Kaung Kin Thit

frame

Kaung Kin Thit

မာလာရှမ်းကောနဲ့ ယိုးဒယားစားသောက်ဆိုင်

သူငယ်ချင်းတစ်ယောက်ညွှန်းလို့စားကြည့်ပြီးသဘောကျမိတဲ့ဆိုင်လေးအကြောင်းပြန်မျှဝေပေးချင်ပါတယ် …

ဒီဆိုင်ကတော့ ရန်ကင်းမှာဖွင့်ထားထဲ့
ကောင်းကင်သစ်ဆိုတဲ့ မာလာရှမ်းကောနဲ့ ယိုးဒယားစားသောက်ဆိုင်လေးပါ။

မာလာရှမ်းကော – ၆၀၀၀ ကျပ်

မာလာရှမ်းကောအရသာလေးမဆိုးဘူး။ စားလို့အဆင်ပြေပြီး မိန်းကလေးတွေသဘောကျမယ့် အရသာမျိုးရောက်အောင် ချက်ထားနိုင်တယ်လို့မှတ်ချက်ပြုချင်ပါတယ်။

ငါးကောင်လုံးကြော်နှပ် – ၆၀၀၀ ကျပ်

ငါးအသားလတ်ပြီးစားလို့ကောင်းတယ်။ ဟင်းအနှစ်အရသာတော့ အတော်လေးသဘောကျမိတယ်။ သိပ်အစားမကြီးဘူးဆို ၂ ယောက် ၃ ယောက်လောက်စားလို့ရမယ်ထင်ပါတယ်။

၀က်သားလုံးချိုချဥ် – ၃၀၀၀

၀က်သားလုံးအရသာလေးကိုတော့ သဘောကျမိတယ်။ အစပ်မစားနိုင်တဲ့ကလေးတွေဆိုကြိုက်မယ့်အရသာမျိုးပါ။

ဆိုင်ကလောလောဆယ်မှာတော့ ထိုင်စားမရသေးပါဘူး။ Delivery တော့ရနေပါပြီ။ Food Delivery app အတော်များများကနေလည်း မှာစားလို့ရပါပြီ။

ဖုန်းဆက်ပြီးမှာစားမယ်ဆိုရင်တော့ ဆိုင်ဖုန်း 09269 000 259 ကိုဆက်ပြီး တခြားဟင်းပွဲလေးတွေပါ မှာစားနိုင်ပါတယ်။

ဆိုင်လိပ်စာက – အမှတ် ၃၅၈၊ Rm 4 ၊ ရန်ရှင်းလမ်း၊ ရန်ကင်းမြို့နယ်ပါ။ မြန်မာပလာဇာနဲ့နီးပါတယ်။

ဆိုင်အသစ်အဆန်းလေးတွေကို မြည်းစမ်းစားကြည့်ချင်တဲ့သူတွေအတွက် ဒီဆိုင်လေးက try ကြည့်သင့်ပါတယ်။

Shop Info

Location

No.358.Rm 4, Yanshin St , Yankin, Yangon .

TEL/Email

Phone : 09 269 000 259

Email : contacts@company.com

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Mya Nandar – Thai Food & BBQ

55901813_2442127339153221_3578757924316512256_n

Mya Nandar – Thai Food & BBQ

ထိုင်းအစားအစာ အရသာကောင်းကောင်းနဲ့စားကြမယ်

ထိုင်းအစားအစာအရသာကောင်းကောင်းနဲ့ စားလို့ရမယ့်ဆိုင်တစ်ဆိုင်အကြောင်း ဒီတစ်ပတ်ဖောက်သည်ချပါမယ်။ ရန်ကုန်မှာရှိတဲ့ နာမည်ကြီး လူသိများတဲ့ ထိုင်းဆိုင်တွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ မြနန္ဒာ Thai Food and BBQ ဆိုင်ပါ။

ချဉ်ချဉ်စပ်စပ် ထိုင်းအရသာအစားအစာတွေစားမယ်ဆိုရင်တော့ ဒီဆိုင်လေးကအဆင်ပြေပါတယ်။ ထိုင်းအစားအသောက် အထောင်းမျိုးစုံနဲ့အကင်စုံ ရပါတယ်။

ပင်လယ်စာအစားအသောက်တော်တော်များများရတာကိုတွေ့ရတယ်။ အသားလတ်ပြီး စားလို့အဆင်ပြေတယ်။
ဒီတစ်ခေါက်စားဖြစ်တဲ့ ငါးဆားကြမ်းကင်အကြောင်းစပြောရရင် နာမည်ကိုကြည့်ပြီး အတော်လေးငံမယ်လို့ထင်ခဲ့တာ။ တကယ်တမ်းစားကြည့်လိုက်မှ အရသာထူးပြီး ငါးသိပ်မကြိုက်တဲ့ အက်ဒမင်တောင် သဘောကျမိတယ်။ တခြားငါးကင်တွေလို အသားထဲမှာ ဘာအနှစ် အဆာမှမထည့်ထားပဲ အသားချည်းသီးသန့်ကို အရသာတစ်မျိုးလေးနဲ့ စားရတာမို့ အရသာတွေ့မိတယ်။

နောက်တစ်ခုက ဆိုင်လာတဲ့သူအများစု မှာစားကြလေ့ရှိတဲ့ တောထောင်းပါ။ ဟင်းပွဲအပြင်အဆင်က စားချင့်စဖွယ်ဖြစ်ပြီး အမျိုးအစားစုံစုံလင်လင်လေးထည့်ထားတဲ့အထောင်းတစ်မျိုးပါ။ သင်္ဘောသီးထောင်းကိုတွဲဖက်စားစရာ အစုံအလင်နဲ့စားချင်စဖွယ်လေး ပြင်ဆင်ထားတာကို သဘောကျမိတယ်။ တစ်ပွဲကို ၂ ယောက်လောက်စားလို့ရတယ်။

နောက်ထပ်စားဖြစ်ခဲ့တဲ့ ပန်းဂဏန်းထောင်းကတော့ ဂဏန်းကြိုက်တဲ့သူတွေအတွက် စိတ်ကြိုက်ဖြစ်မယ့် ဟင်းပွဲတစ်ခုပါ။ဂဏန်းသိပ်စားလေ့မရှိတဲ့သူမို့ထင်တယ် အရမ်းတော့မကြိုက်ဘူး။ အသားအရသာမဆိုးဘူးလို့ဆိုရမှာဖြစ်ပြီး ဂဏန်းကြိုက်တဲ့သူတွေတော့ သဘောကျမှာပါ။

ဒီဆိုင်ကိုရောက်ရင် အခြားဆိုင်တွေမှာလိုမဟုတ်ပဲ ထူးထူးခြားခြားအစားအသောက်လေးတွေလည်းရှိပါတယ်။ပင်လယ်စာ သင်္ဘောသီးထောင်း၊ ငါးခူမွှကြော် သင်္ဘောသီးထောင်း၊ ဘာကူတေး၊ ပင်လယ်စာအစုံသုပ်တို့လို အစားအသောက်တွေက မစားဖူးသေးရင် မြည်းကြည့်ဖို့ကောင်းတဲ့ ဟင်းပွဲတွေပါ။

ဆိုင်မှာ ထိုင်းအစားစာတွေအပြင် အကင်အစုံနဲ့ ဘီယာတွေရပြီး အမြည်းကောင်းကောင်းစားပြီး သောက်မယ့်ဘော်ဒါတွေအတွက်လည်းအဆင်ပြေပါတယ်။ ဆိုင်မှာ ကားပါကင်နေရာကျယ်ပြီး ကားပါကင်အတွက် စိတ်ပူစရာမလိုပါဘူး။ ဒီဆိုင်အကြောင်းကို မသိသေးတဲ့သူငယ်ချင်းတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ထိုင်းစာကောင်းကောင်းကြိုက်တတ်တယ်ဆိုရင်တော့ ဒီဆိုင်လေးကိုသွားကြည့်ဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။

Address

Shop Info

Location

No. 4, Thanthumar Road, Su Paung Bus Stop,Yangon.

TEL/Email

Phone : 09 781 889035

Email : No Email

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

BEE HOUSE

photo - BEE HOUSE

BEE HOUSE

Seafood နဲ့ ရှမ်းစာကောင်းကောင်းရတဲ့ဆိုင်လေး

ဒီဆိုင်လေးကတော့ စားသောက်ဆိုင်တွေမှိုလိုပေါက်နေတဲ့စမ်းချောင်းမြို့နယ်မှာဖွင့်လှစ်ခဲ့တဲ့ စားသောက်ဆိုင်လေးပါ။ ဆိုင်နာမည်က BEE HOUSE ဖြစ်ပြီးတော့ Seafood နဲ့ ရှမ်းစာကောင်းကောင်းလေးတွေရတဲ့ဆိုင်လေးလို့ သိရပါတယ်။

မြန်မာနိုင်ငံကလူငယ်တွေကြားမှာ ပေါ်ပြူလာဖြစ်ပြီး အစားများကြတဲ့
အစားအစာတွေဖြစ်တဲ့ BBQ ၊ ပင်လယ်စာ၊ ရှမ်းရိုးရာအစားအစာ၊ ထိုင်းအစားအစာတွေကိုဈေးနှုန်းသင့်တင့်စွာနဲ့ စားနိုင်မယ်လို့သိရပါတယ်။ ဒါ့အပြင် ဘီယာသောက်မလားဝိုင်သောက်မလား cafe သောက်မလား ကြိုက်နှစ်သက်ရာ Drink အမျိုးမျိုးလည်းရနိုင်ပါသေးတယ်။

ဆိုင်က လူစည်ကားရာနေရာဖြစ်တဲ့ စမ်းချောင်းလမ်း Strategy First ကျောင်းနားက The Corner Barရှေ့နားမှာ ဖြစ်ပြီး စမ်းချောင်းကိုမကြာခဏရောက်ဖြစ်ရင်တော့ ဖွင့်ထားတာသိပ်မကြာသေးတဲ့
ဒီဆိုင်လေးကို အရောက်သွားလိုက်ပါဦး။

Shop Info

Location

166-A, Sanchaung Street, Sanchaung Township, Yangon

TEL/Email

Phone : 09 776 296789

Email : No Email

Open Hours

MON-FRI 09:00 – 20:00

SAT-SUN 9:00 – 20:00

Tummour Myanmar

13

Tummour Myanmar

ချဉ်ချဉ်စပ်စပ်ခရေဇီတွေအတွက်ဆိုင်လေးတစ်ဆိုင်

ချဉ်စပ်အရသာကောင်းကောင်းအစားအသောက်စုံလင်တဲ့ ဆိုင်တစ်ဆိုင်အကြောင်း ပြောပြချင်ပါတယ်။ ဆိုင်က Tummour Myanmar လို့ခေါ်ပြီး ကွေ့သယိုနဲ့ အခြားအစားအသောက်အတော်လေးစုံလင်တဲ့ ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်။

ဒီတစ်ပတ် ၆ မိုင်ခွဲ Market Place ကိုရောက်ဖြစ်ရင်းစားခဲ့တဲ့ဟင်းပွဲတွေအကြောင်း ပြန်လည်မျှဝေပေးချင်ပါတယ်။ ကြက်စတူးထမင်းကစပြောရရင် အချိုအရသာရှိပြီး အသားနူးပြီး စားလို့အဆင်ပြေပါတယ်။ ကွေ့သယိုဝက်သား အသုတ်လည်း စားကောင်းတယ်လို့ဆိုရမှာဖြစ်ပြီး admin ကအစပ်သိပ်မစားချင်တာကြောင့် အစပ်လျှော့ခိုင်းပြီးစားဖြစ်ခဲ့တယ်။ သင်္ဘောသီးထောင်းကလည်း အပြင်အဆင်ပုံစံလှလှလေးနဲ့ စားချင်စဖွယ်လေးပါ။

တာမွားမှာ ထူးထူးဆန်းဆန်းရတဲ့ အစားအစာတွေ တော်တော်စုံလင်ပါတယ်။ ပုစွန်အကောင်အကြီးတွေပါတဲ့ မာမီးပုဇွန်ချဉ်စပ်ပြုတ်၊ ချဉ်ချဉ်ချိုချို အရသာလေးနဲ့ လိုဂန်သီးဖျော်ရည်၊ အမဲသားသံပြားပူ၊ ပင်လယ်စာသင်္ဘောသီးသုပ် စတဲ့ မိန်းကလေးအများစုကြိုက်တဲ့ ချဉ်စပ်ဟင်းလျာတွေနဲ့ တခြားထိုင်းအစားအသောက် အစုံအလင်ရပါတယ်။

တာမွားကွေ့သယိုဆိုင်က ၆ မိုင်ခွဲ Marketplace ဆိုင်အပါအဝင် City Mall ၊ Junction Square ဆိုင်ခွဲပေါင်း ၃ ဆိုင်ရှိတဲ့ လူကြိုက်မျာျးတဲ့စားသောက်ဆိုင်တစ်ခုလည်း ဖြစ်ပါတယ်။

Shop Info

Location

Corner of Min Ye Kyawswa Road and Pyay Road ·

TEL/Email

Phone : 09 797 979606

Email : contacts@company.com

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Food Cottage

Ayam Penyet (Chilli Lime Fried Chicken)

Food Cottage

ကြက်ခရေဇီတွေအကြိုက်တွေ့မယ့် လှည်းတန်းကဆိုင်

ဒီတစ်ခေါက်ရောက်ခဲ့တဲ့ဆိုင်လေးက ကြက်သားခရေဇီတွေအတွက်
အကြိုက်တွေ့မယ့်ဆိုင်ပါ။ ကြက်သားနဲ့ပတ်သက်တဲ့ ဟင်းပွဲတွေစုံပြီးထိုင်းစာကောင်းကောင်းလေးတွေလည်းရတဲ့ဆိုင်လေးတစ်ဆိုင်ပါ။

Ayam Penyet (Chilli Lime Fried Chicken)

Ayam Penyet (Chilli Lime Fried Chicken) – 4000 Ks

ကြက်အစပ်ကြော်ကို ကြက်ဆီထမင်း၊ မြေပဲ၊ ငါးနီတူကြော်၊ ဟင်းအနှစ်တို့နဲ့တွဲဖက်ပြင်ဆင်ထားတဲ့ဟင်းပွဲပါ။ ကြက်သားအစပ်က အရမ်းမစပ်ပဲ ကြော်တဲ့နည်းလမ်းကခါတိုင်းစားနေကျ ကြက်သားကြော်နဲ့မတူတာကိုတွေ့ရတယ်။ ပုံမှန်စားနေကျမဟုတ်တဲ့ကြက်သားကြော်လေးနဲ့ ကြက်ဆီထမင်း ဟင်းအနှစ်အရသာကောင်းကောင်းလေးနဲ့အရမ်းမကြိုက်ပေမယ့် စားလို့မဆိုးဘူးလို့ သတ်မှတ်ရမယ်။

Honey BBQ Pork – 6000 Ks

အသားများများဝက်နံရိုးကို ပျားရည်နဲ့ကင်ထားတဲ့ သဘောကျမိတဲ့ နံရိုးကင်ပါ။ ဟင်းအပြင်ဆင်လေးကိုက စားချင့်စဖွယ်ဖြစ်ပြီး ထူးခြားတဲ့အရသာလည်းရှိပါတယ်။ နံရိုးတွေဒီထက်ပိုနူးအိမယ်ဆိုရင်တော့ ပိုစားကောင်းမယ်လို့ မြင်မိပါတယ်။

Pandan Leaf Chicken – 3800 Ks

စားလို့အရသာတော်တော်ကောင်းတဲ့ ကြက်သားဆူးမွှေးဖက်ထုပ်ကြော်ပါ။ အသားအရသာနဲ့ဖက်ထုပ်အရသာတော်တေ်ာလေးစားကောင်းပြီး အချဉ်နဲ့တို့စားလို့ကောင်းတဲ့ဖက်ထုပ်ပါ။ တစ်ခုပဲယူထားတဲ့ဈေးနဲ့ ၄ ခုပဲပါတာကတော့ ဈေးများတယ်လို့ခံစားမိပါတယ်။

ဒီဆိုင်မှာ ကြက်သားနဲ့ပတ်သက်တာတွေတော်တော်များတယ်။ ပျားရည်ကြက်ကင်၊ စပါးလင်ကြက်ကြော်၊ ကြက်ဖက်ထုပ်ဟင်းချို၊ ရိုးရာကြက်ခြေထောက်သုပ်တို့လို အသားသောက်ဆန်းဆန်းလေးတွေလည်းရနိုင်ပါတယ်။ ဆိုင်တည်နေရာအနေအထားနဲ့အစားအသောက်အရသာလေးတွေကောင်းပြီး မီနူးထဲကဈေးတွေကို လူငယ်တွေလက်လှမ်းမီနိုင်မယ့် ဈေးတစ်ခုသတ်မှတ်နိုင်ရင်ပိုအောင်မြင်လာမယ့် ဆိုင်လေးလို့ မြင်မိပါတယ်။

ကဲလှည်းတန်းဘက်ရောက်ဖြစ်ရင် ဒီဆိုင်လေးကို ဝင်စားကြည့်ပါဦး

Shop Info

Location

Hledan Center, Ground Floor, Kamayut.

TEL/Email

Phone : 09790254777

Email : No Email

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Golden Sky Restaurant & Bar

2

Golden Sky Restaurant & Bar

ပဲခူးက ဘော်ဒါတွေအတွက်အမိုက်စားစားသောက်ဆိုင်

ကဲဒီတစ်ခေါက်မှာ ပဲခူးကဘော်ဒါတွေအတွက် အမိုက်စားစားသောက်ဆိုင်တစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ သိပ်မကြာသေးခင်ရက်ပိုင်းကမှ ပူပူနွေးနွေးဖွင့်ထားတဲ့ Golden Sky Restaurant & Bar ပါ။

ဆိုင်မှာ မြန်မာ၊ ထိုင်း၊ တရုတ်အစားအစာအစုံရပြီး သောက်မယ့်သူတွေအတွက် Cocktails အစုံ၊ beverage ရနိုင်တယ်လို့သိရပါတယ်။ စည်ဘီယာလည်းစုံပြီးသောက်ဖို့အတွက် အတော်လေးရွေးစရာများပါတယ်။

ဆိုင်က သုံးထပ်ရှိပြီး အစားအသောက်၊ နေရာထိုင်ခင်း၊ ကားပါကင်ကျယ်ကျယ်နဲ့သူငယ်ချင်းဘော်ဒါတွေနဲ့ စုထိုင်လို့ကောင်းမယ့်နေရာလေးတစ်ခုပါ။ ပဲခူးမှာလူကြိုက်များတဲ့နေရာလေးတစ်ခုလည်းဖြစ်လာနိုင်ပါတယ်။

Shop Info

Location

No.38, Okthar Myo Thit, 7 Quater, Yangon – Mandalay Highway road , Bago.

TEL/Email

Phone : 09 40152 6758

Email : No Email

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Golden Crab Thai Restaurant

73124919_2355980251331960_357971732981612544_n

Golden Crab Thai Restaurant

တစ်မြို့ လုံးမှာတစ်ဆိုင်ပဲတွေ့ဖူးသေးတဲ့ ရှုးရှုဲချဉ်စပ် ချင်းမိုင်မုန့်တီ

ရခိုင်မုန့်တီသောက်ရတာ နည်းနည်းငြီးငွေ့နေပြီဆိုရင် ရန်ကုန်မှာ တစ်ဆိုင်တည်းရတဲ့ချင်းမိုင်မုန့်တီကို မြည်းစမ်းကြည့်ပါ။ တောင်မြင်းပြိုင်ကွင်းလမ်းက Golden Crab ဆိုတဲ့ ထိုင်းဆိုင်မှာ ဖွင့်ထားတာပါ။တခြားပင်လယ်စာတွေ၊ ထိုင်းအစားအစာတွေ အရသာအရမ်းကောင်း၊ ဈေးလည်းအသင့်အတင့်ပဲ။ ဆယ်လီတော်တော်များများလည်းလာစားတယ်။ သိပ်မတင်ကြလို့သာနာမည်အရမ်းမကြီးတာဆိုင်က ဟင်းတွေရဲ့ အရသာကတော့လေ …အိုး..ဘာပြောကောင်းမလဲ ..ရှယ်ပဲ

အဲ့မှာ မိန်းကလေးတွေအရမ်းကြိုက်ကြတဲ့ အမယ်တစ်မျိုးရှိတာက ချင်းမိုင်မုန့်တီပဲ။
ပုံမှာပါတဲ့ တစ်ပွဲလုံးကိုမှ ထောင့်ငါးရာပဲ။ ကြက်သား၊ဝက်သား၊ပင်လယ်စာရတယ်။ အသားဖတ်တွေကလည်း များတယ်။ သူ့ဈေးနဲ့ထည့်ပေးထားတဲ့အသားဖတ်က တန်တယ်ပြောရမယ်။ အရသာက ဟင်းရည်ကအသက်ပဲ အဖက်က ထိုင်းမုန့်တီထောင်းက မုန့်ဖတ်နဲ့ထည့်ချက်ထားတာ။ အရသာက ရှုးရဲှဲ၊ချဉ်စပ် ကိုမှ အထဲမှာ ရုံးပတီသီးလှီးတာရယ်၊ ခရမ်းကျွတ်သီးဖတ်လေးတွေရယ်။နံနံပင်မွှေးမွှေးလေးနဲ့ ရောချက်ထားတာ။တွဲစားဖို့အတွက် ငရုတ်ရည်တစ်ခွက်ပေးတယ်၊ အချဉ်ကြိုက်ရင် သံပရာသီးတစ်စိတ်ပေးထားတယ်။

မြေအိုးလေးနဲ့ လာချပေးရင် အငွေ့တထောင်းထောင်းနဲ့ မုန့်တီကိုဖွင့် နံနံပင်မွှေးမွှေးလေးမှာ သံပရာသီးလေးညှစ်၊ ငရုတ်ရည်လေးထည့်စားရင် လောကကြီးကို မေ့သွားမလားအောက်မေ့ရတယ်။ ချင်းမိုင်မုန့်တီဆိုပေမယ့် ရခိုင်မုန့်တီလို သိပ်မငန်ဘူး ။ အရသာက အသားပြုတ်အရသာအချိုရယ်၊ ချဉ်ချဉ်စပ်စပ်အရသာလေး။အဲ တစ်ခုရှိတာက သူကနဂိုချက်ကတည်းက နည်းနည်းစပ်တော့ အစပ်မကြိုက်ရင် သူ့နဂိုအရသာ အတိုင်းစားရင် အကုန်အနေတော်ပဲ။ ကိုယ်တွေက အစပ်အရမ်းကြိုက်တော့လား..ပေးထားတဲ့ ငရုတ်သီးရည် တစ်ခွက် အကုန်ထည့်စားပီးရင် နှာရည်တွေကျ ရှုးရှဲနဲ့ ပွင့်ထွက်သွားရောပဲ။ စစချင်းစားတဲ့သူတွေက မကြိုက်လောက်ပေမယ့် နောက်တစ်ခေါက်ထပ်စားကြည့် ကြိုက်သွားစေရမယ်။ အစ်မတစ်ယောက်ဆို စစချင်း အစိမ်းကြီးကျနေတာပဲဘာညာနဲ့ စားကြည့်ပြီးမှ သူလည်းကြိုက်သွားတာ။

ထိုင်းရောက်ပြီးတာတောင် အဲ့တာကို ရှာစားတာ ရှာလို့ မတွေ့သေးဘူးအခုထိ။ နောက်အချိန်သိပ်မရလို့ သဘောၤသိးထောင်းစားခဲ့တယ်။ ပင်လယ်စာသဘောၤသီးထောင်းဆိုတာကလည်း ၁၅၀၀၀ကို ပင်လယ်စာတွေ အများကြီးနဲ့ အရမ်းကောင်းတာ။ တုံယမ်းဟင်းရည်တို့ ဘာတို့လည်းရတယ်။ လမ်းကြုံရင် အဲ့ဒါလေးစားကြည့်နော်။ ချဉ်ချဉ်စပ်စပ်ကြိုက်တဲ့သူတွေ try ကြည့်ဖို့ ရှုးရှုဲချဉ်စပ် ချင်းမိုင်မုန့်တီအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

Myat Mon

Shop Info

Location

No 28, South Horse Racing Course Road, Tarmwe, Yangon.

TEL/Email

Phone : 09 731 39172

Email : No Email

Open Hours

MON-FRI 10:00 – 22:00

SAT-SUN 10:00 – 22:00

Besto BBQ & Restaurant

frame

Besto BBQ & Restaurant

မန္တလေးကဘော်ဒါတွေ စားရင်း သောက်ရင်း ဘောလုံးပွဲကြည့်နိုင်မယ့်ဆိုင်

ဒီတစ်ခေါက် မန္တလေးကိုရောက်တုန်း ထိုင်ဖြစ်ခဲ့တဲ့ ဆိုင်တစ်ဆိုင်အကြောင်းကို ဘော်ဒါတွေအတွက် ပြန်လည် မျှဝေပေးချင်ပါတယ်။ ဒီဆိုင်က ဘောလုံးပွဲဝါသနာရှင်တွေအတွက် လုံးဝသဘောကျမယ့်ဆိုင်လို့ဆိုချင်ပါတယ်။

ဘောလုံးပွဲရှိတဲ့ညတွေမှာ ဆိုင်မှာ ပရိုဂျက်တာအကြီးနဲ့ ပြတာကို အတော်လေးသဘောကျမိတယ်။ တစ်ဝိုင်းနဲ့တစ်ဝိုင်း အရမ်းကပ်နေတာမဟုတ်လို့ လွတ်လွတ်လပ်လပ်အားပေးနိုင်တယ်။

ဆိုင်က ခြံဝန်းထဲမှာရှိပြီး ကျယ်ကျယ်ဝန်းဝန်းရှိတာကြောင့် သက်တောင့်သက်သာရှိတယ်။ ဆိုင်မှာ ပင်လယ်စာ နဲ့ပတ်သက်ရင်လူကြိုက်များတဲ့ ပင်လယ်စာဗန်းနဲ့ရေဘဝဲသုပ်၊ အကင်မျိုးစုံရှိလို့ အမြည်းအတွက် လုံး၀ စိတ်ပူစရာမလိုပါဘူး။ ဒီဆိုင်မှာသဘောအကျဆုံးက အပြင်ကပုလင်းယူလာမယ်ဆိုရင်တောင် Charge မကောက်တာကိုပါပဲ။

ဆိုင်မှာ မိန်းကလေးတွေအကြိုက် ပင်လယ်စာသင်္ဘောသီးထောင်း၊ ပင်လယ်စာရခိုင်သုပ်တို့လိုချဉ်ချဉ်စပ်စပ် အစားအသောက်တွေအပြင် အကင်အမျိုးအစားစုံတာရယ်၊ ထိုင်လို့ကောင်းတာရယ်ကြောင့် ဒီဆိုင်လေးကို သဘောကျမိတယ်။

မွေးနေ့ပွဲပဲလုပ်လုပ် Gathering ပဲလုပ်လုပ် ဒီဆိုင်က ခြံဝန်းထဲမှာရှိတာကြောင့် private ဆန်တဲ့ အရသာကို ရနိုင်ပါတယ်။ ကဲ … အကြိတ်အနယ်ရှိတဲ့ ဘောလုံးပွဲတွေကြည့်ရင်း အရသာရှိတဲ့အစားအသောက်တွေစားရင်း သောက်မယ် စားမယ်ဆိုတဲ့ ဘော်ဒါတွေအတွက် ဆိုင်ကောင်းလေးတစ်ဆိုင်ကို လမ်းညွှန်ပေးလိုက်ပါတယ်နော် …

Shop Info

Location

N0 (12/ KaKa-4), 57th street, Thatepan Street (South), Kantharyar Ward, Chanmyatharzi, Mandalay.

TEL/Email

Phone : 09 799176296

No Emails

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Nay Yar 2 Sin O Tan

2

Nay Yar 2 Sin O Tan

ကျိုင်းတုံအကင်နဲ့ ယိုးဒယားအထောင်းစုံစားကြမယ်

ရာသီဥတုလေးက ညနေဆို မိုးအုံ့အုံ့လေးနဲ့ အေးသယောင်ယောင်ဖြစ်လာလို့ ရှူးရှူးရှဲရှဲ ထိုင်းစာဘက်ကို ခြေဦးလှည့်ဖြစ်ခဲ့တယ်။ ဆိုင်ကတော့ စဥ့်အိုးတန်းလမ်းက နေရာ-၂ ကျိုင်းတုံအကင်နဲ့ ယိုးဒယားအထောင်းစုံဆိုင်။
ဆိုင်က ပုံမှန် ပရိသတ်အခိုင်အမာရှိပြီး အရင်က ရွှေဂုံတိုင်ဆိုင်မှာ တစ်ခါစားခဲ့ဘူးတယ်။

ဒီတစ်ခေါက်မှာတော့ အရင်ကနဲ့မတူတာတွေကို ဦးစားပေးမှာစားဖြစ်ခဲ့တယ်။

သင်္ဘောသီးထောင်း – ၁၅၀၀ ကျပ်
ဒီဆိုင်မှာ အရောင်းရဆုံးနဲ့ စားလို့အကောင်းဆုံး နာမည်ကြီးအထောင်းထဲမှာ သင်္ဘောသီးထောင်းပါပါတယ်။ အရသာကောင်းပြီးတော့ ထိုင်းအရသာစစ်စစ်နဲ့ စားလို့ကောင်းပါတယ်။ တော်တော်များများလည်း မှာစားကြတာကိုတွေ့ရတယ်။

 

သင်္ဘောသီးထောင်း

ကျွဲကောသီးထောင်း – ၂၅၀၀ ကျပ်
အရင်က တစ်ခါမှ မစားဖူးတဲ့ အထောင်းပါ။ ကျွဲကောသီးကြောင့် ချဉ်ပြုံးပြုံးလေးဖြစ်မယ်လို့ထင်ထားပေမယ့် အရမ်းမချဉ်တဲ့အရသာမျိုးရှိပါတယ်။ အစားအသောက် အသစ်အဆန်း စားကြည့်ချင်တဲ့သူတွေအတွက် မြည်းသင့်တဲ့ အထောင်းတစ်မျိုးပါ။

ဝက်နံရိုးချဉ်စပ်ဟင်းရည် – ၃၀၀၀ ကျပ်
ထိုင်းအရသာဟင်းချိုရည်ဖြစ်ပြီး အရသာချဉ်စပ်နဲ့ မိန်းကလေးတွေအကြိုက် ဟင်းရည်တစ်မျိုးပါ။ ၀က်နံရိုးအတုံးလေးတွေရဲ့ အရသာကောင်းပြီး အသားပါတာတော့ နည်းတယ်လို့မြင်ပါတယ်။ အကျဉ်းချူပ်ပြောရရင် အရသာကောင်းတယ်၊ အသားပါတာနည်းတယ်။

Shop Info

Location

No 38, Sin O Tan (lower block) Latha.

TEL/Email

Phone : 09 766821847


Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Bangkok Cafe

1

Bangkok Cafe

ထိုင်းအစားအသောက် ခရေဇီတွေအတွက် ကြည့်မြင်တိုင်ကဆိုင်

 ကြည့်မြင်တိုင်က ထိုင်းအစားအသောက်ကောင်းတဲ့ ဆိုင်တစ်ဆိုင်အကြောင်းကို ပြန်လည် မျှဝေပေးလိုပါတယ်။

ဆိုင်နာမည်က Bangkok Cafe ဖြစ်ပြီး Cafe လိုင်းတစ်ခုတင်မဟုတ်ပဲ အရသာရှိတဲ့ ထိုင်းအစားအသောက် အတော်လေးစုံလင်တဲ့ဆိုင်တစ်ခုပါ။ ဒီတစ်ခေါက် ရောက်တုန်း စားဖြစ်ခဲ့တာလေးတွေကတော့

ကြက်သားထိုင်းဟင်း (Curry အစိမ်း) – အုန်းနို့နဲ့ ချက်ထားတဲ့ ထိုင်းစတိုင် ကြက်သားဟင်းဖြစ်ပါတယ်။ အရသာ အီဆိမ့်ပြီး စားရတာ လေးလေးပင်ပင်ရှိတယ်။ အစပ်အရသာပေါ့ပြီး ထိုင်းစာနဲ့ မစိမ်းတဲ့သူတွေအတွက် တကယ့်ထိုင်းနိုင်ငံမှာစားရတဲ့ ထိုင်းအရသာ စစ်စစ်ကို ရနိုင်မယ့် ဟင်းလျာတစ်ခုပါ။ Admin အမြင်ပြောရရင် အရသာကောင်းပြီး ကြက်သားနည်းတယ်လို့ ခံစားမိပါတယ်။ တစ်ပွဲကို ၆၀၀၀ ကျပ်ပါ။

Thai Style Iced Coffee ကတော့ ထိုင်း Tea တွေပုံစံအတိုင်း သောက်လို့ကောင်းပြီး အချိုတည်းဖို့ တော်တော်လေးကောင်းတယ်လို့ ဆိုရပါမယ်။ နောက်ထပ် သဘောကျမိတာက ထိုင်းစတိုင် ကွေ့သယိုပါပဲ။ ကွေ့သယိုအရသာကောင်းကောင်းစားချင်တယ်ဆိုရင်တော့
ဒီဆိုင်ကို မဖြစ်မနေသွားကြည့်ဖို့ ပြောချင်ပါတယ်။

ကော်ဖီနဲ့ မုန့်အစုံလည်းရပြီး စားသောက်စရာရွေးချယ်ဖို့ အတော်လေးစုံလင်ပါတယ်။ ဆိုင်အနေအထားက ကျယ်ဝန်းပြီး ရောက်သွားတဲ့အချိန်က ညဖြစ်တာကြောင့် လူလည်းရှင်းတယ်။ ကားပါကင်ကျယ်တာကလည်း ဒီဆိုင်ကိုသဘောကျမိတဲ့ အချက်တစ်ခုဖြစ်ပါတယ်။

ကြက်သားထိုင်းဟင်း (Curry အစိမ်း)

Shop Info

Location

569 Lower Kyimyindine Road, near home street, next to Shwe Gon Thu condo
Yangon

TEL/Email

Phone : 09 45440 4800


Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00