Mote Nyin Paung

frame

Mote Nyin Paung

မုန်ညင်းပေါင်း

မနက်ခင်းစာအတွက် လွယ်လွယ်ကူကူ လုပ်စားလို့ရမယ့် မုန်ညင်းပေါင်းနည်းလေး ဖော်ပြပေးပါမယ်ရှင်။ မုန်ညင်းပေါင်းကို မနက်ခင်းစာအအဖြစ် ရေနွေးကြမ်းနဲ့ တွဲဖက်သုံးဆောင်နိုင်သလို ရှမ်းခေါက်ဆွဲ၊ မြီးရှည်တို့နဲ့လဲ တွဲဖက် သုံးဆောင် နိုင်ပါတယ်။အလိုက်ဖက်ဆုံးက ခေါပုတ်ကြော်လေးနဲ့ပါနော်။

ကဲ လုပ်ရတာ လွယ်ကူပြီး အဟာရပြည့်ဝတဲ့ မုန်ညင်းပေါင်းလေး လုပ်စားကြည့်ရအောင်။

ပါဝင်ပစ္စည်း


မုန်ညင်းရွက် – ၂ စည်း
ခရမ်းချဉ်သီး – ၁ လုံး
မြေပဲ – ၁ ဇွန်း (ဟင်းစားဇွန်း)
ဆန်မှုန့် – ၂ ဇွန်း ( ဟင်းစားဇွန်း)
ပဲပုတ် – ၁ ချပ်
ဆား – အနည်းငယ်
ဟင်းခတ်မှုန့် – အနည်းငယ်

 

တွဲဖက်စားသုံးရန်

ကြက်သွန်ဖြူဆီချက်
ငရုတ်သီးတောင့်ကြော်
ဂျူးမြစ်

ချက်ပြုတ်နည်း

မုန်ညင်းပေါင်းအတွက် မုန်ညင်းကို ပန်းအဝါလေးတွေပါတဲ့ မုန်ညင်းအမျိုးအစားကို သုံးထားပါတယ်။ပထမဦးဆုံး မုန်ညင်းအရွက်တွေချည်းပဲခြွေပြီး ဆားရည် ခဏ စိမ်ထားပါမယ်။ခရမ်းချဉ်သီးကိုလည်း ဆားရည်စိမ်ထားပါမယ်။

ပဲပုတ်ကို မီးအေးအေးနဲ့ မွှေးအောင် အချိန်ခဏလေးကင်ပြီး ထောင်းထားပါမယ်။ မြေပဲကိုလည်း ကွဲရုံလေး ထုထားပါမယ်။

ဆားရေစိမ်ထားတဲ့ မုန်ညင်းရွက်တွေကို ရေပြန်ဆေးပြီး ခပ်ပါးပါးလှီးပါမယ်။ခရမ်းချဉ်သီးကိုလည်း ပါးပါးလှီးပါမယ်။

ပါဝင်ပစ္စည်းတွေ အကုန်စုံပြီဆိုရင် ဇလုံတစ်လုံးထဲ စုထည့်ပြီး နှံ့အောင် နယ်ပါမယ်။အရသာ အပေါ့အငံ မြည်းပြီး စိတ်ကြိုက်ဖြစ်ပါက အပူခံနိုင်သည့် ကြွေပန်းကန်အပြန့်ထဲမှာ ငှက်ပျောရွက်ခင်းပြီး နယ်ထားတဲ့ အစာတွေထည့်ပါမယ်။မုန်ညင်းပေါင်းဖို့အတွက် ပေါင်းအိုးထဲ ရေတစ်ဝက်ထည့် အပေါ်ကဇကာခံပြီး ပေါင်းပါမယ်။

၁နာရီလောက် ပေါင်းပြီး အဖုံးဖွင့်ကြည့်တဲ့အခါ မုန်ညင်းရွက်နဲ့ ခရမ်းချဉ်သီးဖတ်တွေ နူးအိနေရင် ရပါပြီ။

မုန်ညင်းပေါင်းရရင် ပူပူနွေးနွေး အနေအထားမှာပဲ အပေါ်ကနေ ကြက်သွန်ဖြူ ဆီချက်လေးဆမ်း ငရုတ်သီးခြောက်တောင့်လေးကိုက် ဂျူးမြစ်လေးကိုက်ပြီး ရေနွေးကြမ်းလေးနဲ့ တွဲဖက်သုံးဆောင်ကြည့်ပါရှင်။

kyan khin rice salad

kyan kin copy

kyan khin rice salad

ကြံခင်း ထမင်းသုပ်

ကြံခင်း ထမင်းသုပ်

ထမင်းဖြူ
● ပဲဆီ
● ကြက်သွန်ဖြူ
● ငရုတ်သီးခြောက်
● ပုစွန်ခြောက်မှုန့် (သို့မဟုတ်)ငါးကျည်းခြောက်မှုန့်
● ကုလားပဲကျက်မှုန့်
● ငရုတ်သီး အလှော်မှုန့်
● ငံပြာရည်
● ဟင်းခတ်မှုန့်

 

တွဲဖက်စားရန်


ကြက်ကြော် ၊အမဲကြော် ၊ဝက်ကြော်
အချဉ် – ပဲတီချဉ်၊ သရက်သီးဆားရည်စိမ်၊ မရမ်းသီးဆားရည်စိမ် စသဖြင့် ကြိုက်နှစ်သက်ရာနဲ့တွဲစားနိုင်ပါတယ်။

ပြုလုပ်နည်း


– ကြံခင်းထမင်းသုပ်ဖို့အတွက် ပေါ်ဆန်းမွှေးဆန် ကောင်းကောင်းကို ချက်ထားပါမယ်။
– ဆီချက် အဝါချက်ဖို့အတွက် ကြက်သွန်ဖြူ ကို အကွင်းလေးတွေ လှီးထားပြီး နနွင်းမှုန့်နဲ့ ဆီချက် ချက်ထားပါမယ်။
– ဆီနီအတွက်က ငရုတ်သီးခြောက်ကို ဒယ်အိုးပူတွင် လှော်ပြီး ထောင်းထားပါ။ပြီးလျှင် ဆီပူအောင်တည်ထားပါ ဆီကျက်ပြီဆိုပါက ခေတ္တအအေးခံပြီး ထောင်းထားသည့် ငရုတ်သီးလှော်မှုန့်ဖြင့် ရောထားပါ။ဒါဆို ဆီနီရပါပြီ။
– ကြံခင်းထမင်းသုပ်ထဲ ထည့်သုပ်ဖို့အတွက် အကောင်းဆုံးက ငါးကျည်းခြောက်မှုန့်ပါ။ငါးကျည်းခြောက်ကို မီးအေးအေးနဲ့ မွှေးအောင်ဖုတ်ပြီး အမှုန့်ထောင်းထားပါ။မရှိရင် ပုစွန်ခြောက်အကောင်သန့်သန့်ကို မီးအေးအေးနဲ့ မွှေးအောင်ပြန်လှော်ပြီး အမှုန့်ထောင်းထားပါ။
– ကုလားပဲကျက်မှုန့် အစစ်ကိုလည်း မီးအေးအေးနဲ့ မွှေးအောင်ပြန်လှော်ထားပါမယ်။
– ငရုတ်သီး အလှော်မှုန့်ကိုလည်း ဆီအနည်းငယ်ထည့်ပြီး မီးအေးအေးနဲ့ ပြန်ကြော်ထားပါမယ်။
– ပါဝင်ပစ္စည်းတွေ အားလုံးစုံပြီဆိုရင်တော့ အရသာ လိုအပ်သလိုထည့်ပြီး မိမိစိတ်ကြိုက် သုပ်စားနိုင်ပါပြီ။

Chicken leg soup

5e6f1dd784698

Chicken leg soup

ကြက်ခြေထောက်ချဉ်စပ်ဟင်းရည်

ရာသီဥတုပူပူမှာ ဆိုင်ကိုတကူးတကသွားစားဖို့အချိန်မပေးချင်ဘူး၊ ကိုယ့်ဘာသာအိမ်မှာဖွယ်ဖွယ်ရာရာလေးတွေလုပ်စားဖို့ စိတ်ကူးထားတဲ့သူတွေအတွက် ဒီတစ်ခေါက်မှာကြက်ခြေထောက်ချဉ်စပ်ဟင်းရည်ပြုလုပ်နည်းအကြောင်းလေးကို ရေးပေးပါမယ်။ စားရတာအရသာရှိပြီး ချဉ်ချဉ်စပ်စပ်ကြိုက်သူတွေ အကြိုက်တွေ့မယ့် ကြက်ခြေထောက်ချဉ်စပ်ဟင်းရည်ပါ။

လိုအပ်သောပစ္စည်းများ

– ကြက်အရိုး၊ ကြက်ခြေထောက် (အသားကြိုက်ပါကလည်းထည့်သွင်းနိုင်)
– ကြက်သွန်နီအနေတော် ၃ လုံးမှ ၄ လုံး
– ငရုပ်သီးစိမ်း ဟင်းရည်တစ်ပွဲစာ
– ကြက်သွန်ဖြူ ဥကြီး ၄ မွှာ
– နနွင်းမှုန့်အနည်းငယ်
– သံပုရာသီး
– ဆား
– ဂျင်းအနေတော်

ကြက်သွန်ဖြု၊ နီ ဂျင်းနှင့် ငရုပ်သီးစိမ်းတို့ကိုရောထောင်းပါ။ အငံအရသာအတွက် ဆားအနည်းငယ်ထည့်ပေးရန်လိုပါသည်။ဟင်းခတ်မှုန့်အနည်းငယ်ထည့်ပါ။ ကြက်သွန်တွေကိုရောထည့်ပြီး အရိုးအသားတွေကိုရောနှယ်ပေးရပါမယ်။ ဆက်လက်၍အိုးထဲတွင် ဆီအနည်းငယ်ဖြင့်လုံးပေးရပါမယ်။ ပြီးရင်အရည်သောက်အတွက် ရေအနည်းငယ်ထည့်ပြီး ပြုတ်ရပါမယ်။ကျက်ခါနီးပြီဆိုရင်တော့ အချဉ်အရသာအတွက် သုံပုရာရည်အနေတော်ထည့်ပေးရပါမယ်။ အရသာရှိပြီး ချဉ်ချဉ်စပ်စပ်နဲ့စားလို့ကောင်းတဲ့ ကြက်ခြေထောက်ချဉ်စပ်ဟင်းရည်ပြုလုပ်နည်းလေးပါ။

Bistropedia

frame

Bistropedia

ကော်ဖီသောက်ရင်း အေးဆေးအလုပ်လုပ်လို့ရမယ့်နေရာ

ရာသီဥတုကအရမ်းပူလာပြီး ကော်ဖီဆိုင်တစ်ဆိုင်ဆိုင်မှာ အေးဆေးထိုင်၊အနားယူ ဒါမှမဟုတ် အလုပ်လုပ်ချင်တဲ့သူတွေအတွက် သင့်တော်တဲ့နေရာလေးတစ်ခုပါ။ ဆိုင်ကဖွင့်ထားတာသိပ်မကြာသေးပဲ နေ့လည်နေ့ခင်းဆို အေးဆေးရှိတယ်။

Thai Coffee and Black Tea

ဆိုင်မှာ လိုင်းကောင်းတဲ့ Wifi ရှိတာက အလုပ်လုပ်မယ့်သူတွေအတွက် သဘောကျစေမယ့်အချက်ပါ။ ရတဲ့အစားအသောက်တွေကလည်းစုံပါတယ်။ Day Time Breakfast အတွက် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊
Eoropean Breakfast ရနိုင်သလို Appetizer, Salad and Suop မျိုးစုံအပြင် Bistropedia Signatures တွေလည်းရှိပါတယ်။

ကျွန်တော်ရောက်သွားတဲ့အချိန်က နေ့လည်ခင်းဖြစ်တာကြောင့် ကျန်တဲ့အစားအသောက်တွေကိုတော့ မစားဖြစ်ခဲ့ဘဲ Black Tea, Thai Tea တို့လို ပေါ့ပေါ့ပါးပါး သောက်စရာ Drinks တွေပဲသောက်ဖြစ်ခဲ့တယ်။

ဆိုင်အကြောင်း အကျဉ်းချုပ်ပြောရရင် အစားအသောက်အတော်လေးစုံလင်တယ်။ ဆိုင်နေရာအနေအထားနဲ့ပတ်ဝန်းကျင်က သက်တောင့်သက်သာရှိတယ်၊ ဆေးဆေးထိုင်လို့ရတယ်။ အစားအသောက်ဈေးနှုန်းတွေက ပုံမှန်ထက် ဈေးနည်းနည်းများတယ်လို့ဆိုနိုင်ပေမယ့် ဆိုင်အနေအထားနဲ့အရသာကောင်းကောင်းအစားအသောက်တွေရနိုင်တာကြောင့် မဆိုးဘူးလို့ သတ်မှတ်နိုင်ပါတယ်။ စမ်းချောင်းဗဟိုလမ်းပေါ်မှာဖွင့်လှစ်ထားတဲ့ Bistropedia Bar & Grill က ထိုင်လို့ကောင်းတဲ့ ဆိုင်လေးပါ။

Bistropedia’s Menu

Shop Info

Location
TEL/Email

Phone : 09443355773

Email : No Email

Open Hours

MON-FRI 07:00 – 23:00

SAT-SUN 07:00 – 23:00

BEE HOUSE

photo - BEE HOUSE

BEE HOUSE

Seafood နဲ့ ရှမ်းစာကောင်းကောင်းရတဲ့ဆိုင်လေး

ဒီဆိုင်လေးကတော့ စားသောက်ဆိုင်တွေမှိုလိုပေါက်နေတဲ့စမ်းချောင်းမြို့နယ်မှာဖွင့်လှစ်ခဲ့တဲ့ စားသောက်ဆိုင်လေးပါ။ ဆိုင်နာမည်က BEE HOUSE ဖြစ်ပြီးတော့ Seafood နဲ့ ရှမ်းစာကောင်းကောင်းလေးတွေရတဲ့ဆိုင်လေးလို့ သိရပါတယ်။

မြန်မာနိုင်ငံကလူငယ်တွေကြားမှာ ပေါ်ပြူလာဖြစ်ပြီး အစားများကြတဲ့
အစားအစာတွေဖြစ်တဲ့ BBQ ၊ ပင်လယ်စာ၊ ရှမ်းရိုးရာအစားအစာ၊ ထိုင်းအစားအစာတွေကိုဈေးနှုန်းသင့်တင့်စွာနဲ့ စားနိုင်မယ်လို့သိရပါတယ်။ ဒါ့အပြင် ဘီယာသောက်မလားဝိုင်သောက်မလား cafe သောက်မလား ကြိုက်နှစ်သက်ရာ Drink အမျိုးမျိုးလည်းရနိုင်ပါသေးတယ်။

ဆိုင်က လူစည်ကားရာနေရာဖြစ်တဲ့ စမ်းချောင်းလမ်း Strategy First ကျောင်းနားက The Corner Barရှေ့နားမှာ ဖြစ်ပြီး စမ်းချောင်းကိုမကြာခဏရောက်ဖြစ်ရင်တော့ ဖွင့်ထားတာသိပ်မကြာသေးတဲ့
ဒီဆိုင်လေးကို အရောက်သွားလိုက်ပါဦး။

Shop Info

Location

166-A, Sanchaung Street, Sanchaung Township, Yangon

TEL/Email

Phone : 09 776 296789

Email : No Email

Open Hours

MON-FRI 09:00 – 20:00

SAT-SUN 9:00 – 20:00

Htanaung leaf salad

frame

Htanaung leaf salad

အညာဒေသ ထနောင်းရွက်သုပ်

အခုလိုအချိန်မှာ အညာဒေသမှာ ရာသီစာ ထနောင်းရွက်သုပ်တွေစားနေကြပါပြီ။ အရသာဆိမ့်ဆိမ့်နဲ့ စားလို့အရမ်းကောင်းပြီး ရှေးအခါက နွေရာသီမှာ ထနောင်းရွက်သုပ်စားရင်ဝမ်းပျက် ဝမ်းလျှောခြင်းတွေကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ နွေရာသီရဲ့ပူပြင်းလှတဲ့နေရောင်ကိုကာကွယ်ဖို့အတွက် ထနောင်းရိပ်ကောင်းကောင်းကလည်း တကယ်ကိုအကျိုးပြုပါတယ်။

ထနောင်းပင်နှင့်ပုဂံအလှ

ထနောင်းရွက်သုပ်လုပ်စားဖို့အတွက် လိုအပ်တဲ့ပစ္စည်းများ

ထနောင်းရွက် – ၂၀ ကျပ်သား
ကြက်သွန်နီ – ၁ လုံး
ဆီကျက် – အသုပ်တစ်ပွဲစာခန့်
မြေပဲလှော် – စားပွဲတင်ဇွန်း ၂ စွန်း
ပဲမှုန့်အကျက်` – စားပွဲတင်ဇွန်း ၁ စွန်း
ငရုတ်သီးအကျက်မှုန့် – လဘက်ရည် ၁ စွန်း
ဆား – အနည်းငယ်
အရသာမှုန့် – အနည်းငယ်

ပြုလုပ်ပုံ

ထနောင်းရွက်ကို ရေနွေးပူပူမှာ ၅ မိနစ်ခန့် ပြုတ်ပေးပါ။ ထို့နောက်
ထနောင်းရွက်ကို သုပ်စားလို့ကောင်းမယ့် အနေတော်အရွယ်ထိ လှီးဖြတ်၍
နှုတ်နှုတ်စဉ်းပေးပါ။ ထို့နောက် ကြက်သွန်နီပါးပါးလှီးထည့်ကာ ပါဝင်ပစ္စည်းများနှင့်ရောနှယ်ပေးပါ။ အချဉ်ကြိုက်ပါက သံပုရာရည်အနည်းငယ်ထည့်၍ သုံးဆောင်နိုင်ပါသည်။ သိပြုစရာတစ်ခုက ထနောင်းရွက်နဲ့ မန်ကျည်းသီးမှည့်က မတည့်ဘူးလို့ဆိုပါတယ်။ ဒါကြောင့်အချဉ်အရသာလိုချင်ပါက သံပုရာရည်ကိုပဲသုံးသင့်ပါတယ်။

Bagan street food

frame

Bagan street food

လောကနန္ဒာစေတီအဝင်လမ်းကအကြော်ဆိုင်

မကြာခင်က ပုဂံကိုရောက်ခဲ့တုန်းမှာ ဝင်စားခဲ့တဲ့ အကြော်ဆိုင်လေးအကြောင်းပါ။ လောကနန္ဒာစေတီအဝင်မုဒ်ဦးနားအကျော်လေးက အကျော်ဆိုင်လေး။ အကြော်စုံလင်ပြီးပူပူနွေးနွေးနဲ့ စားလို့တော့အတော်ကောင်းသား။

ရတဲ့အကြော်တွေက ဘူးသီးကြော်၊ ပြောင်းဖူးကြော်၊ အာလူးကြော်၊ ကြက်သွန်ကြော်နဲ့တစ်ခါမှမစားဖူးတဲ့ ငရုတ်ပွကြော်တို့လို အကြော်စုံတစ်ပွဲကိုမှ ၁၀၀၀ ထဲ။ အချဉ်ကငရုပ်ဆီအချဉ်မဟုတ်ပဲသဘာ၀ မန်ကျည်းချဉ်ရည်လေးဆိုတော့ အတော်လေးစားကောင်းတယ်။

တစ်ပွဲကို အကြော်စုံတော်တော်လေးပါပြီးတော့ ၂ ယောက်လောက်အသာလေးစားလို့ရတယ်။ ဆိုင်က လမ်းဘေးဆိုင်လေးဖြစ်တာကြောင့် သန့်ရှင်းမှုတော့အားနည်းတယ်။ အညာဒေသရဲ့ဖုန်ပေါတာက စားရတာ နည်းနည်းတော့ စိတ်ထဲကသိကအောင့်ဖြစ်မိတယ်။

ဒါပေမယ့် တစ်ခါတလေမှစားတာမျိုးဆိုရင်တော့ သိပ်ပြသနာမရှိလောက်ဘူးထင်တာပဲ။ ပိတ်ရက်မှာ ပုဂံကိုရောက်ဖြစ်မယ်ဆိုရင် ဒီအကြော်ဆိုင်လေးမှာဝင်စားကြည့်ဖို့ မျှဝေပေးလိုက်ပါတယ်။

Jaggery health food

78095863_2428733174045240_7163089114160431104_o

Jaggery health food

ထန်းလျက်နှင့် ကျန်းမာရေး

ထန်းလျက်တွင်ပါဝင်သော အချိုဓာတ်သည် သကြားထက်ပိုမိုများပြားသည်။

ထန်းလျက်သည်အစာချေစနစ်ကို ပိုမိုကောင်းမွန်စေရန်ကူညီပေးပြီး အစာကြေလွယ်စေသည်။

အချို့က ထန်းလျက်ကို အစာကြေဆေးအဖြစ်စားသုံးကြသည်။

ထန်းလျက်ကို မန်ကျည်းသီးနှင့်ရောစပ်၍ မန်ကျည်းဖျော်ရည်အဖြစ်လည်း သောက်သုံးနိုင်သည်။

မန်ကျည်းသီးနှင့် ထန်းလျက်ကို ရေဖန်ခွက်ထဲတွင်ရောစိမ်ပြီး ဆားအနည်းငယ်ထည့်၍ သောက်သုံးပါကခန္ဓာကိုယ်တွင်းရှိ အပူအပုပ်များကို ကင်းစင်စေနိုင်လေသည်။

ထန်းလျက်ကို ချင်းနှင့်ရောပြုတ်၍ သောက်သုံးလျှင် အအေးမိခြင်း၊ နှာစေးခြင်းတို့ကို ကာကွယ်ပေးနိုင်သည်။

ထန်းလျက်ကိုစားသုံးခြင်းဖြင့် အသဲတွင်ရှိသော အဆိပ်အတောက်များကို ပယ်ဖျက်ပေးနိုင်သည်။

Shwe Mann fried rice

ရွှေမန်းထမင်းကြော်

Shwe Mann fried rice

ဟင်းမျိုးပေါင်း ၂၀ ကျော် ၃၀ နီးပါးရတဲ့ ရွှေမန်းထမင်းကြော်

ဒီတစ်ခေါက် မန္တလေးရောက်ခိုက်မှာ စားခဲ့ရတဲ့ ထမင်းကြော်ဆိုင်တစ်ဆိုင်ကိုအတော်လေးသဘောကျမိတယ်။ အစားအသောက်ပေါတဲ့ မန္တလေးက လူကျိတ်ကျိတ်တိုးစည်ကားနေတတ်တဲ့ ထမင်းကြော်ဆိုင်လေးပါ။ ဟင်းအမျိုးပေါင်း တော်တေ်ာလေးစုံလင်ပြီး အားလုံးပေါင်း ၂၀ ကျော် ၃၀ နီးပါးလောက်တောင်ရှိမယ်လို့ထင်ရပါတယ်။

ရွှေမန်းထမင်းကြော်

ဟင်းပွဲများလွန်းတော့ ဘာစားလို့စားရမှန်းမသိအောင် ကိုဖြစ်ရပြီးနောက်ဆုံးတော့ ပုစွန်နဲ့ ဆိတ်ပုဆိုးကြမ်းဟင်းရည်ပဲစားခဲ့တယ်။ ဟင်းချက်အရသာကောင်းပြီး ခုံပေါ်မှာချထားပေးတဲ့ အရံဟင်းပွဲလေးတွေနဲ့ ဒေသအခေါ်
အတို့အမြုပ်လေးတွေက တကယ့်ကိုစားချင့်စဖွယ်ပါ။

ငါးပိထောင်း၊ ပဲနှပ်၊ ငရုတ်သီးကြော်၊ အာလူး၊ သရက်ချဉ်၊ နှမ်းဖတ်ချဉ် (၆) မျိုးနဲ့ အရည်သောက်က လုံးဝကိုအခမဲ့ချပေးထားတာဖြစ်ပြီး လိုသလောက်ထည့်ပေးပါတယ်။ ဒါမှမဟုတ် တညင်းသီးကြိုက်တတ်မယ်ဆိုရင်လည်းစားလို့ရပါသေးတယ်။ တညင်းသီးကတော့ တစ်လုံးဘယ်လောက်လည်း မမေးခဲ့ရပါဘူး။

မန္တလေးမြို့ရဲ့ ထမင်းကြော်ဆိုင်တွေရဲ့အရသာက ရန်ကုန်က ဆိုင်တွေနဲ့မတူပဲ မြေပဲလေးတွေပါတဲ့ အဝါရောင်နည်းနည်းသမ်းတဲ့ထမင်းကြော်ပုံစံပါ။ မြို့ခံတွေတော်တော်များများကတော့ နှစ်ခြိုက်စွာစားသုံးကြတာကိုတွေ့ရတယ်။ ဒီထမင်းကြော်ဆိုင်မှာဆိုလည်း ထိုင်ခုံနေရာလွှတ်မရှိလောက်အောင်ကို အားပေးတဲ့သူတွေအပြည့်ပါ။

ပိုက်ဆံရှင်းတဲ့အချိန်မှာ အံ့သြခဲ့ရတာက စားရတာထင်ထားတာထက် အများကြီးပိုတန်တာကိုပါ။ ဆိတ်ပုဆိုးကြမ်းက တစ်ပွဲကို ၁၀၀၀ သာပေးရပြီး ၂ ယောက် ၃ ယောက်လောက်တောင်စားလို့ရတယ်။ ပုစွန်ဟင်းကတော့ တစ်ပွဲကို ၈၀၀ နဲ့ တစ်ယောက်စာအတော်လောက်ပါပဲ။ ထမင်းကြော်က အလွတ်တစ်ပွဲ ၅၀၀ နဲ့ လိုက်ပွဲ ၂၀၀ ပါပဲ။

ဒီတစ်ခါ မန္တလေးကိုအလည်အပတ်သွားလို့အချိန်ရမယ်ဆိုရင် ဒီဆိုင်လေးကို အရောက်သွားကြည့်ပါဦး။ စားသောက်ဆိုင်ကောင်းကောင်းတွေနဲ့ အစားအသောက်ပေါတဲ့မန္တလေးမှာ ဒီဆိုင်လေးက လူသိများတဲ့ ထမင်းကြော်ဆိုင်လေးပါ။

Shop Info

Location

62 Street, Between Zawgyi St and Kuthotaw St, Mandalay.

TEL/Email

Phone : 09 792384691

Email : contacts@company.com

Open Hours

SUN-FRI 16:00  – 21:00

Garlic Fried Rice

Untitled

Garlic Fried Rice

ကြက်သွန်ဖြူထမင်းကြော်

ထမင်းကို အဖြုသပ်သပ်တင်မဟုတ်ပဲ ထမင်းကို နည်းလမ်းအမျိုးမျိုးနဲ့ ကြော်ပြီးစားလို့ရပါတယ်။ ထိုင်းအရသာ၊ ကိုရီးယားအရသာ၊ ဂျပန်နဲ့ တရုတ်စတဲ့အရသာအမျိုးမျိုးနဲ့ ကြော်စားလေ့ရှိကြပါတယ်။ ဒီတစ်ခေါက်မှာတော့ လွယ်ကူရိုးရှင်းပြီး အိမ်မှာတင်ကိုယ်တိုင်လုပ်စားဖို့အတွက် ကြက်သွန်ဖြူထမင်းကြော်နည်းကိုပြန်လည်မျှဝေပေးပါမယ်။

ပါဝင်ပစ္စည်းများ

ထမင်း – ထမင်းပန်းကန်လုံးတစ်လုံးစာ
ကြက်သွန်ဖြူ – စားပွဲတင်ဇွန်း ၁ ဇွန်း (ပါးပါးလှီး)
ကြက်သွန်ဖြု – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (နှုတ်နှုတ်စဉ်း)
ပဲငံပြာရည်အကြည် – စားပွဲတင်ဇွန်း ၁ ဇွန်း]
ဟင်းချက်ဆီ – စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း

ဆီကို ဒယ်အိုးတစ်လုံးအတွင်း ထည့်ပြီးမီးအပူပေးပါ။ ဆီကျက်လာပါက စဉ်းထားတဲ့ကြက်သွန်ဖြူကိုအဝါရောင်သန်းလာတဲ့အထိ အပူပေးပါ။
ထမင်းထည့်ပြီး သမအောင်မွှေကြော်ပေးပါ။ ပဲငံပြာရည်အကြည်ထည့်ပါ။ လှီးထားသောကြက်သွန်ဖြူကိုဖြန့်ထည့်ပါ။ ကြိုက်နှစ်သက်ပါက သခွားသီး၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်တို့ရောစပ်ပြီးစားသုံးနိုင်ပါတယ်။