Cafe Amazon Sule Square

39941000_315974142284269_4425811241289646080_n

Cafe Amazon Sule Square

ကော်ဖီလေးသောက်ရင်း အေးဆေးထိုင်နိုင်တဲ့ Cafe Amazon

ဆူးလေကိုလမ်းကြုံရင်းနဲ့ Sule Square မှာကော်ဖီဝင်သောက်ဖို့အတွက် ဆိုင်ပုံစံဆန်းဆန်းလေးဖြစ်တဲ့ Cafe Amazon မှာ ထိုင်ဖြစ်ခဲ့တယ်။ စိမ်းစိုတဲ့ သစ်ရွက်သစ်ခက်လေးတွေနဲ့ Amazon ရဲ့ အရသာကိုပေးစွမ်းထားတယ်။

ဒီဆိုင်က ထိုင်းနိုင်ငံမှာတော့ လူသိများပြီး မြန်မာနိုင်ငံမှာလည်း အခုဆို ဆိုင်ခွဲတွေ ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။ ကော်ဖီအမျိုးအစားစုံလင်ပြီး ဆိုင်ရှေ့ကဖြတ်သွားတာနဲ့တင် ကော်ဖီနံ့သင်းပြီး ဝင်သောက်ချင်စိတ်ဖြစ်မိအောင် ဆွဲဆောင်နိုင်ပါတယ်။

ကော်ဖီအရမ်းခါးတာမသောက်နိုင်တာနဲ့ Amazon ကိုရွေးဖြစ်ခဲ့တယ်။ ကော်ဖီအရသာကောင်းပြီး taste တစ်ခုကိုရတယ်။ နောက်တစ်ခုက Chocolate ကတော့ မိန်းကလေးအများစုကြိုက်မယ့် အရသာပါ။ ဆိုင်မှာထိုင်ရင်း ဓာတ်ပုံရိုက်လို့ကောင်းမယ့် နေရာလေးတွေလည်း ရှိပါတယ်။

Cafe Amazon က မြန်မာနိုင်ငံမှာ ဆိုင်ခွဲ ၄ နေရာရှိတယ်လို့ သိရပါတယ်။ Sule Square၊ Junction City ၊ City Mall နဲ့ Vintage Tower တို့မှာ ဖွင့်ထားတယ်လို့ သိရပါတယ်။ သင်ဟာ ကော်ဖီချစ်သူတစ်ယောက်ဆိုရင်တော့ ဒီဆိုင်လေးကို တစ်ခါလောက်အရောက်သွားပြီး ကော်ဖီအရသာလေးတွေ မြည်းစမ်းသင့်ပါတယ်။

Shop Info

Location

Sule Sqaure, (Underground Floor), Sule Pagoda Road, Pabedan Township, Yangon.

TEL/Email

01 505 085

Email : No Email

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

May Myo Eain

frame

May Myo Eain

မေမြို့အိမ်က အရောင်းရဆုံး ကြက်ကြော်နှပ်ဖက်ထမင်း

မေမြို့ (သို့မဟုတ်) ပြင်ဦးလွင်ကို သင်ရောက်ခဲ့ဖူးပြီလား။ ရောက်ဖူးမယ်ဆိုရင်တော့မေမြို့အိမ်ရဲ့ လူကြိုက်အများဆုံး အင်ဖက်နံ့သင်း ကြက်ကြော်နှပ်ဖက်ထမင်းကို စားဖြစ်အောင်စားဖို့တိုက်တွန်းချင်ပါတယ်နော်။

ကြက်ကြော်နှပ်ဖက်ထမင်း

မေမြို့ကို အခုမှပထမဆုံးရောက်တာမဟုတ်ပေမယ့် ဒီကြက်ကြော်နှပ်ဖက်ထမင်းကိုတော့ ဒီတစ်ခါမှစားဖြစ်ခဲ့တာပါ။ ဖက်ထမင်းအကြောင်းစပြောရရင် အရင်ခေတ်က ထမင်းကို ဖက်နဲ့ထုပ်စားခဲ့တဲ့အချိန်တွေကို ပြန်ပြောင်းသတိရစေတယ်။ ထမင်းပူပူလေးကို အရန်ဟင်းအမယ်စုံစုံလေးနဲ့ ကြက်သားကြော်တို့တွဲဖက်စားသုံးရတာမျိုးပါ။

ဒီဖက်ထမင်းထုပ်လေးထဲမှာ ကြက်သားကြော်ကြွပ်ကြွပ်လေးအပြင် ပုစွန်ခြောက်ငံပြာရည်ကြော်၊ပဲကြော်၊ အာလူးကြော်၊ ချဉ်ပေါင်ကြော်တို့ပါဝင်ပါတယ်။ တကယ်သဘောကျစရာကောင်းတဲ့ ဖက်ထမင်းလေးပါ။ အစားကြီးတဲ့ကိုယ့်အတွက်တော့ ပါတဲ့ထမင်းကို နည်းသလိုခံစားရတယ်။ ကြက်ကြော်အတုံးကတော့ တော်တေ်ာလေးကြီးတယ်။ တစ်ပွဲကို ၂၅၀၀ ကျပ်နဲ့စားရတဲ့အရသာကောင်းတဲ့ လူကြိုက်အများဆုံး ဖက်ထမင်းပါ။

နောက်တစ်ခုက ကြက်သားကာလသားချက်။ ကြက်ကာလသားချက်ကို နေရာဒေသအလိုက်ပုံစံအမျိုးမျိုးချက်တာကိုစားခဲ့ဖူးတယ်။ မေမြိ့အိမ်က ချဉ်စပါအရသာကြက်သားကာလသားချက်ကိုလည်း အတော်လေးသဘောကျမိတယ်။ အရသာကောင်းပြီးအဓိကဟင်းအနေနဲ့ပါ စားလို့ရနိုင်ပါတယ်။ အရည်အရသာ၊ အသားအရသာ ဘာမှပြောစရာမလိုအောင်ကောင်းပေမယ့်ဆီများတာလေးကိုတော့ သိပ်သဘောမကျခဲ့ဘူး။ ဆီများတယ်လို့ခံစားရရင် စားရတာသိပ်အဆင်မပြေပါဘူး။

ဆိုင်မှာ ထူးထူးဆန်းဆန်းဟင်းပွဲလေးတွေနဲ့ မေမြို့ရဲ့ ဒေသထွက်အစားအသောက်တွေ၊ ကော်ဖီတွေလည်းရနိုင်ပါသေးတယ်။ ဒီဆိုင်က ပြင်ဦးလွင်ရောက်ဖြစ်တဲ့သူတိုင်း တော်တေ်ာများများဝင်လေ့ရှိတဲ့ နာမည်ကြီးစားသောက်ဆိုင်ပါ။ အစားသောက်ကောင်းကောင်းလေးတွေနဲ့သဘောကျမိတဲ့ဆိုင်လေးမို့ နောက်ရောက်ဖြစ်လဲ ဝင်စားဖြစ်ဦးမယ့်ဆိုင်လေးပါ။

Shop Info

Location

Block 9-Nandawon ,MDY-Lashio Road
Maymyo

TEL/Email

Phone : 09 795 183392

Email : No Email

Open Hours

MON-FRI 09:00 – 21:00

SAT-SUN 09:00 – 21:00

Acacia Tea Salon

10

Acacia Tea Salon

ကိတ်ကောင်းကောင်းလေးတွေစားလို့ရမယ့်ဆိုင်လေး

ဒီတစ်ခေါက်မှာ Acacia Tea Salon ကိုရောက်ဖြစ်ခဲ့တယ်။ ဆိုင်လေးက အတော်လေးသဘောကျစရာကောင်းပြီး ငြိမ်သက်မှုရှိတာကြောင့် အေးဆေးနေချင်တဲ့သူတွေအတွက် အဆင်ပြေတယ်။ အရသာရှိတဲ့ ကိတ်မျိုးစုံနဲ့လက်ဖက်ခြောက်ကောင်းကောင်းနဲ့လက်ဖက်ရည်တွေရနိုင်ပါတယ်။

လဘက်ခြောက်အမျိုးအစားစုံနဲ့ပြုလုပ်ထားတဲ့ လဘက်ရည်တွေက ဒီဆိုင်ရဲ့နာမည်ကြီးဖြစ်ပြီး လူကြိုက်အများဆုံးတစ်ခုလည်းဖြစ်ပါတယ်။ ဒီတစ်ခေါက်စားဖြစ်တဲ့ High Tea Menu ထဲက Gourmande Set ကလည်း ဒီဆိုင်မှာလူကြိုက်များတယ်။ Gourmande Set က တစ် Set ကို၃၅၀၀၀ ကျပ်ဖြစ်ပြီး ၂ ယောက်လောက်စားလို့ရပါတယ်။

ဒီဆိုင်မှာ TEA နဲ့ ကော်ဖီအမျိုးမျိုးအပြင် နိုင်ငံတကာက ဝိုင်အမျိုးမျိုးလည်းရပါတယ်။ ပြင်သစ်၊ အီတလီ၊ စပိန်၊ ချီလီ၊ မြန်မာစတဲ့ နိုင်ငံအသီးသီးက ဝိုင်အမျိုးအစားအစုံလည်း ရနိုင်ပါတယ်။

ဒီ Tea Salon ကို လူသိများစေတဲ့နောက်တစ်ခုက ဓာတ်ပုံရိုက်စရာနေရာ လှလှအပြင်အဆင်လှလှလေးတွေရှိခြင်းကြောင့်ပါ။ ဒီဆိုင်က လူသိများပြီးသားဖြစ်တာကြောင့် အထူးတလည်ရေးပြနေဖို့တော့ မလိုတော့ပါဘူး။ မရောက်ဖူးသေးရင်တော့ သွားကြည့်သင့်တဲ့ဆိုင်ကောင်းလေးတစ်ဆိုင်လို့ လမ်းညွှန်ချင်ပါတယ်။

Shop Info

Location

Saya San Road, Bahan Township,Yangon.

TEL/Email

Phone : 09 765 400892

No emails

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Paradise Bakery

frame

Paradise Bakery

ဒူးရင်းနဲ့ပတ်သက်လာရင် ဒီနေရာသာသွား

ဒူးရင်းသီးခရေဇီဆိုရင်တော့ ဒီဆိုင်ကိုသွားဖို့ အကြံပြုလိုပါတယ်။ တကယ်ကိုအရသာကောင်းမွန်တဲ့ ဒူးရင်းစီးရီး တွေရှိတဲ့နေရာတစ်ခုပါ။ ဒူးရင်းခရေဇီတွေတော်တော်များများလည်းသိကြပြီး မသိသေးတဲ့သူတွေအတွက် လမ်းညွှန်ပေးချင်တဲ့ဆိုင်ကတော့ အလုံက Paradise Bakery ပါ။

စားဖူးတဲ့သူတော်တော်များများဆီက Good recommendation ရထားတဲ့ဆိုင်လေးတစ်ခုဆိုလည်း မမှားပါ ဘူး။ ဒီတစ်ခေါက်ဆိုင်ကိုရောက်ဖြစ်တုန်း စားခဲ့တဲ့ ဒူးရင်းနဲ့ပတ်သက်တာတွေကတော့ Durian Lava ၊ Durian Soup ၊ Grilled Durian ဆိုပြီး ပုံစံမတူတဲ့ ဒူးရင်းသီးမုန့် သုံးခုစားဖြစ်ခဲ့တယ်။ အရသာက အီဆိမ့်နေပြီး စားလို့တော်တော်လေးကောင်းပါတယ်။

နောက်တစ်ခုက တခြားနိုင်ငံတွေမှာအစားများကြတဲ့ Banoffee Crumble ပါ။ Caramel Sauce နွေးနွေးလေးနဲ့ အချိုအဆိမ့်ကြိုက်တဲ့သူတွေအတွက် လုံးဝသဘောကျမယ့်ဟာပါ။

ဆိုင်မှာ cake, coffee, cold drink, food menu အစုံလင်ရှိပြီး တခြားစားသောက်စရာတွေ လည်းရှိပါတယ်။ ဒီဆိုင်ကို လူသိများတာကတော့ ဒူးရင်းကြောင့်ပါ။ ဘာတွေရလဲ၊ ဘယ်လိုဒူးရင်းတွေရှိလဲဆိုတာတော့ ကိုယ်တိုင်သွားပြီး မြည်းစမ်းကြည့်ဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။

Shop Info

Location

No(161), corner of lower Kyeemyindine road and Mar Ga street, Ahlone Township, Yangon.

TEL/Email

Phone : 09 772 797821

Email : no email

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Mya Sabei

frame

Mya Sabei

မြေနီကုန်းက အစားအသောက်စုံလင်တဲ့ ဆိုင်ကောင်းလေးတစ်ဆိုင်

အစားအသောက်ဆိုင်တွေပေါတဲ့ မြေနီကုန်းပတ်ဝန်းကျင်မှာ တစ်နေရာထဲနဲ့ အစားအသောက်ကောင်းကောင်း စုံစုံလင်လင်စားချင်တယ်ဆိုရင်တော့ မြစံပါယ် ကိုသွားကြည့်ဖို့ ညွှန်းလိုပါတယ်။

ဆိုင်မှာ မြန်မာအစားအစာ၊ တရုတ်အစားအစာနဲ့ ကော်ဖီ၊ ကိတ်မျိုးစုံရတာကြောင့် တစ်နေရာထဲနဲ့စားချင်တာစားလို့ရတဲ့ ဆိုင်လေးတစ်ဆိုင်ပါ။ ဒီတစ်ခေါက်ရောက်သွားရင်း စားဖြစ်ခဲ့တာလေးတွေကတော့ ကြေးအိုးဆီချက်၊ လဘက်ထမင်း၊ ဖာလူဒါနဲ့ လဘက်ရည်တို့ပဲဖြစ်ပါတယ်။

ကြေးအိုးဆီချက်အရသာက စားလို့အဆင်ပြေတယ်လို့ ဆိုရမှာဖြစ်ပြီး သာမာန်လဘက်ရည်ဆိုင်က ကြေးအိုးထက်တော့ လုံးဝသာပါတယ်။ ကြေးအိုးသီးသန့်ရောင်းချတဲ့ ဆိုင်တွေလောက်တော့ ထူးကဲတဲ့အရသာတော့ မရှိပါဘူး။ တစ်ပွဲကို ၃၀၀၀ ကျပ်ဖြစ်ပြီး ဈေးနဲ့ အရသာတန်တယ်လို့ ဆိုရပါမယ်။

ကျန်တဲ့ လဘက်ထမင်းနဲ့ ဖာလူဒါတွေလည်းစားရအဆင်ပြေပြီး ဆိုင်မှာ ရွေးချယ်စရာ အစားအသောက်တော်တော်များတာကြောင့် အဝစားချင်သူအတွက်ရော အချိုတည်းချင်တဲ့သူအတွက်ပါ အဆင်ပြေပါတယ်။ ဒီဆိုင်ကို သဘောကျမိတဲ့အချက်ထဲမှာ ဆိုင်နေရာကျယ်ဝန်းတာလည်း အပါအဝင်ဖြစ်ပါတယ်။အစားအသောက်ဆိုင်တွေပေါတဲ့ မြေနီကုန်းပတ်ဝန်းကျင်မှာ တစ်နေရာထဲနဲ့ အစားအသောက်ကောင်းကောင်း စုံစုံလင်လင်စားချင်တယ်ဆိုရင်တော့ မြစံပါယ် ကိုသွားကြည့်ဖို့ ညွှန်းလိုပါတယ်။

ဆိုင်မှာ မြန်မာအစားအစာ၊ တရုတ်အစားအစာနဲ့ ကော်ဖီ၊ ကိတ်မျိုးစုံရတာကြောင့် တစ်နေရာထဲနဲ့စားချင်တာစားလို့ရတဲ့ ဆိုင်လေးတစ်ဆိုင်ပါ။ ဒီတစ်ခေါက်ရောက်သွားရင်း စားဖြစ်ခဲ့တာလေးတွေကတော့ ကြေးအိုးဆီချက်၊ လဘက်ထမင်း၊ ဖာလူဒါနဲ့ လဘက်ရည်တို့ပဲဖြစ်ပါတယ်။

ကြေးအိုးဆီချက်အရသာက စားလို့အဆင်ပြေတယ်လို့ ဆိုရမှာဖြစ်ပြီး သာမာန်လဘက်ရည်ဆိုင်က ကြေးအိုးထက်တော့ လုံးဝသာပါတယ်။ ကြေးအိုးသီးသန့်ရောင်းချတဲ့ ဆိုင်တွေလောက်တော့ ထူးကဲတဲ့အရသာတော့ မရှိပါဘူး။ တစ်ပွဲကို ၃၀၀၀ ကျပ်ဖြစ်ပြီး ဈေးနဲ့ အရသာတန်တယ်လို့ ဆိုရပါမယ်။

ကျန်တဲ့ လဘက်ထမင်းနဲ့ ဖာလူဒါတွေလည်းစားရအဆင်ပြေပြီး ဆိုင်မှာ ရွေးချယ်စရာ အစားအသောက်တော်တော်များတာကြောင့် အဝစားချင်သူအတွက်ရော အချိုတည်းချင်တဲ့သူအတွက်ပါ အဆင်ပြေပါတယ်။ ဒီဆိုင်ကို သဘောကျမိတဲ့အချက်ထဲမှာ ဆိုင်နေရာကျယ်ဝန်းတာလည်း အပါအဝင်ဖြစ်ပါတယ်။

Shop Info

Location

No.71, Pansondan Street , Kyauktada Tsp , Yangon.

TEL/Email

Phone : + 01 249 875

Email : contacts@company.com

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Bangkok Cafe

1

Bangkok Cafe

ထိုင်းအစားအသောက် ခရေဇီတွေအတွက် ကြည့်မြင်တိုင်ကဆိုင်

 ကြည့်မြင်တိုင်က ထိုင်းအစားအသောက်ကောင်းတဲ့ ဆိုင်တစ်ဆိုင်အကြောင်းကို ပြန်လည် မျှဝေပေးလိုပါတယ်။

ဆိုင်နာမည်က Bangkok Cafe ဖြစ်ပြီး Cafe လိုင်းတစ်ခုတင်မဟုတ်ပဲ အရသာရှိတဲ့ ထိုင်းအစားအသောက် အတော်လေးစုံလင်တဲ့ဆိုင်တစ်ခုပါ။ ဒီတစ်ခေါက် ရောက်တုန်း စားဖြစ်ခဲ့တာလေးတွေကတော့

ကြက်သားထိုင်းဟင်း (Curry အစိမ်း) – အုန်းနို့နဲ့ ချက်ထားတဲ့ ထိုင်းစတိုင် ကြက်သားဟင်းဖြစ်ပါတယ်။ အရသာ အီဆိမ့်ပြီး စားရတာ လေးလေးပင်ပင်ရှိတယ်။ အစပ်အရသာပေါ့ပြီး ထိုင်းစာနဲ့ မစိမ်းတဲ့သူတွေအတွက် တကယ့်ထိုင်းနိုင်ငံမှာစားရတဲ့ ထိုင်းအရသာ စစ်စစ်ကို ရနိုင်မယ့် ဟင်းလျာတစ်ခုပါ။ Admin အမြင်ပြောရရင် အရသာကောင်းပြီး ကြက်သားနည်းတယ်လို့ ခံစားမိပါတယ်။ တစ်ပွဲကို ၆၀၀၀ ကျပ်ပါ။

Thai Style Iced Coffee ကတော့ ထိုင်း Tea တွေပုံစံအတိုင်း သောက်လို့ကောင်းပြီး အချိုတည်းဖို့ တော်တော်လေးကောင်းတယ်လို့ ဆိုရပါမယ်။ နောက်ထပ် သဘောကျမိတာက ထိုင်းစတိုင် ကွေ့သယိုပါပဲ။ ကွေ့သယိုအရသာကောင်းကောင်းစားချင်တယ်ဆိုရင်တော့
ဒီဆိုင်ကို မဖြစ်မနေသွားကြည့်ဖို့ ပြောချင်ပါတယ်။

ကော်ဖီနဲ့ မုန့်အစုံလည်းရပြီး စားသောက်စရာရွေးချယ်ဖို့ အတော်လေးစုံလင်ပါတယ်။ ဆိုင်အနေအထားက ကျယ်ဝန်းပြီး ရောက်သွားတဲ့အချိန်က ညဖြစ်တာကြောင့် လူလည်းရှင်းတယ်။ ကားပါကင်ကျယ်တာကလည်း ဒီဆိုင်ကိုသဘောကျမိတဲ့ အချက်တစ်ခုဖြစ်ပါတယ်။

ကြက်သားထိုင်းဟင်း (Curry အစိမ်း)

Shop Info

Location

569 Lower Kyimyindine Road, near home street, next to Shwe Gon Thu condo
Yangon

TEL/Email

Phone : 09 45440 4800


Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

TOM N TOMS Coffee

Caramel Macchiato

TOM N TOMS Coffee

ရန်ကင်းက ကိုရီးယားနာမည်ကျော်ကော်ဖီဆိုင်

ဒီတစ်ခေါက်ရောက်ဖြစ်တဲ့ ဆိုင်ကတော့ ကော်ဖီဆိုင်လေးတစ်ဆိုင်ပါ။ ကိုရီးယားနိုင်ငံအခြေစိုက် Brand တစ်ခုဖြစ်ပြီး လူသိများတဲ့ဆိုင်လို့လည်းသိရပါတယ်။ ဆိုင်ကတော့ ရန်ကင်းမြို့နယ်မှာရှိတဲ့ TOM N TOMS Coffee ပဲဖြစ်ပါတယ်။

အရင်ဆုံး Caramel Macchiato အကြောင်းစပြောရရင် ကော်ဖီအခါးသိပ်မသောက်နိုင်တဲ့သူတွေအတွက် သင့်တော်ပါတယ်။ ကော်ဖီအနံ့အရသာပြည့်စုံပြီး တကယ်သောက်လို့အဆင်ပြေပါတယ်။

Cafe Latte

နောက်တစ်မျိုးက Cafe Latte နဲ့ Sandwich set menu ပါ။ Latte အရသာကတော့ ကော်ဖီအရသာခံပြီးသောက်မယ့်သူတွေအတွက် ရွေးချယ်သင့်ပါတယ်။ Sandwich ကအရသာကောင်းပြီး အစားကြီးတဲ့သူမဟုတ်ရင် ၂ ယောက်လောက်စားလို့ရပါတယ်။ နှစ်သက်ရာ ကော်ဖီတစ်ခွက်လည်း ဒီမီနူးထဲမှာရွေးလို့ရပါတယ်။ ဆိုင်မှာ ကိတ်အမျိုးစားလည်း တော်တော်လေးစုံလင်တာတွေ့ရတယ်။

ဆိုင်က နာမည်ကြီးပြီးသားဆိုတော့ ပုံမှန်လာထိုင်နေကြသူတွေရှိတာကိုတွေ့ရတယ်။ ဆိုင်နေရာကျယ်ဝန်းပြီး သန့်ရှင်းသပ်ရပ်မှုရှိတာကြောင့် ကော်ဖီဆိုင်တစ်ဆိုင်မှာထိုင်ရင်း အလုပ်လုပ်မယ်၊ စကားအေးဆေးပြောမယ်ဆိုရင်လည်း အဆင်ပြေတယ်။

TOM N TOMS COFFEE က ထိုင်း၊ မလေးရှား၊ မွန်ဂိုလီးယား၊ ဖိလစ်ပိုင်၊ ကိုရီးယား၊ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ မကာအို၊ သြစတြေးလျနဲ့ အမေရိကားနိုင်ငံတွေမှာ ဆိုင်ခွဲတွေဖွင့်လှစ်ထားပြီးသား နာမည်ကြီး ကော်ဖီဆိုင်လို့သိရတယ်။

ကဲဒီပိတ်ရက်မှာ ကော်ဖီဆိုင်ကောင်းကောင်းလေး ထိုင်မယ်ဆိုရင်တော့ TOM N TOMS COFFEE က အသင့်တော်ဆုံးပါပဲလို့ ညွှန်းချင်ပါတယ်။

Shop Info

Location

Yankin Condo, Yanshin road, Yankin township, Yangon.

TEL/Email

09 961 213241

Email : contacts@company.com

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00