BEE HOUSE

photo - BEE HOUSE

BEE HOUSE

Seafood နဲ့ ရှမ်းစာကောင်းကောင်းရတဲ့ဆိုင်လေး

ဒီဆိုင်လေးကတော့ စားသောက်ဆိုင်တွေမှိုလိုပေါက်နေတဲ့စမ်းချောင်းမြို့နယ်မှာဖွင့်လှစ်ခဲ့တဲ့ စားသောက်ဆိုင်လေးပါ။ ဆိုင်နာမည်က BEE HOUSE ဖြစ်ပြီးတော့ Seafood နဲ့ ရှမ်းစာကောင်းကောင်းလေးတွေရတဲ့ဆိုင်လေးလို့ သိရပါတယ်။

မြန်မာနိုင်ငံကလူငယ်တွေကြားမှာ ပေါ်ပြူလာဖြစ်ပြီး အစားများကြတဲ့
အစားအစာတွေဖြစ်တဲ့ BBQ ၊ ပင်လယ်စာ၊ ရှမ်းရိုးရာအစားအစာ၊ ထိုင်းအစားအစာတွေကိုဈေးနှုန်းသင့်တင့်စွာနဲ့ စားနိုင်မယ်လို့သိရပါတယ်။ ဒါ့အပြင် ဘီယာသောက်မလားဝိုင်သောက်မလား cafe သောက်မလား ကြိုက်နှစ်သက်ရာ Drink အမျိုးမျိုးလည်းရနိုင်ပါသေးတယ်။

ဆိုင်က လူစည်ကားရာနေရာဖြစ်တဲ့ စမ်းချောင်းလမ်း Strategy First ကျောင်းနားက The Corner Barရှေ့နားမှာ ဖြစ်ပြီး စမ်းချောင်းကိုမကြာခဏရောက်ဖြစ်ရင်တော့ ဖွင့်ထားတာသိပ်မကြာသေးတဲ့
ဒီဆိုင်လေးကို အရောက်သွားလိုက်ပါဦး။

Shop Info

Location

166-A, Sanchaung Street, Sanchaung Township, Yangon

TEL/Email

Phone : 09 776 296789

Email : No Email

Open Hours

MON-FRI 09:00 – 20:00

SAT-SUN 9:00 – 20:00

THE BEST Restaurants in Kalaw

15293448442756344265b27f34cd9efd

THE BEST Restaurants in Kalaw

ကလောရဲ့ နာမည်ကြီး စားသောက်ဆိုင်များ

 ခရီးထွက်ကြမယ့်သူတွေအတွက်ဘယ်ဆိုင်မှာ ဘာစားရမလဲဆိုတာခေါင်းမစားတော့အောင်ဆိုင်လေးတွေလက်လှမ်းမီသလောက် စုစည်းထားပေးပါတယ်။ဒီဆောင်းပါးက အင်တာနက်ကအချက်အလက်တွေကို ကိုးကားပြီးရေးထားခြင်းဖြစ်ပါတယ်။ ဒီတစ်ခေါက် ရှမ်းပြည်ရဲ့ သိပ်လှပတဲ့နေရာလေးတစ်ခုဖြစ်တဲ့
ကလော ကစားသောက်ဆိုင်တွေအကြောင်းကို စရေးပါမယ်။

𝗠𝗮𝗹𝘂𝗰𝗮 𝘃𝗶𝗹𝗹𝗮 𝗥𝗲𝘀𝘁𝗮𝘂𝗿𝗮𝗻𝘁 & 𝗕𝗮𝗿

ဒီဆိုင်က ဓာတ်ပုံခရေဇီတွေအတွက် လုံးဝမိုက်မယ့် location အပြင်အဆင်လေးတွေနဲ့ဆိုင်ပါ။ ဆိုင်မှာ အစားအသောက်အစုံလင်ရှိပြီး Europe လိုင်းပါရလို့ နိုင်ငံခြားသားတွေအတွက်ပါ အဆင်ပြေတယ်။
ဒီဆိုင်ကလည်း ကလောရဲ့ နာမည်ကြီးစားသောက်ဆိုင်ထဲမှာ မဖြစ်မနေထည့်သွင်းရမယ့် ဆိုင်တစ်ဆိုင်ပါ။

No. 45(A) East Bo Gone 3rd Quarter Kalaw Southern Shan state,Kalaw.
09 519 9476

https://www.facebook.com/malucarestaurantandbar/

𝗖𝗮𝗳𝗲 𝗞𝗮𝗹𝗮𝘄

ရာသီဥတုအေးအေးလေးမှာ ကော်ဖီပူပူလေးသောက်မယ့်သူတွေအတွက် ဒီနေရာကအကောင်းဆုံးဖြစ်မှာပါ။ဆိုင်ပုံစံလေးက ချစ်စရာကောင်းပြီး ဓာတ်ပုံရိုက်လို့ရတာနဲ့တင် တော်တော်မိုက်နေပါပြီ။ တကယ်လို့သင်ကကော်ဖီနဲ့ သဘာဝပတ်ဝန်းကျင်ကိုနှစ်သက်မယ်ဆိုရင် ဒီဆိုင်ကို အတော်လေးသဘောကျမှာပါ။

Ward(9) ,Kalaw
09 261 392 989

https://www.facebook.com/cafekalaw/

𝗞𝗮𝗹𝗮𝘄 𝗙𝗮𝗿𝗺 𝗛𝗼𝘂𝘀𝗲

ကလောတောင်ယာအိမ် ရိုးရာစားသောက်ဆိုင်လေးပါ။ ကလောမြို့နဲ့လိုက်ဖက်တဲ့အပြင်အဆင်နဲ့ဆိုင်ပုံစံလေးက ချစ်စရာကောင်းတယ်။ တကယ့်ကိုစိတ်ကူးကောင်းကောင်းနဲ့လုပ်ထားတဲ့ဆိုင်လေးဖြစ်လို့
တောတောင်သဘာဝရဲ့ အရသာကို ခံစားနိုင်မယ့် နေရာလေးတစ်ခုပါပဲ။

Kalaw Farm House ကလောတောင်ယာအိမ်မြက်ရဲအင်းလမ်း၊ မြက်ရဲအင်ကျောင်းတိုက်အတွင်းစေတီဘယ်ဘက်လမ်းကြားတွင်း။

09 44757 5741

https://www.facebook.com/KalawFarmHouseRestaurant/

ပြည့်ပြည့်ရှမ်းခေါက်ဆွဲ

ကလောရောက်ရင် မနက်စာကို ဒီဆိုင်မှာ မဖြစ်မနေစားဖို့ တချို့ကညွှန်းကြတယ်။
ဆိုင်အရမ်းမကြီးတဲ့ အိမ်ဆိုင်လေးဖြစ်ပေမယ့် ရှမ်အစားအစာကောင်းလို့ ကလောမှာနာမည်ကြီးပြီးလူသိများတဲ့ ရှမ်းခေါက်ဆွဲဆိုင်လေးပါ။ ရှမ်းပြည်ရောက်ပြီး ရှမ်းခေါက်ဆွဲကောင်းကောင်းစားချင်ရင်တော့ပြည့်ပြည့် ဆိုတဲ့ ရှမ်းခေါက်ဆွဲဆိုင်လေးကို အရောက်သွားသင့်ပါတယ်နော်။

ပြည်ထောင်စုလမ်းမကြီး၊ 7 sister စားသောက်ဆိုင်ဘေး

သုမောင် မြန်မာထမင်းဆိုင်

ကလောမြို့ရဲ့ မြန်မာအစားအသောက် ကောင်းကောင်းလေးတွေရတဲ့ဆိုင်ပါ။ကလောမှာတော့ ဒီထမင်းဆိုင်က လူသိများပြီး တော်တော်များများလည်း စားကြတယ်လို့သိရပါတယ်။

Pyi Taung Su Road ,Kalaw

081 50 207

https://www.facebook.com/Thu-Maung-Myanmar-Food-207831589597465/

Shan Yoe Yar Restaurant

y1

Shan Yoe Yar Restaurant

ရှမ်းရိုးရာစားသောက်ဆိုင် တတိယမြောက်ဆိုင်ခွဲဖွင့်လှစ်

ရှမ်းအစားအစာနှင့်ပတ်သက်ပြီး နာမည်ကြီးသည့် ရှမ်းရိုးရာစားသောက်ဆိုင်ရဲ့ဆိုင်ခွဲအသစ်ကို ဇူလိုင် ၁၂ ရက်နေ့က ရန်ကင်းမြို့၊ အောင်ဇေယျလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်မှာဖွင့်လှစ်ခဲ့ပါတယ်။

ဆိုင်ရဲ့ အပြင်အဆင်က ထူးခြားပြီး ရှမ်းဟော်နန်း အငွေ့အသက်ကို ထည့်သွင်းထားပြီးရှမ်းကုန်းမြေမြင့်မှာ တည်ရှိနေတဲ့ပုံနဲ့ တည်ဆောက်ထားတယ်လို့ သိရပါတယ်။ ဆိုင်မှာ ရှမ်းတိုင်းရင်းသားနဲ့ဆိုင်တဲ့ပုံစံတွေ ထည့်သွင်းတည်ဆောက်ထားပြီး အဆောက်အဦအပြင်အဆင် အတော်လေးသပ်ရပ်တာတွေ့ရပါတယ်။

ဆိုင်မှာ လူဦးရေ ၁၀၀ ဝန်းကျင်ဆံ့မှာဖြစ်ပြီး ရှမ်းတိုင်းရင်းသားတွေရဲ့ အထင်ကရပွဲတော်အခမ်းအနားပုံတွေကိုလည်းထည့်သွင်းထားတာကို မြင်ရပါတယ်။

ဆိုင်မှာ ရှမ်းပြည်ဒေသအသီးသီးက နာမည်ကျော် ရှမ်းခေါက်ဆွဲ၊ ဆခုံ၊ ဆတာလု၊ အသားခြောက်နဲ့ ရှမ်းအအုံးများ၊ အထောင်းအမျိုးမျိုးတို့လည်း ရတယ်လို့သိရပါတယ်။အရင်ဆိုင်တွေက လူကြိုက်များပြီးဖြစ်တဲ့ သီပေါငါးကြင်းမြီးချက်၊ ကြက်ဥစပါယ်ရှယ်၊ ငှက်ပျောဖူးဝက်သားချက်နဲ့ မြေပဲတိုဟူးတို့လည်းရပါတယ်။

ဒီဆိုင်လေးက အပြင်အဆင်ရော အစားအသောက်ပါ ကောင်းတယ်လို့ ဆိုရမှာဖြစ်ပြီးနိုင်ငံခြားဧည့်သည်တစ်ယောက်ယောက်က တိုင်းရင်းသားအစားအစာ try ချင်တယ်ဆိုရင်တော့ဒီဆိုင်ကို လက်ဆွဲခေါ်သွားဖို့ ညွှန်းချင်ပါတယ်။

ဆိုင်လိပ်စာ – အမှတ် (၇)၊ အောင်ဇေယျလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ ရန်ကင်းမြို့နယ်။
ဖုန်းနံပါတ် – 09 255 166 604, 09 255 166 604

Shop Info

Location

No. 7, Corner of Aung Zeya Road and Min Ye Kyaw Swar Street, Yankin Township
11081 Yangon

TEL/Email

09 255 166 604

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00