Seafood and Health

5e9fcea630e37

Seafood and Health

ပင်လယ်စာစားတော့မယ်ဆို ဒါတွေသိထားဖို့လိုတယ်

ပင်လယ်စာဆိုတာက အမြဲစားနေကျ အစားအသောက်တစ်ခုမဟုတ်ပေမယ့် တော်တော်များများစားကြတဲ့အစားအစာတစ်မျိုးပါ။ ပင်လယ်စာဟာ ကျန်တဲ့အစားအသောက်နဲ့မတူပဲ မတည့်တဲ့သူတွေအတွက်တော့ အတော်လေး အန္တရာယ်များတဲ့ အစားအစာတစ်ခုပါ။ ဒီတစ်ခေါက်တော့ ပင်လယ်စာနဲ့ပတ်သက်ပြီး ဖတ်ဘူးသမျှကိုပြန်လည်မျှဝေပေးချင်ပါတယ်။

ပင်လယ်စာဆိုတဲ့အရာထဲမှာ ဘယ်လိုအရာတွေပါဝင်သလဲဆိုရင် ကဏန်း၊ ပုစွန်၊ ကျောက်ပုစွန်၊ ကကတစ်၊ ငါးပါးနီ၊ဆော်လမွန်ငါး၊ ပင်လယ်ခရု၊ ယောက်သွား၊ ခုံးကောင်၊ ရေဘဝဲ၊ ကင်းမွန် စတဲ့လူသိများတဲ့ အရာတွေအားလုံးပါဝင်ပါတယ်။ ပင်လယ်စာက လူတိုင်းနဲ့ ဓာတ်မတည့်တဲ့ အစားအသောက်တစ်မျိုးပါ။ အချို့ဆို ပင်လယ်စာကြောင့် အစားမတော်တစ်လုပ်ဆိုတဲ့အတိုင်း အသက်ပါသေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။

ပင်လယ်စာနဲ့မတည့်တဲ့အခါ ဘယ်လိုအရာတွေဖြစ်လာတတ်သလဲ

● အင်ပြင်တွေ၊ အနီစက်တွေခန္ဓာကိုယ်မှာထလာခြင်း၊ အသားယားယံခြင်း
● သွေးပေါင်ရုတ်တရက် ထိုးကျလာခြင်း
● မျက်နှာ နီရဲလာခြင်း
● မျက်လုံးနဲ့ နှုတ်ခမ်းများ ရောင်ရမ်းလာခြင်း
● မူးေ၀ အော့အန်ခြင်း
● အဆိုးရွားဆုံးအခြေနေဖြစ်လာမယ်ဆိုရင် သတိလစ်သွားခြင်း စတဲ့
ဓာတ်မတည့်တဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။

ပင်လယ်စာနဲ့ ဓာတ်မတည့်တဲ့သူဟာ အခုမတည့်ပေမယ့် နောက်စားလို့ရနိုင်တဲ့သဘောမဟုတ်ပါဘူး။ ဓာတ်မတည့်တဲ့ပြသနာကနောက်လည်း ဖြစ်နေဦးမှာပါပဲ။ ဒါကြောင့် ပင်လယ်စာနဲ့ဓာတ်မတည့်ဘူးဆိုရင်တော့ဘယ်တော့မှ မစားသင့်ပါဘူး။

ပင်လယ်စာကို အတော်များများ ဘယ်လိုအချိန်မှာစားဖြစ်လဲဆိုရင် ပင်လယ်ဘက်ကို ခရီးထွက်တဲ့အခါ ရောက်တုန်းရောက်ခိုက် ပင်လယ်စာကို ဦးစားပေးစားဖြစ်ကြပါတယ်။ ဒါမှမဟုတ် အဝစားဘူဖေးဆိုင်တစ်ခုခုမှာ ပင်လယ်စာရတယ်ဆိုရင် အဲဒါကို ဦးစားပေးစားဖြစ်ကြပါတယ်။ ပင်လယ်စာရဲ့ လတ်ဆတ်မှုကလည်း အရေးကြီးပါတယ်။ မလတ်ဘူးဆိုရင်တော့ တော်ယုံအစားမရွေးတည့်တဲ့သူတောင်မှ ပြသနာဖြစ်နိုင်ပါတယ်။ နောက်ထပ်သတိထားစရာတစ်ခုက Omega-3 ငါးကြီးဆီပါဝင်တဲ့ အားဆေးတွေကပင်လယ်စာနဲ့ ဓာတ်မတည့်သူအတွက် အန္တရာယ်ရှိနိုင်ပါတယ်။

Best Japanese Restaurants in Yangon

5e6710ec9db7c

Best Japanese Restaurants in Yangon

ရန်ကုန်မြို့ရဲ့ လူကြိုက်အများဆုံး ဂျပန်စားသောက်ဆိုင်များ

ဂျပန်အစားအသောက်ကောင်းကောင်းစားဖို့အတွက် ဂျပန်နိုင်ငံအထိတော့
တကူးတကသွားနေဖို့မလိုတော့ပါဘူး။ ရန်ကုန်မှာလည်း ဂျပန်အစားအသောက်တွေနေရာတော်တော်များများမှာ ရနေပါပြီ။ ဒီတစ်ခေါက်မှာ ရန်ကုန်မြို့က ဂျပန်ရိုးရာအစားအသောက်တွေကောင်းတဲ့ဆိုင်တွေအကြောင်းကို စုစည်းဖော်ပြပေးသွားပါမယ်။ ဒီစားသောက်ဆိုင်တွေက Warmae အဖွဲ့သားတွေရှာဖွေထားသလောက်ကိုပြန်လည်ဖော်ပြခြင်းဖြစ်ပြီး အခြားဂျပန်စားသောက်ဆိုင်ကောင်းကောင်းတွေလည်း ရှိနိုင်ပါသေးတယ်။

Shiki Tei Restaurant

PARKROYAL Yangon ပထမထပ်မှာရှိတဲ့ Shiki Tei Restaurant မှာ ဂျပန်အစားအသောက်ကောင်းကောင်းတွေရှိပါတယ်။ ဂျပန်စားဖိုမှူးကိုယ်တိုင်ချက်ပြုတ်ထားတဲ့ ဂျပန်အစားအစာတွေကြောင့် လူကြိုက်များတဲ့ ဂျပန်စားသောက်ဆိုင်တစ်ဆိုင်ပါ။ ဆူရှီကောင်းကောင်း ဒါမဟုတ် Ramen ကောင်းကောင်းတွေစားမယ်ဆိုရင်တော့ ဒီဆိုင်ကိုရွေးချယ်သင့်ပါတယ်။

Address
+9518250388(Ext 8119)

Fuji Japanese Restaurant – Myanmar

အမာခံပရိသတ်အများကြီးရှိတဲ့ ဒီဆိုင်ကလည်း ရန်ကုန်ရဲ့ နာမည်ကျော် ဂျပန်စားသောက်ဆိုင်တွေထဲကတစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဆိုင်ခွဲတော်တော်များများရှိပြီး ဂျပန်စာကြိုက်သူတွေသဘောကျတဲ့သူတွေအတွက် Fuji Japanese Restaurant ကအဆင်ပြေစေမှာပါ။

1. Hantharwaddy Rd.
01-514776

2. Market Place
09- 730-22337

3. Mingalar Mandalay
09- 444457105

4. Junction City, L3
09-45440-3700

Family Sushi Japanese Restaurant

ဆူရှီဈေးတန်တန်နဲ့ကောင်းကောင်းလေးစားချင်တဲ့သူတွေအတွက် သင့်တော်တဲ့ဆိုင်လေးပါ။ Salmon Maki ၊ Tamago Nigiri၊ Salmon Nigiri စတဲ့ဆူရှီအမျိုးအစားပေါင်းများစွာကို ဈေးသက်သက်သာသာနဲ့စားနိုင်လို့ လူကြိုက်များတဲ့ဆိုင်လေးပါ။ စားကောင်းတဲ့ ဂျပန်အစားအသောက်အစုံရတဲ့ ဒီဆိုင်လေးကိုလည်း ဂျပန်အစားအစာချစ်သူတွေအကြိုက်တွေ့နိုင်မှာပါ။

104,U Chit Maung Housing, U Chit Maung St,Yangon.
09 507 7223

Fuji Sushi Japanese Food

ဆူရှီမှ ဆူရှီပဲဆိုရင်တော့ ဒီဆိုင်လေးကိုသွားဖို့လိုပါတယ်။ ရွေးချယ်စရာ ဂျပန်ဆူရှီအရသာများစွာရှိပြီး ဂျပန်အစားအစာကောင်းကောင်းလေးတွေလည်း ရရှိနိုင်မယ့် ဆိုင်လေးပါ။

Shwe Taung Tan Street,Yangon .
09 260 111 565

Kohaku Japanese Restaurant

Chatrium Hotel Royal Lake Yangon က Kohaku Japanese Restaurant မှာ တော့ အသား၊ ငါး အသီးအရွက်တွေကိုဂျပန်ရိုးရာအတိုင်းချက်ပြုတ်ထားတဲ့အစားအသောက်တွေရရှိနိုင်ပါတယ်။ မကြာခဏလည်း ဂျပန်အစားအသောက်တွေအတွက်ဘူဖေးအစီအစဉ်တွေလည်း ရှိတဲ့နေရာတစ်ခုပါ။

No 40 Natmauk Road, Tamwe Township,Yangon .
01 544 500

Michinoku Japanese Restaurant

Michinoku Japanese Restaurant က ဂျပန်စားသောက်ဆိုင်ပုံစံလေးနဲ့ ဂျပန်အစားအသောက်ကောင်းကောင်းတွေရတဲ့ဆိုင်တစ်ခုပါ။ တက္ကသိုလ်ရိပ်သာလမ်းသစ်နဲ့ ဆရာစံလမ်းထောင့်မှာရှိတဲ့ ဂျပန်စားသောက်ဆိုင်ကလည်း ဂျပန်လူမျိုးအများစုသဘောကျနှစ်ခြိုက်တဲ့ ဆိုင်လေးတစ်ဆိုင်ပါ။

Corner of New University Avenue Road and Sayasan Road, Bahan Township,Yangon.
09 787 400725

Jan Jan Jan Japanese Ramen

ဈေးနှုန်းသင့်တင့်တဲ့ ဂျပန်အစားအစာများနဲ့ Japanese Ramen ကို အဓိကထားရောင်းချတဲ့ Jan Jan Jan Japanese Ramen ဆိုင်က ဆိုင်ခွဲ ၂ ခုရှိပြီး Ramen ကြိုက်သူတွေအတွက် ဦးစားပေးသွားရမယ့် စားသောက်ဆိုင်တစ်ခုပါ။

– 3rd floor, Myanmar Plaza.
– No (211), Corner of Anawtatha Road and 12th Street, Lanmadaw, Yangon.
09 44930 6306

KOBE-YA Japanese BBQ restaurant

ရန်ကုန်မှာရှိတဲ့ ဂျပန်လူမျိုးတွေအများစု အားပေးကြတဲ့ ဂျပန်စားသောက်ဆိုင်တစ်ဆိုင်ပါ။ ဒီဆိုင်မှာဂျပန်ရိုးရာပုံစံအတိုင်း ပြုလုပ်ထားတဲ့ BBQ ကောင်းကောင်းတွေရပါတယ်။

No.4, Pyi Thar Yar street, Moe Kaung Road,Yangon.
09 42001 5401

Hanabi Yangon Japanese Restaurant

ဆူရှီကောင်းကောင်းနဲ့ ဂျပန်စာဆန်းဆန်းလေးတွေကို သင့်တင့်တဲ့ဈေးနှုန်းနဲ့စားချင်တဲ့သူတွေအတွက်ဒီဆိုင်လေးက သင့်တော်ပါတယ်။ မြို့ထဲကိုရောက်လို့ ဂျပန်စားသောက်ဆိုင်ရှာမယ်ဆိုရင် Hanabi ကိုရွေးသင့်ပါတယ်။

No.238, Maha Bandula Park Street(Upper), Kyauktada Township, Yangon.
01 373 414

Ocean Pearl Ngapali

1

Ocean Pearl Ngapali

ငပလီက အကြိုက်ဆုံးပင်လယ်စာဆိုင်

ငပလီကိုရောက်တုန်း စားကောင်းမယ့် စားသောက်ဆိုင်တွေအကြောင်းရှာဖတ်ရင်း တွေ့ခဲ့ပြီး ကိုယ်တိုင်သွားစားကြည့်ပြီး သဘောကျမိတဲ့ Ocean Pearl ဆိုင်လေးအကြောင်း ပြန်လည်မျှဝေချင်ပါတယ်။ အစားအသောက်အရသာကောင်းပြီး သပ်သပ်ရပ်ရပ်ရှိတဲ့ ဆိုင်လေးပါ။ ငပလီရောက်ဖြစ်ရင် ဝင်စားသင့်တဲ့ကြိုက်ဆုံးဆိုင်လေးအကြောင်း ပြန်လည်မျှဝေပါမယ်။

ဒီဆိုင်ရဲ့ အစားအသောက်တွေအရသာက ဆိုင်ရောင်းတန်းမဆန်ပဲ အိမ်ချက်အရသာလို အရသာကောင်းကောင်းလေးရှိတာကို အရင်ဆုံးသတိထားမိတယ်။ အရင်ဆုံး ငပလီမှာ ပေါတဲ့ ငါးပါးနီနဲ့ပြုလုပ်ထားတဲ့ ငါးကင်လေးအကြောင်း စပြောချင်တယ်။ ငါးပါးနီဆိုတဲ့ငါးကို ချင်း၊ ကြက်သွန်ဖြူ၊ ထောပတ်သုတ်ကင်ထားပြီး သံပုရာသီးလေးနဲ့ တွဲစားရတာ အတော်လေး စားလို့ကောင်းပါတယ်။ ငါးရဲ့ လတ်ဆတ်မှုကြောင့် စားရတာ ပိုအရသာရှိတယ်လို့ ခံစားမိပါတယ်။

ပုစွန်ချက်ဟင်းပွဲက လတ်ဆတ်တဲ့ ပုစွန်အရသာကိုအထူးပြောစရာမလိုတော့ပဲ ခရမ်းချဉ်သီးဟင်းအနှစ်က တော်တော်လေး အရသာကောင်းမွန်ပါတယ်။

အသီးအရွက်အစုံလင်ပါပြီး ရခိုင်ကျောက်ငါးနဲ့ ချက်ထားတဲ့ ရခိုင်ငါးသောက်ဆမ်းက ချဉ်ချဉ်စပ်စပ်ကြိုက်တဲ့သူတွေအတွက်တော့ လုံးဝသဘောကျမယ်လို့ ဆိုချင်ပါတယ်။

ဆိုင်ကရောင်းတဲ့ ဓာတုပစ္စည်းကင်း အသီးအရွက်ကြော်တွေကိုလည်း သဘောကျမိပြီး မူလအသီးအရွက်ရဲ့ အရသာကို ပင်လယ်ထွက် ပုစွန်ခြောက်မှုန့်နဲ့ ကြော်ချက်ထားတာက ပိုစားကောင်းတဲ့ အရသာတစ်ခုကို ရရှိစေပါတယ်။

ရန်ကုန်မှာ နေခဲ့တဲ့သက်တမ်းတစ်လျှောက် တခါမှ မစားဖူးတဲ့ ထောပတ်သီးသုတ်ကိုလည်း စားခွင့်ရခဲ့ပြီး ထူးခြားတဲ့အရသာတစ်ခုခုကို အသစ်အဆန်းမြည်းစမ်းခွင့်ရခဲ့ပါတယ်။ ထောပတ်သီးကို အသုတ်လိုစားဖူးတာဒါပထမဆုံးအကြိမ်ပါ။

ပင်လယ်ကိုရောက်တုန်း လတ်ဆတ်တဲ့ ကျောက်ပုစွန်အကြီးကြီးတွေကိုမှ စားချင်တယ်ဆိုရင်တော့ ကန်ထဲမှာ ထိန်းသိမ်းထားတဲ့ ကျောက်ပုစွန်ကြီးတွေလည်း ရှိပါသေးတယ်။ ပင်လယ်စာ အစားအသောက်စုံလင်ပြီး ကော့တေး၊ ဘီယာ နဲ့ စားသောက်ဖွယ်အစုံအလင်လည်း ရတဲ့ဆိုင်လေးပါ။

ဆိုင်က အရမ်းမကြီးပဲ မိသားစုတစ်ပိုင်တစ်နိုင်ရောင်းချတဲ့ ဆိုင်လေးဖြစ်တာကြောင့် နွေးထွေးတဲ့ ခံစားမှုနဲ့ အရသာကို ရရှိစေမှာပါ။ ဆိုင်ဝန်ထမ်းလေးတွေသဘောကောင်းပြီး နောက်တစ်ခါငပလီရောက်ရင်လည်း သွားစားဖို့ စိတ်ကူးထားတဲ့ ဆိုင်ကောင်းလေးတစ်ဆိုင်ဖြစ်ပါတယ်။ ကိုယ်တိုင်သွားစားကြည့်ပြီး သဘောကျတဲ့ဆိုင်လေးမို့ မိတ်ဆွေတွေအတွက် လမ်းညွှန်ပေးလိုက်ပါတယ်။

Shop Info

Location

Ngapali Airport Road, Ziphyugone, Ngapali Beach, front of Amazing Hotel Ngapali.

TEL/Email

Phone : 09 421730382,

09 253169845

Email : contacts@company.com

Open Hours

MON-FRI 09:00 – 20:00

SAT-SUN 10:00 – 21:00