အသား၊ ငါး အသီးအရွက်တွေကိုဂျပန်ရိုးရာအတိုင်းချက်ပြုတ်ထားတဲ့အစားအသောက်တွေရရှိနိုင်ပါတယ်။ မကြာခဏလည်း ဂျပန်အစားအသောက်တွေအတွက်ဘူဖေးအစီအစဉ်တွေလည်း ရှိတဲ့နေရာတစ်ခုပါ။

No 40 Natmauk Road, Tamwe Township,Yangon .
01 544 500

Michinoku Japanese Restaurant

Michinoku Japanese Restaurant က ဂျပန်စားသောက်ဆိုင်ပုံစံလေးနဲ့ ဂျပန်အစားအသောက်ကောင်းကောင်းတွေရတဲ့ဆိုင်တစ်ခုပါ။ တက္ကသိုလ်ရိပ်သာလမ်းသစ်နဲ့ ဆရာစံလမ်းထောင့်မှာရှိတဲ့ ဂျပန်စားသောက်ဆိုင်ကလည်း ဂျပန်လူမျိုးအများစုသဘောကျနှစ်ခြိုက်တဲ့ ဆိုင်လေးတစ်ဆိုင်ပါ။

Corner of New University Avenue Road and Sayasan Road, Bahan Township,Yangon.
09 787 400725

Jan Jan Jan Japanese Ramen

ဈေးနှုန်းသင့်တင့်တဲ့ ဂျပန်အစားအစာများနဲ့ Japanese Ramen ကို အဓိကထားရောင်းချတဲ့ Jan Jan Jan Japanese Ramen ဆိုင်က ဆိုင်ခွဲ ၂ ခုရှိပြီး Ramen ကြိုက်သူတွေအတွက် ဦးစားပေးသွားရမယ့် စားသောက်ဆိုင်တစ်ခုပါ။

– 3rd floor, Myanmar Plaza.
– No (211), Corner of Anawtatha Road and 12th Street, Lanmadaw, Yangon.
09 44930 6306

KOBE-YA Japanese BBQ restaurant

ရန်ကုန်မှာရှိတဲ့ ဂျပန်လူမျိုးတွေအများစု အားပေးကြတဲ့ ဂျပန်စားသောက်ဆိုင်တစ်ဆိုင်ပါ။ ဒီဆိုင်မှာဂျပန်ရိုးရာပုံစံအတိုင်း ပြုလုပ်ထားတဲ့ BBQ ကောင်းကောင်းတွေရပါတယ်။

No.4, Pyi Thar Yar street, Moe Kaung Road,Yangon.
09 42001 5401

Hanabi Yangon Japanese Restaurant

ဆူရှီကောင်းကောင်းနဲ့ ဂျပန်စာဆန်းဆန်းလေးတွေကို သင့်တင့်တဲ့ဈေးနှုန်းနဲ့စားချင်တဲ့သူတွေအတွက်ဒီဆိုင်လေးက သင့်တော်ပါတယ်။ မြို့ထဲကိုရောက်လို့ ဂျပန်စားသောက်ဆိုင်ရှာမယ်ဆိုရင် Hanabi ကိုရွေးသင့်ပါတယ်။

No.238, Maha Bandula Park Street(Upper), Kyauktada Township, Yangon.
01 373 414

Htanaung leaf salad

frame

Htanaung leaf salad

အညာဒေသ ထနောင်းရွက်သုပ်

အခုလိုအချိန်မှာ အညာဒေသမှာ ရာသီစာ ထနောင်းရွက်သုပ်တွေစားနေကြပါပြီ။ အရသာဆိမ့်ဆိမ့်နဲ့ စားလို့အရမ်းကောင်းပြီး ရှေးအခါက နွေရာသီမှာ ထနောင်းရွက်သုပ်စားရင်ဝမ်းပျက် ဝမ်းလျှောခြင်းတွေကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ နွေရာသီရဲ့ပူပြင်းလှတဲ့နေရောင်ကိုကာကွယ်ဖို့အတွက် ထနောင်းရိပ်ကောင်းကောင်းကလည်း တကယ်ကိုအကျိုးပြုပါတယ်။

ထနောင်းပင်နှင့်ပုဂံအလှ

ထနောင်းရွက်သုပ်လုပ်စားဖို့အတွက် လိုအပ်တဲ့ပစ္စည်းများ

ထနောင်းရွက် – ၂၀ ကျပ်သား
ကြက်သွန်နီ – ၁ လုံး
ဆီကျက် – အသုပ်တစ်ပွဲစာခန့်
မြေပဲလှော် – စားပွဲတင်ဇွန်း ၂ စွန်း
ပဲမှုန့်အကျက်` – စားပွဲတင်ဇွန်း ၁ စွန်း
ငရုတ်သီးအကျက်မှုန့် – လဘက်ရည် ၁ စွန်း
ဆား – အနည်းငယ်
အရသာမှုန့် – အနည်းငယ်

ပြုလုပ်ပုံ

ထနောင်းရွက်ကို ရေနွေးပူပူမှာ ၅ မိနစ်ခန့် ပြုတ်ပေးပါ။ ထို့နောက်
ထနောင်းရွက်ကို သုပ်စားလို့ကောင်းမယ့် အနေတော်အရွယ်ထိ လှီးဖြတ်၍
နှုတ်နှုတ်စဉ်းပေးပါ။ ထို့နောက် ကြက်သွန်နီပါးပါးလှီးထည့်ကာ ပါဝင်ပစ္စည်းများနှင့်ရောနှယ်ပေးပါ။ အချဉ်ကြိုက်ပါက သံပုရာရည်အနည်းငယ်ထည့်၍ သုံးဆောင်နိုင်ပါသည်။ သိပြုစရာတစ်ခုက ထနောင်းရွက်နဲ့ မန်ကျည်းသီးမှည့်က မတည့်ဘူးလို့ဆိုပါတယ်။ ဒါကြောင့်အချဉ်အရသာလိုချင်ပါက သံပုရာရည်ကိုပဲသုံးသင့်ပါတယ်။

Mustache Bar

72573895_141055480619459_1945514305554219008_o

Mustache Bar

ကျွန်းတောလမ်းက ဦးနှုတ်ခမ်းမွှေး

ပိတ်ရက်မှာ အေးအေးဆေးဆေးနဲ့ ဘီယာလေးသောက် အမြည်းလေးစားပြီးနေချင်တဲ့သူတွေအတွက် နေရာလေးတစ်ခုရှိပါတယ်။ သီချင်းလေးနားထောင်ပြီးသောက်ရတာကိုကြိုက်တဲ့သူတွေအတွက် သင့်တော်တဲ့ ကျွန်းတောလမ်းကဦးနှုတ်ခမ်းမွှေးဘားပါ။

photo - Mustache Bar

ဆိုင်အပြင်အဆင်ပုံစံဆန်းဆန်းနဲ့ သောက်စရာအမြည်း Cocktail အစုံရှိတယ်လို့လည်းသိရပါတယ်။ အပြင်းကိုမှကြိုက်တယ်ဆိုတဲ့သူတွေအတွက် Vodka, Whisky, Gin အမျိုးအစားအစုံအပြင်ပျော့ပျော့ကိုပဲရွေးမယ်ဆိုရင်တော့ ဦးနှုတ်ခမ်းမွှေးရဲ့ Signature Cocktails တွေလည်းရပါတယ်။ ဆိုင်ပုံစံကအထာကျကျနဲ့ ဘီးကျဲကြီးတွေရဲ့ ပုံစံအငွေ့အသက်တွေနဲ့ပါ။

ဆိုင်ရဲ့တည်နေရာက ရုံးတွေနဲ့မနီးမဝေးမှာရှိပြီးတော့ သွားရလာရလည်း အရမ်းရှုပ်တဲ့နေရာမဟုတ်တာကြောင့်သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် မိတ်ဆွေတွေနဲ့ဖြစ်ဖြစ် သွားဖို့အဆင်ပြေမယ့်နေရာလေးလို့ မြင်မိပါတယ်။

Shop Info

Location

Corner of Kyun Taw Street & Narnat,Near Han Thar Waddy Yun Long Golf Club,Kamayut.

TEL/Email

Phone : 09 893 999 309

Email : No Email

Open Hours

MON-FRI 15:00 – 1:00

SAT-SUN 15:00 – 1:00

Bagan street food

frame

Bagan street food

လောကနန္ဒာစေတီအဝင်လမ်းကအကြော်ဆိုင်

မကြာခင်က ပုဂံကိုရောက်ခဲ့တုန်းမှာ ဝင်စားခဲ့တဲ့ အကြော်ဆိုင်လေးအကြောင်းပါ။ လောကနန္ဒာစေတီအဝင်မုဒ်ဦးနားအကျော်လေးက အကျော်ဆိုင်လေး။ အကြော်စုံလင်ပြီးပူပူနွေးနွေးနဲ့ စားလို့တော့အတော်ကောင်းသား။

ရတဲ့အကြော်တွေက ဘူးသီးကြော်၊ ပြောင်းဖူးကြော်၊ အာလူးကြော်၊ ကြက်သွန်ကြော်နဲ့တစ်ခါမှမစားဖူးတဲ့ ငရုတ်ပွကြော်တို့လို အကြော်စုံတစ်ပွဲကိုမှ ၁၀၀၀ ထဲ။ အချဉ်ကငရုပ်ဆီအချဉ်မဟုတ်ပဲသဘာ၀ မန်ကျည်းချဉ်ရည်လေးဆိုတော့ အတော်လေးစားကောင်းတယ်။

တစ်ပွဲကို အကြော်စုံတော်တော်လေးပါပြီးတော့ ၂ ယောက်လောက်အသာလေးစားလို့ရတယ်။ ဆိုင်က လမ်းဘေးဆိုင်လေးဖြစ်တာကြောင့် သန့်ရှင်းမှုတော့အားနည်းတယ်။ အညာဒေသရဲ့ဖုန်ပေါတာက စားရတာ နည်းနည်းတော့ စိတ်ထဲကသိကအောင့်ဖြစ်မိတယ်။

ဒါပေမယ့် တစ်ခါတလေမှစားတာမျိုးဆိုရင်တော့ သိပ်ပြသနာမရှိလောက်ဘူးထင်တာပဲ။ ပိတ်ရက်မှာ ပုဂံကိုရောက်ဖြစ်မယ်ဆိုရင် ဒီအကြော်ဆိုင်လေးမှာဝင်စားကြည့်ဖို့ မျှဝေပေးလိုက်ပါတယ်။

Jaggery health food

78095863_2428733174045240_7163089114160431104_o

Jaggery health food

ထန်းလျက်နှင့် ကျန်းမာရေး

ထန်းလျက်တွင်ပါဝင်သော အချိုဓာတ်သည် သကြားထက်ပိုမိုများပြားသည်။

ထန်းလျက်သည်အစာချေစနစ်ကို ပိုမိုကောင်းမွန်စေရန်ကူညီပေးပြီး အစာကြေလွယ်စေသည်။

အချို့က ထန်းလျက်ကို အစာကြေဆေးအဖြစ်စားသုံးကြသည်။

ထန်းလျက်ကို မန်ကျည်းသီးနှင့်ရောစပ်၍ မန်ကျည်းဖျော်ရည်အဖြစ်လည်း သောက်သုံးနိုင်သည်။

မန်ကျည်းသီးနှင့် ထန်းလျက်ကို ရေဖန်ခွက်ထဲတွင်ရောစိမ်ပြီး ဆားအနည်းငယ်ထည့်၍ သောက်သုံးပါကခန္ဓာကိုယ်တွင်းရှိ အပူအပုပ်များကို ကင်းစင်စေနိုင်လေသည်။

ထန်းလျက်ကို ချင်းနှင့်ရောပြုတ်၍ သောက်သုံးလျှင် အအေးမိခြင်း၊ နှာစေးခြင်းတို့ကို ကာကွယ်ပေးနိုင်သည်။

ထန်းလျက်ကိုစားသုံးခြင်းဖြင့် အသဲတွင်ရှိသော အဆိပ်အတောက်များကို ပယ်ဖျက်ပေးနိုင်သည်။

Shwe Mann fried rice

ရွှေမန်းထမင်းကြော်

Shwe Mann fried rice

ဟင်းမျိုးပေါင်း ၂၀ ကျော် ၃၀ နီးပါးရတဲ့ ရွှေမန်းထမင်းကြော်

ဒီတစ်ခေါက် မန္တလေးရောက်ခိုက်မှာ စားခဲ့ရတဲ့ ထမင်းကြော်ဆိုင်တစ်ဆိုင်ကိုအတော်လေးသဘောကျမိတယ်။ အစားအသောက်ပေါတဲ့ မန္တလေးက လူကျိတ်ကျိတ်တိုးစည်ကားနေတတ်တဲ့ ထမင်းကြော်ဆိုင်လေးပါ။ ဟင်းအမျိုးပေါင်း တော်တေ်ာလေးစုံလင်ပြီး အားလုံးပေါင်း ၂၀ ကျော် ၃၀ နီးပါးလောက်တောင်ရှိမယ်လို့ထင်ရပါတယ်။

ရွှေမန်းထမင်းကြော်

ဟင်းပွဲများလွန်းတော့ ဘာစားလို့စားရမှန်းမသိအောင် ကိုဖြစ်ရပြီးနောက်ဆုံးတော့ ပုစွန်နဲ့ ဆိတ်ပုဆိုးကြမ်းဟင်းရည်ပဲစားခဲ့တယ်။ ဟင်းချက်အရသာကောင်းပြီး ခုံပေါ်မှာချထားပေးတဲ့ အရံဟင်းပွဲလေးတွေနဲ့ ဒေသအခေါ်
အတို့အမြုပ်လေးတွေက တကယ့်ကိုစားချင့်စဖွယ်ပါ။

ငါးပိထောင်း၊ ပဲနှပ်၊ ငရုတ်သီးကြော်၊ အာလူး၊ သရက်ချဉ်၊ နှမ်းဖတ်ချဉ် (၆) မျိုးနဲ့ အရည်သောက်က လုံးဝကိုအခမဲ့ချပေးထားတာဖြစ်ပြီး လိုသလောက်ထည့်ပေးပါတယ်။ ဒါမှမဟုတ် တညင်းသီးကြိုက်တတ်မယ်ဆိုရင်လည်းစားလို့ရပါသေးတယ်။ တညင်းသီးကတော့ တစ်လုံးဘယ်လောက်လည်း မမေးခဲ့ရပါဘူး။

မန္တလေးမြို့ရဲ့ ထမင်းကြော်ဆိုင်တွေရဲ့အရသာက ရန်ကုန်က ဆိုင်တွေနဲ့မတူပဲ မြေပဲလေးတွေပါတဲ့ အဝါရောင်နည်းနည်းသမ်းတဲ့ထမင်းကြော်ပုံစံပါ။ မြို့ခံတွေတော်တော်များများကတော့ နှစ်ခြိုက်စွာစားသုံးကြတာကိုတွေ့ရတယ်။ ဒီထမင်းကြော်ဆိုင်မှာဆိုလည်း ထိုင်ခုံနေရာလွှတ်မရှိလောက်အောင်ကို အားပေးတဲ့သူတွေအပြည့်ပါ။

ပိုက်ဆံရှင်းတဲ့အချိန်မှာ အံ့သြခဲ့ရတာက စားရတာထင်ထားတာထက် အများကြီးပိုတန်တာကိုပါ။ ဆိတ်ပုဆိုးကြမ်းက တစ်ပွဲကို ၁၀၀၀ သာပေးရပြီး ၂ ယောက် ၃ ယောက်လောက်တောင်စားလို့ရတယ်။ ပုစွန်ဟင်းကတော့ တစ်ပွဲကို ၈၀၀ နဲ့ တစ်ယောက်စာအတော်လောက်ပါပဲ။ ထမင်းကြော်က အလွတ်တစ်ပွဲ ၅၀၀ နဲ့ လိုက်ပွဲ ၂၀၀ ပါပဲ။

ဒီတစ်ခါ မန္တလေးကိုအလည်အပတ်သွားလို့အချိန်ရမယ်ဆိုရင် ဒီဆိုင်လေးကို အရောက်သွားကြည့်ပါဦး။ စားသောက်ဆိုင်ကောင်းကောင်းတွေနဲ့ အစားအသောက်ပေါတဲ့မန္တလေးမှာ ဒီဆိုင်လေးက လူသိများတဲ့ ထမင်းကြော်ဆိုင်လေးပါ။

Shop Info

Location

62 Street, Between Zawgyi St and Kuthotaw St, Mandalay.

TEL/Email

Phone : 09 792384691

Email : contacts@company.com

Open Hours

SUN-FRI 16:00  – 21:00

Myint Family Indian Restaurant

frame

Myint Family Indian Restaurant

ရန်ကုန်မြို့ရဲ့ ဝါရင့်ချစ်တီးထမင်းဆိုင်

ဖွင့်ထားတာကြာပြီး လူသိများတဲ့ ချစ်တီးထမင်းဆိုင်တစ်ဆိုင်ကို ဒီနေ့ရောက်ဖြစ်ခဲ့တယ်။ဆိုင်ခန်းက တော်တော်လေးကျဉ်းတယ်လို့ဆိုရမှာဖြစ်ပြီး ထမင်းဆိုင်ကြီးပုံစံမဟုတ်ပါဘူး။ဆိုင်က မိသားစုတွေက တော်တော်လေးဖော်ရွေပြီး လာစားတဲ့သူတွေကိုလည်း ဂရုတစိုက်ရှိလို့ဝန်ဆောင်မှုကောင်းတဲ့ ဆိုင်လေးလို့မှတ်ချက်ပေးချင်ပါတယ်။

ဟင်းချက်အရသာက ချစ်တီးထမင်းဆိုင်တွေရဲ့ပုံစံအတိုင်းဟင်းအတော်လေးစုံလင်ပြီးအရသာလည်းခံတွင်းတွေ့စရာပါ။ ဆိုင်မှာထူးထူးခြားခြားအနေနဲ့ ငှက်ပျောရွက်ခင်းပြီးချစ်တီးထမင်းကို ပုံစားခဲ့ရတဲ့အတွေ့အကြုံကိုလည်း သဘောကျမိတယ်။

ပုစွန်ထုပ်ဆီပြန်၊ ဆိတ်သားဟင်း၊ ဆိတ်ကလီစာ၊ ကြက်သဲမြစ်စတဲ့ ဟင်းမျိုးပေါင်း ၂၀ နီးပါးလောက်ရှိပြီးပုံမှန်လာစားတဲ့သူလည်းအတော်လေးများတာကိုတွေ့ရပါတယ်။ ဒီတစ်ခေါက်မှစားဖူးခဲ့တဲ့ကြက်သွန်ချဉ်ဒိန်အရသာကိုလည်း အတော်လေးသဘောကျမိတယ်။ အဆိမ့်အရသာလေးနဲ့စားရတဲ့ အရသာအသစ်အဆန်းဖြစ်စေပါတယ်။

ဆိုင်ရဲ့ အားနည်းချက်ဆိုလို့ နေရာထိုင်ခင်းကျဉ်းတာနဲ့ ဆိုင်ကိုအလွယ်တကူရှာမတွေ့နိုင်တာကလွဲရင်ဒီဆိုင်လေးက ချစ်တီးထမင်းကြိုက်တဲ့သူတွေအတွက် သင့်တော်တဲ့နေရာလေးတစ်ခုပါ။ နောက်တစ်ခုကကားနဲ့သွားမယ့်သူတွေအတွက် ရပ်ဖို့ကားပါကင် အတော်လေးခက်ခဲမယ့်နေရာဖြစ်နေတာပါ။

Shop Info

Location

No(81), 2nd floor, 29th street (Lower Block),Pabedan Townships

TEL/Email

Phone : 09 795 361030

Email : No Email

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

How to Eat at a Buffet

5e4aaf558da70

How to Eat at a Buffet

ဘူဖေးကို တန်အောင်ဘယ်လိုစားသင့်လဲ

ဒီတစ်ခါ ဘူဖေးကို တန်အောင်ဘယ်လိုစားရမလဲဆိုတဲ့နည်းလမ်းတွေကိုရေးပါမယ်။ အဝစားဆိုင်သွားပြီး အလှစားလို့ကတော့ ဘယ်တန်ပါ့မလဲ။ ဒီတော့ များများကြိတ်နိုင်ဖို့ ဆောင်ရန် ရှောင်ရန်လေးတွေကို ပြန်လည်မျှဝေပေးချင်ပါတယ်။

● ချောင်ချိတဲ့အဝတ်အစားကိုရွေးဝတ်ပါ

အဝစားဘူဖေးဆိုင်ကိုသွားမယ်ဆိုရင်တော့ သက်တောင့်သက်သာရှိမယ့်အဝတ်အစားကိုရွေးဝတ်သင့်ပါတယ်။ ကျပ်နေတဲ့အဝတ်နဲ့ဆိုရင်တော့ စားရတာကသိကအောင့်ဖြစ်ပြီးအဝစားနိုင်မှာမဟုတ်ပါဘူး။ အထူးသဖြင့် ဘောင်းဘီချောင်တာဝတ်ရင် ပိုအဆင်ပြေပါတယ်။

● ဈေးများတဲ့အစားအစာကိုအရင်ဆုံးစားပါ

ဟုတ်ပါတယ် တန်အောင်တော့စားရမှာပါပဲ။ အဲတော့ ကိုယ်ကြိုက်တဲ့ အီစေနိုင်တဲ့ဟာတွေကိုခဏမေ့ထားပြီး ဈေးနည်းနည်းများမယ့် ပင်လယ်စာလိုမျိုးဟာကို အရင်ဆုံးရွေးစားပါ။ ဈေးများပြီးအိမ်မှာသိပ်မစားဖြစ်တဲ့ အသားမျိုးကိုဦးစားပေးစားပါ။ ဒါပေမယ့်ရုပ်ပေါက်လောက်အောင်တော့ သရုပ်ပျက်တဲ့ထိတော့ မစားသင့်ပါဘူးနော်။

● အအီပြေစေမယ့်အချိုရည်

အခြေခံအားဖြင့် အချဉ်ဓာတ်အနည်းငယ်ပါတဲ့အချိုရည်တွေက အအီပြေစေနိုင်ပါတယ်။ ဘူဖေးကို အီစေမယ့်အစားအစာမျိုးနဲ့ တွဲစားရင်တော့ သိပ်စားနိုင်မှာမဟုတ်ပါဘူး။ ကိုယ်နိုင်သလောက် Soup တစ်ခုခုနဲ့ဖြစ်စေ တွဲစားတာမျိုး ဘူဖေးကိုပိုစားစေနိုင်ပါတယ်။

● ဘူဖေးမစားခင် Snack

ဘူဖေးမစားခင်မှာ ဗိုက်အရမ်းဆာနေတာမျိုးမဖြစ်ပါစေနဲ့။ ဗိုက်ဆာလို့ဘူဖေးကိုများများစားနိုင်မယ်ထင်ရင်မှားပါလိမ့်မယ်။ ဆာတဲ့စိတ်နဲ့ အမြန်စားတာက သိပ်မစားနိုင်ပါဘူး။ ပန်းသီးဖြစ်ဖြစ် ဒိန်ချဉ်ဖြစ်ဖြစ်ပေါ့ပေါ့ပါးပါးဖြစ်မယ့် အစားအစာမျိုးကို ကြိုစားထားတာက ဗိုက်သိပ်မဆာတော့ပဲ အေးဆေးစားနိုင်ပါတယ်။

● ဖြည်းဖြည်းစားပါ

မလောပါနဲ့။ ဖြည်းဖြည်းစားပါ။ အပေါ်မှာပြောခဲ့သလို အားကြီးနဲ့စွတ်စားတာမျိုးက သိပ်မစားနိုင်ပါဘူး။ ဖြည်းဖြည်းနဲ့ အစာကိုကျေညှက်အောင်စားမှ တန်အောင်စားနိုင်မှာပါ။

● ဆိုဒါပါတဲ့အစားအစာကိုရှောင်ပါ

ဘူဖေးစားနေတုန်းမှာ ဆိုဒါပါတဲ့အရည်သောက်တာက ဗိုက်ကိုပြည့်စေပါတယ်။ အရည်သောက်ချင်ရင် ရေနည်းနည်းသောက်ပါ၊ Juice တစ်ခုခုသောက်ပါ။ ဆိုဒါပါတဲ့အရည်ကိုဘူဖေးစားပြီးတဲ့အခါမှသာ သောက်သုံးသင့်ပါတယ်။

● ဘူဖေးမစားခင်လမ်းလျှောက်ပါ

ဘူဖေးမစားခင်လမ်းနည်းနည်းလောက်လျှောက်ပေးတာကလည်း ပိုစားနိုင်မယ့်နည်းလမ်းပါ။ လှုပ်လှုပ်ရှားရှားတစ်ခုလုပ်ခဲ့တော့ ပိုစားနိုင်တာ သဘာဝကျပါတယ်။ ဒါကတော့ ဖြစ်နိုင်ခြေရှိတဲ့နည်းလမ်းတွေကို ပြန်လည်မျှဝေခြင်းသာ။ အစားတွေကိုကိုယ့်စားပွဲခုံပေါ်ကိုအများကြီးယူပြီး မကုန်နိုင်မခမ်းနိုင်တော့ တတ်နိုင်သမျှမလုပ်စေချင်ပါဘူး။ ဘူဖေးဖြစ်ဖြစ် အလှူပေးပဲဆိုဆိုကိုယ်နိုင်သလောက်ကိုသာစားခြင်းက ပိုစမတ်ကျစေပါတယ်။

သင်တို့ရော ဘူဖေးကိုဘယ်လိုတန်အောင်စားကြလဲ

 

Garlic Fried Rice

Untitled

Garlic Fried Rice

ကြက်သွန်ဖြူထမင်းကြော်

ထမင်းကို အဖြုသပ်သပ်တင်မဟုတ်ပဲ ထမင်းကို နည်းလမ်းအမျိုးမျိုးနဲ့ ကြော်ပြီးစားလို့ရပါတယ်။ ထိုင်းအရသာ၊ ကိုရီးယားအရသာ၊ ဂျပန်နဲ့ တရုတ်စတဲ့အရသာအမျိုးမျိုးနဲ့ ကြော်စားလေ့ရှိကြပါတယ်။ ဒီတစ်ခေါက်မှာတော့ လွယ်ကူရိုးရှင်းပြီး အိမ်မှာတင်ကိုယ်တိုင်လုပ်စားဖို့အတွက် ကြက်သွန်ဖြူထမင်းကြော်နည်းကိုပြန်လည်မျှဝေပေးပါမယ်။

ပါဝင်ပစ္စည်းများ

ထမင်း – ထမင်းပန်းကန်လုံးတစ်လုံးစာ
ကြက်သွန်ဖြူ – စားပွဲတင်ဇွန်း ၁ ဇွန်း (ပါးပါးလှီး)
ကြက်သွန်ဖြု – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (နှုတ်နှုတ်စဉ်း)
ပဲငံပြာရည်အကြည် – စားပွဲတင်ဇွန်း ၁ ဇွန်း]
ဟင်းချက်ဆီ – စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း

ဆီကို ဒယ်အိုးတစ်လုံးအတွင်း ထည့်ပြီးမီးအပူပေးပါ။ ဆီကျက်လာပါက စဉ်းထားတဲ့ကြက်သွန်ဖြူကိုအဝါရောင်သန်းလာတဲ့အထိ အပူပေးပါ။
ထမင်းထည့်ပြီး သမအောင်မွှေကြော်ပေးပါ။ ပဲငံပြာရည်အကြည်ထည့်ပါ။ လှီးထားသောကြက်သွန်ဖြူကိုဖြန့်ထည့်ပါ။ ကြိုက်နှစ်သက်ပါက သခွားသီး၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်တို့ရောစပ်ပြီးစားသုံးနိုင်ပါတယ်။

Karen Traditional Chicken Salad

85156647_2500535666864990_7443916263773962240_n

Karen Traditional Chicken Salad

ကြက်သားကို ကရင္နည်းနဲ့သုပ္စားကြမယ်

ဒီတစ်ခေါက္မွာ ကြက်သားကို ကရင္တိုင်းရင်းသားနည်းနဲ့သုပ္စားနည်းလေးကိုျပန္လည္မွ်ဝေပေးခ်င္ပါတယ်။ ဒီနည်းလမ်းက ကရင္လူမိုးတို့ရဲ့ ရိုးရာအဖိုးေျမွာက္တဲ့အခါမွာသုပ်လေ့ရွိတဲ့ပုံစံလို့လည်း သိရပါတယ်။

လိုအပ္တဲ့ပစ္စည်းမ်ား

– ကြက်သား – ၂၅ (သို့) ၅၀ က်ပ်သား
– စပါးလင် – တစ်ခေ်ာင်း
– ကြက်သြန်ျဖူ – တစ်ဥ သို့ ၂ ဥ
– ကြက်သြန္နီ – ၂ လုံးခန့်
– ဂ်င်း – အေနေတာအရြယ္တစ်တောင့်
– ငရုတ်သီးအျေခာက်တောင့် – ၁၀ တောင့်ခန့်
– ဂြေးတောက်ရြက် (သို့) ပင္စိမ်းရြက် – ဟင်းရည္တစ်အိုးစာ
– ဆား
– သံပုရာသီး

ျပုလုပ္နည်း

ကြက်သားကို စပါးလင်၊ ဂ်င်း၊ ကြက်သြန်ျဖု၊ ကြက်သြန္နီတို့နဲ့အတူ ကြက်ျပုတ်ရည်ကောင်းကောင်းရတဲ့အထိနူးအိသြားအောင်ျပုတ်ပေးရပါမယ်။ ငရုတ်သီးအျေခာက်တောင့်ကို ကြက်သြန္နီနဲ့ရောပြီး ညွက်အောင်ထောင်းထားရပါမယ်။

ကြက်ျပုတ္ထဲကို မိမိနွစ်သက်ရာ ဂြေးတောက်ရြက် (သို့) ပင္စိမ်းရြက္ကိုထည့်ပြီး နွစ်သက်ရာအရသာရတဲ့အထိအေပါ့အငံကို ထည့်နိုင္ပါတယ်။ ပင္စိမ်းရြက္နဲ့ဆိုရင် ကြက်ျပုရည္ထဲကို ငရုတ်သီးစိမ်းနဲ့ ကြက်သြန်ျဖူဓားျပားရိုက်ပြီးရောထည့်လိုက်ရင်တော့ ပူစပ္ပူစပ်လေးနဲ့ အေတာ်လေးအရသာကောင်းသြားမွာပါ။

အသားျပုတ္က်က္တဲ့အခါမွာ အသားနွှာယူပြီး ထောင်းထားတဲ့ ငရုတ်သီးထောင်းနဲ့ ဆား၊ သံပုရာသီးတို့ရောကာ ကိုယ့်စိတ်ကြိုက်အရသာရေအာင် ျပုလုပ္နိုင္ပါတယ်။ အသားျပုတ်ရည္ကိုလည်း အသုတ္နဲ့ ပူပူနြေးနြေးလေးရောစပ္စားသုံးမယ္ဆိုရင်တော့ ကရင္လူမိုးတို့ရဲ့ ကြက္ကရင်အရသာကို ခံစားရပါလိမ့်မယ်။

(အမြည်းအဖြစ် စားရင်လည်း တကယ်ဖိုင်းပါတယ်)

ကဲ ဒီတစ်ခေါက်မှာ ကြက်ကရင်သုပ်နည်းအတိုင်း အိမ်မှာလုပ်စားကြည့်ကြပါဦးနော်။

PHOTO: Aung Myo Min