Lor mee

loh-mee-laksa

Lor mee

ကော်ရည်ခေါက်ဆွဲ

ကော်ရည်ခေါက်ဆွဲက ထိုင်ဝမ်နိုင်ငံနဲ့ တရုတ်ပြည်မှာ လူကြိုက်များတဲ့အစားအစာဖြစ်ပြီးတော့ အိမ်နီးချင်း ဒေသနိုင်ငံတချို့မှာလည်း ပုံစံအမျိုးမျိုးနဲ့ လုပ်စားလေ့ရှိကြတယ်။ တချို့နေရာတွေမှာတော့ ခေါက်ဆွဲမပါတော့ပဲ အရည်သောက်ဟင်းရည်အဖြစ်နဲ့ စားသုံးကြတယ်။ ဝက်သား၊ ကြက်သားတို့သာမကပဲ တချို့နေရာတွေမှာတော့ ပြည်ကြီးငါး၊ ပုစွန်တို့ကိုပါထည့်သွင်းစားသုံးကြတယ်။ ဒီတစ်ခေါက်တော့ မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့နည်း၊ လွယ်ကူတဲ့ပုံစံနဲ့ ကော်ရည်ခေါက်ဆွဲ ပြုလုပ်နည်းကို ဖော်ပြပေးသွားပါမယ်။

ပါဝင်ပစ္စည်းများ

ကြက်သား – မိမိနှစ်သက်ရာ ပမာဏ
ကော်ရည် – စားပွဲတင်ဇွန်း ၂ စွန်း
ကြက်သားမှုန့် – အနေတော်
ကြက်သွန်နီ – ၁ လုံး (သို့) ၂ လုံး
မုန်လာဥနီ – အနေတော် ၁ လုံး
ပဲငံပြာရည် – အနည်းငယ်
မှို – အနေတော်
ဆီ – အနည်းငယ်

ကြက်သားကို အရသာမှုန့် အပေါ့အငံ ညီမျှအောင်ပြုလုပ်၍ ပြုတ်ပေးရပါမယ်။ အပြုတ်ရည်ဆူပါက အသားကိုဆယ်ထုတ်၍ ကြက်သွန်နီ မုန်လာဥတို့ကို စားကောင်းသည့်ပမာဏဖြစ်အောင် လှီးဖြတ်၍ ဆီနည်းနည်းနဲ့ကြော်ပေးပါ။ မှိုကိုလည်း တခါထဲရောထည့်ကာ ကြော်နိုင်ပါတယ်။ အနေတော်ဖြစ်ပြီဆိုရင် ကြက်ပြုတ်ရည်ထည့်ပါ။ ထို့နောက် ကြက်သားမှုန့် ကြက်သားတို့ကို ပဲငံပြာရည်အနည်းငယ်ထည့်ပြီး ပွက်ပွက်ဆူသည်အထိ ပြုတ်ပါ။ နောက်ဆုံးမှ ကော်ရည်ကို နှစ်သက်ရာပမာဏ ထည့်ပေးပါ။ ကော်ရည်ကို ငါးပိသုပ်နဲ့ အခြားနှစ်သက်ရာ အတို့အမြုပ်နဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်။

ကော်ရည်ခေါက်ဆွဲကို ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်နည်းတွေရှိပါသေးတယ်။ အခြားဒေသက ကော်ရည်ခေါက်ဆွဲတွေအကြောင်းနဲ့ပြုလုပ်နည်းတွေကိုလည်း ထပ်မံဖော်ပြပေးသွားမှာပါ။

Sweet and sour stir-fried vegetable

ask1

Sweet and sour stir-fried vegetable

ဟင်းသီးဟင်းရွက်ချိုချဉ်ကြော်

စားသောက်ဆိုင်ကိုရောက်တဲ့အခါမှာ အများစုမှာစားကြလေ့ရှိတဲ့ ချိုချဉ်ကြော်ပြုလုပ်နည်းအကြောင်းကို ပြန်လည်မျှဝေပေးချင်ပါတယ်။ စားရတာအရသာရှိပြီး လူကြိုက်များတဲ့ ချိုချဉ်ကြော်ကို ဆိုင်တကူးတက သွားစားနေဖို့မလိုပဲ အိမ်မှာတင် လွယ်လွယ်ကူကူ လုပ်စားကြရအောင်။

ပါဝင်ပစ္စည်းများ

ဂေါ်ဖီထုပ်နုနု – တစ်ခြမ်းခန့်
သခွားသီး – အနေတော်အရွယ် ၂ လုံး
ခရမ်းချဉ်သီး – ၁ လုံး
ငရုတ်ပွ – ၂ တောင့်
ကောက်ရိုးမှို – ၅ ပွင့်၊ ၆ ပွင့်
ပဲပြားအဖြူ – ၁ တုံး
ဂျုံမှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်း
ခရမ်းချဉ်သီးဆော့စ် – စားပွဲတင်ဇွန်း တစ်ဝက်
ပဲငံပြာရည်အကြည် – စားပွဲတင်ဇွန်း ၂ ဇွန်း
ရှာလကာရည် – စားပွဲတင်ဇွန်း ၁ ဇွန်း
ရေ – လက်ဖက်ရည်ပန်ကန်ဝက်
ဟင်းသီးဟင်းရွက်ဆီ – ၂ ဇွန်း

ပြုလုပ်နည်း

ဒယ်အိုးကို ဆီထည့်၍ အပူပေးရပါမယ်။ ဆီကျက်ပြီဆိုရင် ဂေါ်ဖီထုပ်၊ သခွား၊ ငရုတ်ပွ၊ ခရမ်းချဉ်၊ မှို၊ ပဲပြားနဲ့ ရေတို့ကိုထည့်ပြီး မွှေကြော်ပေးရပါမယ်။ အားလုံးအနေတော်ဖြစ်ပြီဆိုရင် ခရမ်းချဉ်သီးဆော့စ်ကို ထည့်ပေးရပါမယ်။
(အသားနဲ့စားချင်တဲ့သူတွေအတွက်လည်း နှစ်သက်ရာအသားတစ်မျိုးမျိုးကို ထည့်သွင်းကြော်ချက်နိုင်ပါတယ်)

သကြား၊ ပဲငံပြာရည်၊ နဲ့ ရှာလကာတို့ကို ခတ်ပါ။ စေးပျစ်လာဖို့အတွက် ဂျုံမှုန့်အနည်းငယ်ကို ရေနဲ့ရောပြီး ထည့်ပေးရပါမယ်။ အနေတော်အရသာရတဲ့ထိပြင်ဆင်ပြီးပါက အရာသာကောင်းမွန်တဲ့ ချိုချဉ်ကြော်တစ်ပွဲကို ရရှိနိုင်မှာဖြစ်ပါတယ်။

Golden Sky Restaurant & Bar

2

Golden Sky Restaurant & Bar

ပဲခူးက ဘော်ဒါတွေအတွက်အမိုက်စားစားသောက်ဆိုင်

ကဲဒီတစ်ခေါက်မှာ ပဲခူးကဘော်ဒါတွေအတွက် အမိုက်စားစားသောက်ဆိုင်တစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ သိပ်မကြာသေးခင်ရက်ပိုင်းကမှ ပူပူနွေးနွေးဖွင့်ထားတဲ့ Golden Sky Restaurant & Bar ပါ။

ဆိုင်မှာ မြန်မာ၊ ထိုင်း၊ တရုတ်အစားအစာအစုံရပြီး သောက်မယ့်သူတွေအတွက် Cocktails အစုံ၊ beverage ရနိုင်တယ်လို့သိရပါတယ်။ စည်ဘီယာလည်းစုံပြီးသောက်ဖို့အတွက် အတော်လေးရွေးစရာများပါတယ်။

ဆိုင်က သုံးထပ်ရှိပြီး အစားအသောက်၊ နေရာထိုင်ခင်း၊ ကားပါကင်ကျယ်ကျယ်နဲ့သူငယ်ချင်းဘော်ဒါတွေနဲ့ စုထိုင်လို့ကောင်းမယ့်နေရာလေးတစ်ခုပါ။ ပဲခူးမှာလူကြိုက်များတဲ့နေရာလေးတစ်ခုလည်းဖြစ်လာနိုင်ပါတယ်။

Shop Info

Location

No.38, Okthar Myo Thit, 7 Quater, Yangon – Mandalay Highway road , Bago.

TEL/Email

Phone : 09 40152 6758

Email : No Email

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Mya Sabei

frame

Mya Sabei

မြေနီကုန်းက အစားအသောက်စုံလင်တဲ့ ဆိုင်ကောင်းလေးတစ်ဆိုင်

အစားအသောက်ဆိုင်တွေပေါတဲ့ မြေနီကုန်းပတ်ဝန်းကျင်မှာ တစ်နေရာထဲနဲ့ အစားအသောက်ကောင်းကောင်း စုံစုံလင်လင်စားချင်တယ်ဆိုရင်တော့ မြစံပါယ် ကိုသွားကြည့်ဖို့ ညွှန်းလိုပါတယ်။

ဆိုင်မှာ မြန်မာအစားအစာ၊ တရုတ်အစားအစာနဲ့ ကော်ဖီ၊ ကိတ်မျိုးစုံရတာကြောင့် တစ်နေရာထဲနဲ့စားချင်တာစားလို့ရတဲ့ ဆိုင်လေးတစ်ဆိုင်ပါ။ ဒီတစ်ခေါက်ရောက်သွားရင်း စားဖြစ်ခဲ့တာလေးတွေကတော့ ကြေးအိုးဆီချက်၊ လဘက်ထမင်း၊ ဖာလူဒါနဲ့ လဘက်ရည်တို့ပဲဖြစ်ပါတယ်။

ကြေးအိုးဆီချက်အရသာက စားလို့အဆင်ပြေတယ်လို့ ဆိုရမှာဖြစ်ပြီး သာမာန်လဘက်ရည်ဆိုင်က ကြေးအိုးထက်တော့ လုံးဝသာပါတယ်။ ကြေးအိုးသီးသန့်ရောင်းချတဲ့ ဆိုင်တွေလောက်တော့ ထူးကဲတဲ့အရသာတော့ မရှိပါဘူး။ တစ်ပွဲကို ၃၀၀၀ ကျပ်ဖြစ်ပြီး ဈေးနဲ့ အရသာတန်တယ်လို့ ဆိုရပါမယ်။

ကျန်တဲ့ လဘက်ထမင်းနဲ့ ဖာလူဒါတွေလည်းစားရအဆင်ပြေပြီး ဆိုင်မှာ ရွေးချယ်စရာ အစားအသောက်တော်တော်များတာကြောင့် အဝစားချင်သူအတွက်ရော အချိုတည်းချင်တဲ့သူအတွက်ပါ အဆင်ပြေပါတယ်။ ဒီဆိုင်ကို သဘောကျမိတဲ့အချက်ထဲမှာ ဆိုင်နေရာကျယ်ဝန်းတာလည်း အပါအဝင်ဖြစ်ပါတယ်။အစားအသောက်ဆိုင်တွေပေါတဲ့ မြေနီကုန်းပတ်ဝန်းကျင်မှာ တစ်နေရာထဲနဲ့ အစားအသောက်ကောင်းကောင်း စုံစုံလင်လင်စားချင်တယ်ဆိုရင်တော့ မြစံပါယ် ကိုသွားကြည့်ဖို့ ညွှန်းလိုပါတယ်။

ဆိုင်မှာ မြန်မာအစားအစာ၊ တရုတ်အစားအစာနဲ့ ကော်ဖီ၊ ကိတ်မျိုးစုံရတာကြောင့် တစ်နေရာထဲနဲ့စားချင်တာစားလို့ရတဲ့ ဆိုင်လေးတစ်ဆိုင်ပါ။ ဒီတစ်ခေါက်ရောက်သွားရင်း စားဖြစ်ခဲ့တာလေးတွေကတော့ ကြေးအိုးဆီချက်၊ လဘက်ထမင်း၊ ဖာလူဒါနဲ့ လဘက်ရည်တို့ပဲဖြစ်ပါတယ်။

ကြေးအိုးဆီချက်အရသာက စားလို့အဆင်ပြေတယ်လို့ ဆိုရမှာဖြစ်ပြီး သာမာန်လဘက်ရည်ဆိုင်က ကြေးအိုးထက်တော့ လုံးဝသာပါတယ်။ ကြေးအိုးသီးသန့်ရောင်းချတဲ့ ဆိုင်တွေလောက်တော့ ထူးကဲတဲ့အရသာတော့ မရှိပါဘူး။ တစ်ပွဲကို ၃၀၀၀ ကျပ်ဖြစ်ပြီး ဈေးနဲ့ အရသာတန်တယ်လို့ ဆိုရပါမယ်။

ကျန်တဲ့ လဘက်ထမင်းနဲ့ ဖာလူဒါတွေလည်းစားရအဆင်ပြေပြီး ဆိုင်မှာ ရွေးချယ်စရာ အစားအသောက်တော်တော်များတာကြောင့် အဝစားချင်သူအတွက်ရော အချိုတည်းချင်တဲ့သူအတွက်ပါ အဆင်ပြေပါတယ်။ ဒီဆိုင်ကို သဘောကျမိတဲ့အချက်ထဲမှာ ဆိုင်နေရာကျယ်ဝန်းတာလည်း အပါအဝင်ဖြစ်ပါတယ်။

Shop Info

Location

No.71, Pansondan Street , Kyauktada Tsp , Yangon.

TEL/Email

Phone : + 01 249 875

Email : contacts@company.com

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Cafe’ Ramona

frame

Cafe’ Ramona

မြန်မာအစားအသောက်နဲ့ တရုတ်အစားအစာကောင်းတဲ့ဆိုင်လေး

အောက်ကြည့်မြင်တိုင်လမ်း RC-3 ရှေ့မှာရှိတဲ့ Cafe Ramona ဆိုတဲ့ဆိုင်လေးကို တွေ့နေတာကြာပြီ။တစ်ခါလောက်အရောက်သွားပြီး ကော်ဖီသောက်ဖို့ စိတ်ကူးနဲ့ ဒီနေ့သွားထိုင်ဖြစ်တယ်။

ဆိုင်ကိုရောက်ရောက်ခြင်း Menu မြင်လိုက်မှ ကော်ဖီနဲ့ ပတ်သက်တာဆိုလို့ ကော်ဖီတစ်မျျိုး နှစ်မျိုးလောက်ပဲရတယ်။ ဆိုင်ကတာဝန်ရှိသူတစ်ယောက်ကို ခေါ်မေးလိုက်မှ Cafe လို့ နာမည်ပေးထားပေမယ့် ကော်ဖီဆိုင်မဟုတ်ပါဘူးခင်ဗျတဲ့။ ရောက်ပြီးခါမှ မထူးတော့ဘူးဆိုပြီး ဖက်ထုပ်ဆီချက်တစ်ပွဲမှာစားလိုက်တယ်။

အမှန်တိုင်းပြောရရင် ဒီလိုဆိုင်မျိုးမှာ ဒီလိုအစားအသောက်မျိုးကိုတော့ အများကြီးမမျှော်လင့်ထားဘူး။ ဒါပေမယ့် ကိုယ်မှာထားတဲ့ ဖက်ထုပ်ဆီချက်ရောက်လာမှ ကိုယ်ထင်ထားတာ အကြီးကြီးလွဲသွားမှန်း သိလိုက်ရတယ်။ ဖက်ထုပ်ဆီချက်က နူးအိပြီး စားရတာ တော်တော်လေးအရသာရှိတယ်။ အရမ်းမကြိုက်တဲ့သူအတွက်တောင် တော်တော်လေး သဘောကျသွားမိတယ်။ ဟင်းရည်အရသာကလည်း ကြေးအိုးပြုတ်ထဲကအရည်လိုမျိုး အရသာရှိတယ်။ ငါအထင်သေးမိတာ မှားပြီလို့စိတ်မှာရေရွှတ်ရင်း ကုန်အောင်စားဖြစ်ခဲ့တယ်။

ကော်ဖီအရသာကတော့ အရမ်းကြီးထူးခြားနေတာမျိုးမဟုတ်ပဲ ချိုတာမကြိုက်တဲ့သူတွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ ဆိုင်မှာ နံနက်စာအပြင် မြန်မာ့ရိုးရာဟင်းပွဲတွေ၊ တရုတ်အစားအစာဟင်းပွဲတွေ တော်တော်လေးစုံလင်ပြီး ကျန်တာတွေတော့ မစားကြည့်ဖြစ်ခဲ့ဘူး။ ဒါ့အပြင် ရှမ်းအစားအစာ၊ ပင်လယ်စာ၊ အသုပ်မျိုးစုံနဲ့ အသီးဖျော်ရည်အစုံလည်းရတယ်လို့ သိရပါတယ်။

အပေါ်ထပ် အောက်ထပ် ၂ ထပ်ရှိပြီး လူရှင်းလို့ အေးဆေးထိုင်လို့ကောင်းတဲ့ဆိုင်လေးတစ်ခုပါ။ နောက်တစ်ခါမှ တခြားအစားသောက်တွေမြည်းစမ်းဖို့ ထပ်သွားဖို့စာရင်းထဲ ထည့်ထားမိတဲ့ ဆိုင်လေးတစ်ခုပါ။

Shop Info

Location

No. 580 Lower Kyimyindine Rd, PanHlaing Ward
Yangon

TEL/Email

Phone : 094507778712

Email : contacts@company.com

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00