New opening restaurants – July

A business vintage sign that says 'Come in We're Open' on Cafe / Restaurant window. Image of abstract blur restaurant with people. Restaurant with customer for background usage

New opening restaurants – July

ဇူလိုင်လအတွက် စားသောက်ဆိုင်အသစ်များ

ကပ်ရောဂါအခြေနေက မပြီးသေးဘူးဆိုပေမယ့် အရင်နီးပါးလောက် စားသောက်ဆိုင်တော်တော်များများ ပြန်လည်ဖွင့်လှစ်နေကြပြီဖြစ်သလို ဆိုင်အသစ်တွေလည်းဖွင့်လာကြပါပြီ။ ဒီတစ်ပတ်အတွက်သွားစရာ ဆိုင်အသစ်လေးတွေအကြောင်းကို ပြန်လည်ဖော်ပြပေးပါမယ်။

Butiria

ချင်းရိုးရာအစားအသောက်တွေရောင်းချမယ့်ဆိုင်လေးပါ။ အသစ်ဖွင့်ထားတဲ့ဒီဆိုင်လေးက အပြင်အဆင်လေးကချစ်စရာကောင်းပြီး ရိုးရာစားအသောက်အသစ်အဆန်းတွေစားကြည့်ချင်တဲ့သူတွေသွားရမယ့်ဆိုင်လေးပါ။
ကော်ဖီကြိုက်တဲ့သူတွေအတွက်လည်း ချင်းတောင်ကော်ဖီသောက်လို့ရမှာပါ။ ချင်းရိုးရာအစားအသောက်တွေကိုသေသေချာချာမစားဖူးလို့ အရောက်သွားဖို့ စဉ်းစားထားတဲ့နေရာလေးပါ။

U Yae Khel Street, Mayangone Township
09 976 182177

House Of Bread Myanmar

ဒီဆိုင်လေးက နာမည်အတိုင်းပဲ Bread အစုံအလင်နဲ့ ကော်ဖီလေးသောက်ရင်း အေးဆေးအလုပ်လုပ်ချင်တဲ့သူတွေအတွက်နေရာကောင်းလေးတစ်ခုပါ။ ဆိုင်နေရာက အလုံကရင်ခြံဝင်း အ.ထ.က ၂ အလုံကျောင်းနားလေးဆိုတော့ လူတွေ ကားတွေရှင်းတဲ့နေရာလေးလို့ဆိုနိုင်တယ်။ အပြင်အဆင်လေးက သွားချင်စရာကောင်းတဲ့နေရာလေးတစ်ခုပါ။

No (121), Ground Floor, PKBC Building, Kayin Chan Compound, Corner of Ahlone Road &, Min Ye Kyaw Zwa Road, Ahlone Township
09 892 892020

Night Life Bar

လတ်တလော ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးရယ်လို့ နာမည်ကြီးနေတဲ့ဆိုင်လေးပါ။ ဆိုင်နာမည်လေးကလည်း ထိုင်ချင်စရာလေး။ ဒီနေရာလေးက တခြားဘီယာဆိုင်တွေလိုမဟုတ်ပဲမတူညီတဲ့ခံစားမှုကိုရစေနိုင်မယ်လို့ မြင်မိတယ်။ အသစ်အဆန်းလေးတွေကိုစိတ်ဝင်စားရင်တော့ သွားကြည့်ရမယ့်နေရာလေးတစ်ခုပေါ့။

– Strand Road
– 09 662 601717

Beerlogy Bar, BBQ and Rstaurant

July လအတွင်းကစပြီး ဖွင့်ခဲ့တဲ့ဆိုင်ပါ။ ဘီယာကိုမှသောက်ချင်ပါတယ်ဆိုတဲ့သူတွေအတွက်တော့အဆင်ပြေစေရမယ့်နေရာလို့ ဆိုထားပါတယ်။ ဆိုင်ပုံစံကြည့်ရတာတော့ သပ်သပ်ရပ်ရပ်နဲ့ သွားချင်စရာပုံစံလေးပါ။ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ ဇူလိုင်လ (၁၀) ရက်နေ့အထိ စားစရာရော၊ သောက်စရာအားလုံးကို 20% off ရှိပါတယ်တဲ့။ ဆရာစံလမ်းမှာဖွင့်ထားတာဆိုတော့ သွားရလာရတာလည်း အတော်လေးအဆင်ပြေတဲ့နေရာလေးပါ။

– No.26, Sayarsan Street, Bahan Township, Yangon.

09 889 664488

Barcelona Bar & Restaurant

86811776_130364665157159_9213437073124491264_o

Barcelona Bar & Restaurant

Barcelona Bar & Restaurant

ဒီလိုအချိန်က Rooftop တွေကိုသွားရမယ့် ရာသီဥတုနဲ့ အချိန်အခါမျိုးပါ။ ဖွင့်ထားတာသိပ်မကြာသေးတဲ့ Rooftop Bar တစ်ခုအကြောင်းကို ဒီတစ်ပတ်မျှဝေပေးပါမယ်။ မင်္ဂလာတောင်ညွှန့်က Esperado Business Tower မှာရှိတဲ့ Barcelona Bar & Restaurant ပါ။

ဆိုင်မှာ ဓာတ်ပုံရိုက်လို့ကောင်းမယ့် အပြင်အဆင်လေးတွေနဲ့ Night View ကောင်းကောင်းလေးတွေရှိတယ်လို့သိရပါတယ်။ ဓာတ်ပုံအတူရိုက်ဖို့အတွက်လည်း Decoration လှလှလေးနဲ့ Cocktail အစုံလည်းရနိုင်ပါတယ်။ ကြာသပပေး၊ သောကြာ၊ စနေနဲ့ တနင်္ဂနွေတိုင်းမှာ Unplugged Music အစီစဉ်တွေနဲ့အတူ ဘော်ဒါတွေနဲ့ အဖွဲ့လိုက် ပျော်ပါးဖို့အတွက် စီစဉ်ပေးထားတာတွေလည်းရှိတယ်လို့ဆိုပါတယ်။

အစားအသောက်အနေနဲ့ကတော့ ငါးအရေခွံအကြွပ်ကြော်၊ ကြက်အူအကကြွပ်ကြော်၊ ဝက်နံရိုးကြော်စတဲ့ ဘီယာနဲ့မြည်းလို့ကောင်းမယ့်အကြော်အစုံအလင်လည်းရတယ်လို့သိရပါတယ်။ ဆိုင်အပြင်အဆင်နဲ့ ပုံစံလေးက သဘောကျစရာကောင်းပြီး Rooftop ကိုနှစ်သက်တဲ့သူတွေသွားကြည့်ရမယ့် ဆိုင်အသစ်လေးတစ်ဆိုင်ပါ။

ဘော်ဒါတွေနဲ့ စုသွားလို့ရမယ့် ရှုခင်းကြည့်ပြီး အေးဆေးစားသောက်နိုင်မယ့် ဆိုင်လေးတစ်ဆိုင်အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photos: Barcelona Bar & Restaurant

Address

Shop Info

Location

7th Floor, Tower 2, Esperado Business Tower, No (20/22), Joe Phyu Street, Yangon.

TEL/Email

Phone : 09 899 989233

Email : No Email

Open Hours

MON-FRI 11:00AM – 1:00AM

SAT-SUN 11:00AM – 1:00AM

Cozy Bar & Restaurant

frame

Cozy Bar & Restaurant

အမြည်းဆန်းဆန်းများနဲ့ ဘီယာမျိုးစုံရတဲ့ဆိုင်

ရန်ကုန်မြို့မှာ အမြည်းကောင်းကောင်းနဲ့ ဘီယာအမျိုးစားစုံစုံလင်လင်သောက်ချင်တယ်ဆိုရင်တော့ တောင်ဥက္ကလာ၊ ဗြဟ္မစိုရ်လမ်းက Cozy Bar & Restaurant ကိုသွားဖို့ လမ်းညွှန်ပေးချင်ပါတယ်။

ဆိတ်ဗယာကြော်

အမြည်းဆန်းဆန်းတွေကြောင့် လူတိုင်းရဲ့ပါးစပ်ဖျားမှာ နေရာတစ်နေရာအခိုင်အမာရထားတဲ့ဆိုင်မှာ ကယားဝက်အူချောင်း၊ ဆိတ်ဗယာကြော်၊ ပင်လယ်စာဟော့ပလိတ်၊ ကြက်အရေခွံအစာသွပ်၊ ဆတ်ကချင်ထောင်း စတာတွေက လူကြိုက်အများဆုံးနာမည်ကြီး Menu တွေပါ။

အရင်ဆုံး ဘီယာနဲ့စသောက်မယ်ဆိုရင် ဆိတ်ဗယာကြော်ကို မဖြစ်မနေ မြည်းစမ်းကြည့်ဖို့ပြောချင်ပါတယ်။ အရသာထူးထူးလေးနဲ့ စားရတာနည်းနည်းလေး စပ်သယောင်ယောင်ရှိပေမယ့် အစပ်မစားချင်ဘူးဆိုရင်တော့ အစပ်လျှော့ပေးဖို့ ပြောလိုက်ပါ။ အချဉ်နဲ့တို့စားရင် အရသာတစ်မျိုးပြောင်းပြီး ဘီယာနဲ့တကယ်လိုက်ဖက်မှုရှိပါတယ်။

 

ပင်လယ်စာဟော့ပလိပ်ကတော့ အငွေ့တထောင်းထောင်းနဲ့ ပူပူလေးစားရင်တကယ်ကောင်းပါတယ်။ ပင်လယ်စာကို အရသာထူးထူးနဲ့ ပုံစံကွဲကွဲစားချင်တယ်ဆိုရင် စားကြည့်သင့်ပါတယ်။ ဒါပေမယ့် ပူတုန်းမှာစားဖို့အကြံပြုလိုပါတယ်။ အေးသွားရင်စားရတာ အရသာပေါ့သွားတယ်လို့ ခံစားမိပါတယ်။

ဆတ်ကချင်ထောင်းကတော့ ရိုးရိုးပုံမှန်စားနေကျ ဆတ်သားခြောက်တွေလိုအရသာမျိုးရှိပါတယ်။ သူ့မှာမတူညီတဲ့အချက်က ဆတ်သားခြောက်လို အားအင်စိုက်ပြီး ဝါးနေစရာမလိုပဲ နူးညံ့မှုရှိပါတယ်။ ချိုအီတဲ့အရသာမျိုးအတွက် ထူးထူးခြားခြား ရွှေအိုရောင်သံယောစဉ် ဆိုတဲ့ ပင်လယ်စာဟင်းပွဲလေးစားကြည့်သင့်ပါတယ်။ ပြိုင်ပွဲမှာ ဆုရထားတဲ့ဟင်းပွဲတစ်ခုဆိုတော့ အရသာကတော့ အားလုံးသဘောကျနိုင်မှာပါ။

 

Address

Shop Info

Location

No-668 , 4/6 Bya Ma Soe Street , Southokkalapa Tsp, Yangon, 

TEL/Email

Phone : 01 577 979

Email : No Email

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

New Openings Restaurants (March)

5e71b776aaa09

New Openings Restaurants (March)

လတ်တလောဖွင့်လှစ်ခဲ့သည့် စားသောက်ဆိုင်များ

ဒီတစ်ပတ်တော့ ရန်ကုန်မြို့မှာ လတ်တလောဖွင့်လှစ်ခဲ့တဲ့ စားသောက်ဆိုင်လေးတွေအကြောင်းကိုစုစည်းဖော်ပြပေးသွားပါမယ်။ ကိုယ့်အကြိုက်နဲ့ကိုက်မယ့် ဆိုင်သစ်လေးတွေရှိမယ်ဆိုရင် သွားလို့ရအောင်ရှာဖွေပေးထားပါတယ်။ အသစ်ဖွင့်လှစ်မယ့် ဆိုင်တွေအကြောင်းကိုလည်း ထပ်မံပြီး လက်လှမ်းမီသလောက်ဖော်ပြပေးသွားပါမယ်။

TSUKUMO Bakery

Bakery ဆိုင်ကောင်းကောင်းရှာနေတဲ့သူတွေအတွက် အဆင်ပြေမယ့်ဆိုင်လေးပါ။ ဒီဆိုင်မှာ An-pan, Cream-pan, Meron-pan တွေကလူကြိုက်များပြီး ရွေးချယ်စရာအစုံအလင်ရှိတယ်လို့ သိရပါတယ်။

Facebook

Address
Open: 11: 00 am – 17: 00 pm
Close: Sunday, Monday

TEL: 09 250 790 192

Memory Hot Pot

ဒီနိုင်ငံမှာ ဟော့ပေါ့ကို ရည်းစားထက်ချစ်တယ်ဆိုတဲ့ Foodie တွေအများကြီးရှိတယ်လို့ထင်ပါတယ်။ ဒါကဟော့ပေါ့ချစ်သူတွေအတွက် Try ကြည့်ရမယ့်ဆိုင်လေးတစ်ဆိုင်ပါ။ ကားပါကင်ကျယ်ကျယ်နဲ့ ဓာတ်ပုံရိုက်လို့ကောင်းတဲ့ဆိုင်အပြင်အဆင်နဲ့ အရသာကောင်းတဲ့ ဟော့ပေါ့က ဒီဆိုင်ရဲ့အသက်လို့ဆိုပါတယ်။

Hours 10:00 AM – 11:45 PM

Facebook

Address 

The Chuan House

အရင်က ရှင်စောပုလမ်းမှာ စက်ရုပ်ခေါက်ဆွဲလို့ နာမည်ကြီးခဲ့တဲ့ ဆိုင်ပါ။ ဆိုင်နာမည်နဲ့ နေရာပြောင်းလဲဖွင့်လှစ်ထားတာဖြစ်ပြီးစီချွမ်/မာလာ အရသာဟင်းပွဲတွေ အကင်တွေ၊ လက်လုပ်ခေါက်ဆွဲနဲ့ ဖက်ထုပ်တွေအစုံရနိုင်တဲ့ဆိုင်ပါ။ အစားအသောက်တွေစုံပြီးဆိုင်သစ်ဖွင့်ပွဲအနေနဲ့ မတ်လ ၃၁ ရက်နေ့ထိ ဈေးလျှော့ပေးမယ့် အစီအစဉ်တွေလည်းရှိတယ်လို့ သိရပါတယ်။

9:30 AM – 11:30 PM
No. (469), Thit Sar Road, South Okkalar Township, Yangon
09 44373 9029

Facebook 

 

Origin Coffee & Roastery

ဒီဆိုင်ကတော့ Coffee Lover တွေအတွက် ဖွင့်လှစ်ထားတဲ့ဆိုင်ပါ။ မြန်မာ့ကော်ဖီစစ်စစ်တွေအကြောင်းကိုလေ့လာချင်တယ်၊ အရသာကို မြည်းစမ်းချင်တယ်ဆိုရင် ဒီဆိုင်ကိုလာရောက်ဖို့ ဖိတ်ခေါ်ထားပါတယ်။

Hours 8:00 AM – 10:00 PM

Facebook

Address

Shop Info

Location

Origin Coffee & Roastery at The Central Boulevard, Shop 19, Kabar Aye Pagoda Rd, Yangon

TEL/Email

Phone : 09 964 175265

Email : No Email

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Bistropedia

frame

Bistropedia

ကော်ဖီသောက်ရင်း အေးဆေးအလုပ်လုပ်လို့ရမယ့်နေရာ

ရာသီဥတုကအရမ်းပူလာပြီး ကော်ဖီဆိုင်တစ်ဆိုင်ဆိုင်မှာ အေးဆေးထိုင်၊အနားယူ ဒါမှမဟုတ် အလုပ်လုပ်ချင်တဲ့သူတွေအတွက် သင့်တော်တဲ့နေရာလေးတစ်ခုပါ။ ဆိုင်ကဖွင့်ထားတာသိပ်မကြာသေးပဲ နေ့လည်နေ့ခင်းဆို အေးဆေးရှိတယ်။

Thai Coffee and Black Tea

ဆိုင်မှာ လိုင်းကောင်းတဲ့ Wifi ရှိတာက အလုပ်လုပ်မယ့်သူတွေအတွက် သဘောကျစေမယ့်အချက်ပါ။ ရတဲ့အစားအသောက်တွေကလည်းစုံပါတယ်။ Day Time Breakfast အတွက် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊
Eoropean Breakfast ရနိုင်သလို Appetizer, Salad and Suop မျိုးစုံအပြင် Bistropedia Signatures တွေလည်းရှိပါတယ်။

ကျွန်တော်ရောက်သွားတဲ့အချိန်က နေ့လည်ခင်းဖြစ်တာကြောင့် ကျန်တဲ့အစားအသောက်တွေကိုတော့ မစားဖြစ်ခဲ့ဘဲ Black Tea, Thai Tea တို့လို ပေါ့ပေါ့ပါးပါး သောက်စရာ Drinks တွေပဲသောက်ဖြစ်ခဲ့တယ်။

ဆိုင်အကြောင်း အကျဉ်းချုပ်ပြောရရင် အစားအသောက်အတော်လေးစုံလင်တယ်။ ဆိုင်နေရာအနေအထားနဲ့ပတ်ဝန်းကျင်က သက်တောင့်သက်သာရှိတယ်၊ ဆေးဆေးထိုင်လို့ရတယ်။ အစားအသောက်ဈေးနှုန်းတွေက ပုံမှန်ထက် ဈေးနည်းနည်းများတယ်လို့ဆိုနိုင်ပေမယ့် ဆိုင်အနေအထားနဲ့အရသာကောင်းကောင်းအစားအသောက်တွေရနိုင်တာကြောင့် မဆိုးဘူးလို့ သတ်မှတ်နိုင်ပါတယ်။ စမ်းချောင်းဗဟိုလမ်းပေါ်မှာဖွင့်လှစ်ထားတဲ့ Bistropedia Bar & Grill က ထိုင်လို့ကောင်းတဲ့ ဆိုင်လေးပါ။

Bistropedia’s Menu

Shop Info

Location
TEL/Email

Phone : 09443355773

Email : No Email

Open Hours

MON-FRI 07:00 – 23:00

SAT-SUN 07:00 – 23:00

Mustache Bar

72573895_141055480619459_1945514305554219008_o

Mustache Bar

ကျွန်းတောလမ်းက ဦးနှုတ်ခမ်းမွှေး

ပိတ်ရက်မှာ အေးအေးဆေးဆေးနဲ့ ဘီယာလေးသောက် အမြည်းလေးစားပြီးနေချင်တဲ့သူတွေအတွက် နေရာလေးတစ်ခုရှိပါတယ်။ သီချင်းလေးနားထောင်ပြီးသောက်ရတာကိုကြိုက်တဲ့သူတွေအတွက် သင့်တော်တဲ့ ကျွန်းတောလမ်းကဦးနှုတ်ခမ်းမွှေးဘားပါ။

photo - Mustache Bar

ဆိုင်အပြင်အဆင်ပုံစံဆန်းဆန်းနဲ့ သောက်စရာအမြည်း Cocktail အစုံရှိတယ်လို့လည်းသိရပါတယ်။ အပြင်းကိုမှကြိုက်တယ်ဆိုတဲ့သူတွေအတွက် Vodka, Whisky, Gin အမျိုးအစားအစုံအပြင်ပျော့ပျော့ကိုပဲရွေးမယ်ဆိုရင်တော့ ဦးနှုတ်ခမ်းမွှေးရဲ့ Signature Cocktails တွေလည်းရပါတယ်။ ဆိုင်ပုံစံကအထာကျကျနဲ့ ဘီးကျဲကြီးတွေရဲ့ ပုံစံအငွေ့အသက်တွေနဲ့ပါ။

ဆိုင်ရဲ့တည်နေရာက ရုံးတွေနဲ့မနီးမဝေးမှာရှိပြီးတော့ သွားရလာရလည်း အရမ်းရှုပ်တဲ့နေရာမဟုတ်တာကြောင့်သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် မိတ်ဆွေတွေနဲ့ဖြစ်ဖြစ် သွားဖို့အဆင်ပြေမယ့်နေရာလေးလို့ မြင်မိပါတယ်။

Shop Info

Location

Corner of Kyun Taw Street & Narnat,Near Han Thar Waddy Yun Long Golf Club,Kamayut.

TEL/Email

Phone : 09 893 999 309

Email : No Email

Open Hours

MON-FRI 15:00 – 1:00

SAT-SUN 15:00 – 1:00

Golden Sky Restaurant & Bar

2

Golden Sky Restaurant & Bar

ပဲခူးက ဘော်ဒါတွေအတွက်အမိုက်စားစားသောက်ဆိုင်

ကဲဒီတစ်ခေါက်မှာ ပဲခူးကဘော်ဒါတွေအတွက် အမိုက်စားစားသောက်ဆိုင်တစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ သိပ်မကြာသေးခင်ရက်ပိုင်းကမှ ပူပူနွေးနွေးဖွင့်ထားတဲ့ Golden Sky Restaurant & Bar ပါ။

ဆိုင်မှာ မြန်မာ၊ ထိုင်း၊ တရုတ်အစားအစာအစုံရပြီး သောက်မယ့်သူတွေအတွက် Cocktails အစုံ၊ beverage ရနိုင်တယ်လို့သိရပါတယ်။ စည်ဘီယာလည်းစုံပြီးသောက်ဖို့အတွက် အတော်လေးရွေးစရာများပါတယ်။

ဆိုင်က သုံးထပ်ရှိပြီး အစားအသောက်၊ နေရာထိုင်ခင်း၊ ကားပါကင်ကျယ်ကျယ်နဲ့သူငယ်ချင်းဘော်ဒါတွေနဲ့ စုထိုင်လို့ကောင်းမယ့်နေရာလေးတစ်ခုပါ။ ပဲခူးမှာလူကြိုက်များတဲ့နေရာလေးတစ်ခုလည်းဖြစ်လာနိုင်ပါတယ်။

Shop Info

Location

No.38, Okthar Myo Thit, 7 Quater, Yangon – Mandalay Highway road , Bago.

TEL/Email

Phone : 09 40152 6758

Email : No Email

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

The Lord – SanChaung

frame

The Lord – SanChaung

ဘော်ဒါတွေနဲ့ စုသောက်လို့ကောင်းမယ့်ဆိုင်လေး

ဒီတစ်ခေါက်လစာတွေလည်း ထုတ်ထားတာဆိုတော့ သောက်ကြစားကြမယ့်ဘော်ဒါတွေအတွက် ဆိုင်တစ်ဆိုင်ရေးပေးချင်ပါတယ်။ ရှင်စောပုလမ်းက ဖွင့်ထားတာသိပ်မကြာသေးတဲ့ The Lord စမ်းချောင်း ပါ။

The Lord ရန်ကင်းဆိုင်ကိုသွားဖို့ရည်ရွယ်ထားပြီး တကယ်တမ်းအရင်ရောက်ဖြစ်ခဲ့တာကရှင်စောပုကအသစ်ဖွင့်ထားတဲ့ ဆိုင်ကိုရောက်ခဲ့တယ်။ ဆိုင်အနေအထားကျယ်ဝန်းပြီးဆိုင်အသစ်ဖြစ်တာကြောင့်သန့်ရှင်းသပ်ရပ်မှုကတော့ အတော်လေးကောင်းမွန်တယ်။ ဆိုင်ပုံစံကလည်း တော်တေ်ာလေး fine တယ်။

အမြည်းတွေစုံပြီး ဘော်ဒါတွေစုပြီးသွားသောက်လို့ကောင်းတဲ့နေရာတစ်ခုပါ။ အသားနူးအိတဲ့ ဝက်သားပေါင်းကိုတော့တော်တော်လေးသဘောကျတယ်။ စားလိုက်တိုင်းမှာ နူးညံ့တဲ့အရသာကိုရတယ်။ မကြိုက်တဲ့တစ်ချက်က တချို့သုံးထပ်သားဟင်းတုံးမှာ အမွှေးလေးတွေကျန်နေတာကိုသိပ်သဘောမကျပါဘူး။ ကျန်တဲ့အရသာပိုင်းကတော့ လုံးဝအိုကေပါတယ်။

လူအရမ်းများပြီး မှာထားတာကို ခဏခဏသတိပေးနေရတာလေးတစ်ခုလည်းသိပ်တော့ဘဝင်မကျပါဘူး။ ဒါပေမယ့်ပြောပလောက်တဲ့ ပြသနာကြီးတော့မဟုတ်ပါဘူး။ အချုပ်အားဖြင့်ပြောရရင် ထိုင်လို့ကောင်းတယ်။ လူအရမ်းများပေမယ့်ဆိုင်ပုံစံကောင်းတာကြောင့် ပိတ်လှောင်နေတာမျိုးမရှိပါဘူး။ သူငယ်ချင်းတွေဘီယာဆိုင်စုထိုင်ဖို့ သွားသင့်တဲ့ဆိုင်လေးပါ။

Shop Info

Location

No.11, Shin Saw Pu Road, Near Baho Road, Sanchaung Township

TEL/Email

Phone : 09 785 101433

Email : contacts@company.com

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Conifer 46

frame

Conifer 46

အစားအသောက်ကောင်းတွေစုံတဲ့ တောင်ဥက္ကလာက ဘား

ဒီတစ်ခေါက် တောင်ဥက္ကလာဘက်ကို ခြေဆန့်ရင်း မထင်မှတ်ပဲလမ်းကြုံဝင်ဖြစ်ခဲ့တဲ့ ဖွင့်ထားတာ သိပ်မကြာသေးတဲ့ ဘားတစ်ခုအကြောင်းပြောပြချင်ပါတယ်။ Conifer 46 လို့ခေါ်တဲ့ တောင်ဥက္ကလာပ၊ ဗြဟ္မစိုရ်လမ်းက ဆိုင်လေးပါ။

သူငယ်ချင်းတွေနဲ့စုသွားဖြစ်တာကြောင့် စားဖြစ်ခဲ့တဲ့အမြည်းဟင်းပွဲကတော့ အတော်လေးစုံလင်တယ်။ ဆိုင်ရဲ့ နာမည်အကြီးဆုံးနဲ့ လူစားအများဆုံးလို့ဆိုတဲ့ အဏ္ဏဝါမီးတောက်ဆိုတဲ့ဟင်းပွဲအကြောင်း အရင်ဆုံးစပြောချင်တယ်။ ကကတစ်ငါး၊ ပန်းဂဏန်း၊ ပုစွန်တို့ကို ပင်စိမ်း၊ ပန်းပွင့်တို့နဲ့ရောချက်ထားတဲ့ဟင်းပွဲဖြစ်ပြီး ငါးကြိုက်တဲ့သူတွေရွေးသင့်တဲ့ ဟင်းပွဲလို့ပြောချင်ပါတယ်။

နောက်တစ်ခုက အသားများပြီး စားရတာမွှေးမွှေးလေးနဲ့ အီဆိမ့်နေတဲ့ဝက်ဂုတ်သားကင်ပါ။ ခါတိုင်းစားနေကြပုံစံတွေလိုမဟုတ်ပဲ ပျားရည်၊ ခရုဆီတို့နဲ့ ထိုင်းစတိုင်လုပ်ထားတာကြောင့် အစပ်မစားနိုင်တဲ့သူတွေအတွက် အတော်လေးအဆင်ပြေတယ်။

နောက်ထပ် ရှူးရှူးရှဲရှဲကြိုက်တဲ့သူတွေအတွက်တော့ အမဲကချင်ထောင်းက လည်းစားလို့ကောင်းပြီး ချဉ်၊ စပ်အရသာအပြည့်ပေးနိုင်တဲ့ အမြည်းတစ်ခုပါ။ အချုပ်အနေနဲ့ပြောရရင် အမြည်းအရသာတော်တော်များများက local တွေအတွက် ပါးစပ်မစိမ်းတဲ့အရသာရှိတဲ့ အမြည်းတော်တော်များများရနိုင်ပါတယ်။

သောက်ခဲ့တဲ့ Cocktail တွေအကြောင်းလည်း ဖောက်သည်ချချင်ပါသေးတယ်။ အရသာခပ်ပျော့ပျော့နဲ့ မိန်းကလေးတွေအဆင်ပြေမယ့် Cocktails တွေကတော့ Rosey (Tequila base)၊ Green Lady (Vodka base)၊ Blueberry Margrita (Tequila base) နဲ့ Berry Collin (Gim base) တို့ပဲဖြစ်ပါတယ်။ ခပ်ပြင်းပြင်းချမယ်ဆိုရင်တော့ Blue Arrow Cocktail ကိုရွေးသင့်တယ်လို့ အကြံပြုပါတယ်။ Draught Beer ကတော့ Carlsberg ၊ Myanmar Premium နဲ့ Heineken တို့ရှိလို့ သောက်ဖို့အတွက်လည်း ရွေးချယ်စရာ အတော်လေးစုံလင်ပါတယ်။

ဆိုင်က အပေါ်ထပ်အောက်ထပ် ၂ နေရာရှိပြီး အပေါ်မှာက လူပိူရှင်းပါတယ်။ ဆိုင်ရဲ့အစားအသောက်ကောင်းတယ်၊ ရွေးချယ်စရာစုံလင်တယ် သွားဖို့သင့်တဲ့ နေရာလေးတစ်ခုလို့ ညွှန်းချင်ပါတယ်။

Shop Info

Location

No-676,4/6 Bya Ma Soe Street , Southokkalapa Tsp , Yangon.

TEL/Email

Phone : 09 44790 7940

Email : contacts@company.com

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

99 Bistro Roof Top Bar & Restaurant

frame

99 Bistro Roof Top Bar & Restaurant

လူရှင်းပြီး အေးဆေးထိုင်လို့ရတဲ့ Roof Top Bar

လူရှင်းပြီး အေးဆေးထိုင်လို့ရတဲ့ Roof Top Bar တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီနေရာကတော့ အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်းနဲ့ သစ်တောလမ်းထောင့်က Hotel 99 Yangon အပေါ်ဆုံးထပ်မှာရှိတဲ့ 99 Bistro Roof Top Bar & Restaurant ပဲဖြစ်ပါတယ်။

99 Bistro Cocktails

အစားအသောက်အနေနဲ့လည်း အမျိုးအစားတော်တော်စုံလင်စွာရနိုင်ပါတယ်။ ဒီတစ်ခေါက်သွားစားဖြစ်ခဲ့တဲ့ 99 Bistro ရဲ့ဝက်လက်စတူး၊ ပုစွန်ငရုတ်ကောင်းမြေအိုးနဲ့ သတ်သတ်လွတ် ဂျပန်တိုဟူးအကြောင်း ပြန်ပြီးဖောက်သည်ချချင်ပါတယ်။

ပုစွန်ငရုတ်ကောင်းမြေအိုး – ပုစွန်ထုပ်အကောင်းကြီးကြီးတွေ ဝန်းရံထားတဲ့ ဒီဟင်းပွဲက ဒီ Bar ရဲ့ Signature တစ်ခုလို့လည်းဆိုပါတယ်။ ပုစွန်၊ ပန်းငရုတ်ပွ၊ ငရုတ်ကောင်းစေ့၊ ကြက်သွန်မြိတ်တို့ပါပြီး ငရုတ်ကောင်းအာနိသင်ကြောင့် ပူတဲ့အရသာရှိပါတယ်။ ပုစွန်တစ်ကောင်ချင်းစီကို သေချာနှယ်ပြီး ချက်ထားတာကြောင့် အသားမှာပါ အရသာကို ခံစားရနိုင်ပါတယ်။

ဝက်လက်စတူး – ဝက်လက်ရဲ့အသားတွေချည်း နူးအိနေအောင်ပေါင်းထားတဲ့ ဝက်လက်စတူးက စားလိုက်တာနဲ့တင် အီဆိမ့်သွားစေပါတယ်။ မှုန်ညှင်းရွက်၊ မှို၊ ဘဲဥပြုတ်တို့ပါဝင်ပြီး ဆီအရမ်းမများပဲ စားရတာအဆင်ပြေပါတယ်။ အရသာက အချိုဘက်ကိုအနည်းငယ်သွားပြီး ကလေးတွေပါကြိုက်မယ်လို့ထင်ပါတယ်။

ဂျပန်တိုဟူး – သတ်သတ်လွတ်စားတဲ့သူတွေအတွက် ဟင်းပွဲပါ။ ဂျပန်တိုဟူးကို ကြွက်နားရွက်မှို၊ ကောက်ရိုးမှို၊ black mushroom တို့နဲ့တွဲချက်ထားပြီး ပဲငံပြာရည်အရသာနဲ့ အချိုဘက်သွားတဲ့အရသာရှိပါတယ်။ ဟင်းကို ထောပတ်နဲ့ ကြက်ဥခင်းထားတဲ့ hot plate ပေါ်မှာပြင်ဆင်ထားတာကြောင့် ကြက်ဥနဲ့ သက်သက်လွတ်အကြောင်းကို စဉ်းစားရင်း စားခဲ့ရတဲ့ဟင်းပွဲလေးတစ်ခုပါ။

ဒီ Roof Top Bar က လူအရမ်းမများပဲ အေးအေးဆေးဆေးသွားချင်တဲ့သူတွေအတွက် လုံးဝသင့်တော်ပါတယ်။ ဘားမှာဘာတွေရနိုင်လဲဆိုတော့ Classic and Modern mixology Beverages အစုံရနိုင်ပြီး beer, wine တွေအပြင် Classic, Creation, Signature Cocktail, 99 Bistro Brewed Coffee ကို သောက်လို့ရပါတယ်။

Shop Info

Location

Thit Taw Street,
Ahlone,Yangon.

TEL/Email

Phone : 01 230 2512

Email :no email

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00