Barcelona Bar & Restaurant

86811776_130364665157159_9213437073124491264_o

Barcelona Bar & Restaurant

Barcelona Bar & Restaurant

ဒီလိုအချိန်က Rooftop တွေကိုသွားရမယ့် ရာသီဥတုနဲ့ အချိန်အခါမျိုးပါ။ ဖွင့်ထားတာသိပ်မကြာသေးတဲ့ Rooftop Bar တစ်ခုအကြောင်းကို ဒီတစ်ပတ်မျှဝေပေးပါမယ်။ မင်္ဂလာတောင်ညွှန့်က Esperado Business Tower မှာရှိတဲ့ Barcelona Bar & Restaurant ပါ။

ဆိုင်မှာ ဓာတ်ပုံရိုက်လို့ကောင်းမယ့် အပြင်အဆင်လေးတွေနဲ့ Night View ကောင်းကောင်းလေးတွေရှိတယ်လို့သိရပါတယ်။ ဓာတ်ပုံအတူရိုက်ဖို့အတွက်လည်း Decoration လှလှလေးနဲ့ Cocktail အစုံလည်းရနိုင်ပါတယ်။ ကြာသပပေး၊ သောကြာ၊ စနေနဲ့ တနင်္ဂနွေတိုင်းမှာ Unplugged Music အစီစဉ်တွေနဲ့အတူ ဘော်ဒါတွေနဲ့ အဖွဲ့လိုက် ပျော်ပါးဖို့အတွက် စီစဉ်ပေးထားတာတွေလည်းရှိတယ်လို့ဆိုပါတယ်။

အစားအသောက်အနေနဲ့ကတော့ ငါးအရေခွံအကြွပ်ကြော်၊ ကြက်အူအကကြွပ်ကြော်၊ ဝက်နံရိုးကြော်စတဲ့ ဘီယာနဲ့မြည်းလို့ကောင်းမယ့်အကြော်အစုံအလင်လည်းရတယ်လို့သိရပါတယ်။ ဆိုင်အပြင်အဆင်နဲ့ ပုံစံလေးက သဘောကျစရာကောင်းပြီး Rooftop ကိုနှစ်သက်တဲ့သူတွေသွားကြည့်ရမယ့် ဆိုင်အသစ်လေးတစ်ဆိုင်ပါ။

ဘော်ဒါတွေနဲ့ စုသွားလို့ရမယ့် ရှုခင်းကြည့်ပြီး အေးဆေးစားသောက်နိုင်မယ့် ဆိုင်လေးတစ်ဆိုင်အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photos: Barcelona Bar & Restaurant

Address

Shop Info

Location

7th Floor, Tower 2, Esperado Business Tower, No (20/22), Joe Phyu Street, Yangon.

TEL/Email

Phone : 09 899 989233

Email : No Email

Open Hours

MON-FRI 11:00AM – 1:00AM

SAT-SUN 11:00AM – 1:00AM

Cozy Bar & Restaurant

frame

Cozy Bar & Restaurant

အမြည်းဆန်းဆန်းများနဲ့ ဘီယာမျိုးစုံရတဲ့ဆိုင်

ရန်ကုန်မြို့မှာ အမြည်းကောင်းကောင်းနဲ့ ဘီယာအမျိုးစားစုံစုံလင်လင်သောက်ချင်တယ်ဆိုရင်တော့ တောင်ဥက္ကလာ၊ ဗြဟ္မစိုရ်လမ်းက Cozy Bar & Restaurant ကိုသွားဖို့ လမ်းညွှန်ပေးချင်ပါတယ်။

ဆိတ်ဗယာကြော်

အမြည်းဆန်းဆန်းတွေကြောင့် လူတိုင်းရဲ့ပါးစပ်ဖျားမှာ နေရာတစ်နေရာအခိုင်အမာရထားတဲ့ဆိုင်မှာ ကယားဝက်အူချောင်း၊ ဆိတ်ဗယာကြော်၊ ပင်လယ်စာဟော့ပလိတ်၊ ကြက်အရေခွံအစာသွပ်၊ ဆတ်ကချင်ထောင်း စတာတွေက လူကြိုက်အများဆုံးနာမည်ကြီး Menu တွေပါ။

အရင်ဆုံး ဘီယာနဲ့စသောက်မယ်ဆိုရင် ဆိတ်ဗယာကြော်ကို မဖြစ်မနေ မြည်းစမ်းကြည့်ဖို့ပြောချင်ပါတယ်။ အရသာထူးထူးလေးနဲ့ စားရတာနည်းနည်းလေး စပ်သယောင်ယောင်ရှိပေမယ့် အစပ်မစားချင်ဘူးဆိုရင်တော့ အစပ်လျှော့ပေးဖို့ ပြောလိုက်ပါ။ အချဉ်နဲ့တို့စားရင် အရသာတစ်မျိုးပြောင်းပြီး ဘီယာနဲ့တကယ်လိုက်ဖက်မှုရှိပါတယ်။

 

ပင်လယ်စာဟော့ပလိပ်ကတော့ အငွေ့တထောင်းထောင်းနဲ့ ပူပူလေးစားရင်တကယ်ကောင်းပါတယ်။ ပင်လယ်စာကို အရသာထူးထူးနဲ့ ပုံစံကွဲကွဲစားချင်တယ်ဆိုရင် စားကြည့်သင့်ပါတယ်။ ဒါပေမယ့် ပူတုန်းမှာစားဖို့အကြံပြုလိုပါတယ်။ အေးသွားရင်စားရတာ အရသာပေါ့သွားတယ်လို့ ခံစားမိပါတယ်။

ဆတ်ကချင်ထောင်းကတော့ ရိုးရိုးပုံမှန်စားနေကျ ဆတ်သားခြောက်တွေလိုအရသာမျိုးရှိပါတယ်။ သူ့မှာမတူညီတဲ့အချက်က ဆတ်သားခြောက်လို အားအင်စိုက်ပြီး ဝါးနေစရာမလိုပဲ နူးညံ့မှုရှိပါတယ်။ ချိုအီတဲ့အရသာမျိုးအတွက် ထူးထူးခြားခြား ရွှေအိုရောင်သံယောစဉ် ဆိုတဲ့ ပင်လယ်စာဟင်းပွဲလေးစားကြည့်သင့်ပါတယ်။ ပြိုင်ပွဲမှာ ဆုရထားတဲ့ဟင်းပွဲတစ်ခုဆိုတော့ အရသာကတော့ အားလုံးသဘောကျနိုင်မှာပါ။

 

Address

Shop Info

Location

No-668 , 4/6 Bya Ma Soe Street , Southokkalapa Tsp, Yangon, 

TEL/Email

Phone : 01 577 979

Email : No Email

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Mya Nandar – Thai Food & BBQ

55901813_2442127339153221_3578757924316512256_n

Mya Nandar – Thai Food & BBQ

ထိုင်းအစားအစာ အရသာကောင်းကောင်းနဲ့စားကြမယ်

ထိုင်းအစားအစာအရသာကောင်းကောင်းနဲ့ စားလို့ရမယ့်ဆိုင်တစ်ဆိုင်အကြောင်း ဒီတစ်ပတ်ဖောက်သည်ချပါမယ်။ ရန်ကုန်မှာရှိတဲ့ နာမည်ကြီး လူသိများတဲ့ ထိုင်းဆိုင်တွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ မြနန္ဒာ Thai Food and BBQ ဆိုင်ပါ။

ချဉ်ချဉ်စပ်စပ် ထိုင်းအရသာအစားအစာတွေစားမယ်ဆိုရင်တော့ ဒီဆိုင်လေးကအဆင်ပြေပါတယ်။ ထိုင်းအစားအသောက် အထောင်းမျိုးစုံနဲ့အကင်စုံ ရပါတယ်။

ပင်လယ်စာအစားအသောက်တော်တော်များများရတာကိုတွေ့ရတယ်။ အသားလတ်ပြီး စားလို့အဆင်ပြေတယ်။
ဒီတစ်ခေါက်စားဖြစ်တဲ့ ငါးဆားကြမ်းကင်အကြောင်းစပြောရရင် နာမည်ကိုကြည့်ပြီး အတော်လေးငံမယ်လို့ထင်ခဲ့တာ။ တကယ်တမ်းစားကြည့်လိုက်မှ အရသာထူးပြီး ငါးသိပ်မကြိုက်တဲ့ အက်ဒမင်တောင် သဘောကျမိတယ်။ တခြားငါးကင်တွေလို အသားထဲမှာ ဘာအနှစ် အဆာမှမထည့်ထားပဲ အသားချည်းသီးသန့်ကို အရသာတစ်မျိုးလေးနဲ့ စားရတာမို့ အရသာတွေ့မိတယ်။

နောက်တစ်ခုက ဆိုင်လာတဲ့သူအများစု မှာစားကြလေ့ရှိတဲ့ တောထောင်းပါ။ ဟင်းပွဲအပြင်အဆင်က စားချင့်စဖွယ်ဖြစ်ပြီး အမျိုးအစားစုံစုံလင်လင်လေးထည့်ထားတဲ့အထောင်းတစ်မျိုးပါ။ သင်္ဘောသီးထောင်းကိုတွဲဖက်စားစရာ အစုံအလင်နဲ့စားချင်စဖွယ်လေး ပြင်ဆင်ထားတာကို သဘောကျမိတယ်။ တစ်ပွဲကို ၂ ယောက်လောက်စားလို့ရတယ်။

နောက်ထပ်စားဖြစ်ခဲ့တဲ့ ပန်းဂဏန်းထောင်းကတော့ ဂဏန်းကြိုက်တဲ့သူတွေအတွက် စိတ်ကြိုက်ဖြစ်မယ့် ဟင်းပွဲတစ်ခုပါ။ဂဏန်းသိပ်စားလေ့မရှိတဲ့သူမို့ထင်တယ် အရမ်းတော့မကြိုက်ဘူး။ အသားအရသာမဆိုးဘူးလို့ဆိုရမှာဖြစ်ပြီး ဂဏန်းကြိုက်တဲ့သူတွေတော့ သဘောကျမှာပါ။

ဒီဆိုင်ကိုရောက်ရင် အခြားဆိုင်တွေမှာလိုမဟုတ်ပဲ ထူးထူးခြားခြားအစားအသောက်လေးတွေလည်းရှိပါတယ်။ပင်လယ်စာ သင်္ဘောသီးထောင်း၊ ငါးခူမွှကြော် သင်္ဘောသီးထောင်း၊ ဘာကူတေး၊ ပင်လယ်စာအစုံသုပ်တို့လို အစားအသောက်တွေက မစားဖူးသေးရင် မြည်းကြည့်ဖို့ကောင်းတဲ့ ဟင်းပွဲတွေပါ။

ဆိုင်မှာ ထိုင်းအစားစာတွေအပြင် အကင်အစုံနဲ့ ဘီယာတွေရပြီး အမြည်းကောင်းကောင်းစားပြီး သောက်မယ့်ဘော်ဒါတွေအတွက်လည်းအဆင်ပြေပါတယ်။ ဆိုင်မှာ ကားပါကင်နေရာကျယ်ပြီး ကားပါကင်အတွက် စိတ်ပူစရာမလိုပါဘူး။ ဒီဆိုင်အကြောင်းကို မသိသေးတဲ့သူငယ်ချင်းတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ထိုင်းစာကောင်းကောင်းကြိုက်တတ်တယ်ဆိုရင်တော့ ဒီဆိုင်လေးကိုသွားကြည့်ဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။

Address

Shop Info

Location

No. 4, Thanthumar Road, Su Paung Bus Stop,Yangon.

TEL/Email

Phone : 09 781 889035

Email : No Email

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Bistropedia

frame

Bistropedia

ကော်ဖီသောက်ရင်း အေးဆေးအလုပ်လုပ်လို့ရမယ့်နေရာ

ရာသီဥတုကအရမ်းပူလာပြီး ကော်ဖီဆိုင်တစ်ဆိုင်ဆိုင်မှာ အေးဆေးထိုင်၊အနားယူ ဒါမှမဟုတ် အလုပ်လုပ်ချင်တဲ့သူတွေအတွက် သင့်တော်တဲ့နေရာလေးတစ်ခုပါ။ ဆိုင်ကဖွင့်ထားတာသိပ်မကြာသေးပဲ နေ့လည်နေ့ခင်းဆို အေးဆေးရှိတယ်။

Thai Coffee and Black Tea

ဆိုင်မှာ လိုင်းကောင်းတဲ့ Wifi ရှိတာက အလုပ်လုပ်မယ့်သူတွေအတွက် သဘောကျစေမယ့်အချက်ပါ။ ရတဲ့အစားအသောက်တွေကလည်းစုံပါတယ်။ Day Time Breakfast အတွက် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊
Eoropean Breakfast ရနိုင်သလို Appetizer, Salad and Suop မျိုးစုံအပြင် Bistropedia Signatures တွေလည်းရှိပါတယ်။

ကျွန်တော်ရောက်သွားတဲ့အချိန်က နေ့လည်ခင်းဖြစ်တာကြောင့် ကျန်တဲ့အစားအသောက်တွေကိုတော့ မစားဖြစ်ခဲ့ဘဲ Black Tea, Thai Tea တို့လို ပေါ့ပေါ့ပါးပါး သောက်စရာ Drinks တွေပဲသောက်ဖြစ်ခဲ့တယ်။

ဆိုင်အကြောင်း အကျဉ်းချုပ်ပြောရရင် အစားအသောက်အတော်လေးစုံလင်တယ်။ ဆိုင်နေရာအနေအထားနဲ့ပတ်ဝန်းကျင်က သက်တောင့်သက်သာရှိတယ်၊ ဆေးဆေးထိုင်လို့ရတယ်။ အစားအသောက်ဈေးနှုန်းတွေက ပုံမှန်ထက် ဈေးနည်းနည်းများတယ်လို့ဆိုနိုင်ပေမယ့် ဆိုင်အနေအထားနဲ့အရသာကောင်းကောင်းအစားအသောက်တွေရနိုင်တာကြောင့် မဆိုးဘူးလို့ သတ်မှတ်နိုင်ပါတယ်။ စမ်းချောင်းဗဟိုလမ်းပေါ်မှာဖွင့်လှစ်ထားတဲ့ Bistropedia Bar & Grill က ထိုင်လို့ကောင်းတဲ့ ဆိုင်လေးပါ။

Bistropedia’s Menu

Shop Info

Location
TEL/Email

Phone : 09443355773

Email : No Email

Open Hours

MON-FRI 07:00 – 23:00

SAT-SUN 07:00 – 23:00

BEE HOUSE

photo - BEE HOUSE

BEE HOUSE

Seafood နဲ့ ရှမ်းစာကောင်းကောင်းရတဲ့ဆိုင်လေး

ဒီဆိုင်လေးကတော့ စားသောက်ဆိုင်တွေမှိုလိုပေါက်နေတဲ့စမ်းချောင်းမြို့နယ်မှာဖွင့်လှစ်ခဲ့တဲ့ စားသောက်ဆိုင်လေးပါ။ ဆိုင်နာမည်က BEE HOUSE ဖြစ်ပြီးတော့ Seafood နဲ့ ရှမ်းစာကောင်းကောင်းလေးတွေရတဲ့ဆိုင်လေးလို့ သိရပါတယ်။

မြန်မာနိုင်ငံကလူငယ်တွေကြားမှာ ပေါ်ပြူလာဖြစ်ပြီး အစားများကြတဲ့
အစားအစာတွေဖြစ်တဲ့ BBQ ၊ ပင်လယ်စာ၊ ရှမ်းရိုးရာအစားအစာ၊ ထိုင်းအစားအစာတွေကိုဈေးနှုန်းသင့်တင့်စွာနဲ့ စားနိုင်မယ်လို့သိရပါတယ်။ ဒါ့အပြင် ဘီယာသောက်မလားဝိုင်သောက်မလား cafe သောက်မလား ကြိုက်နှစ်သက်ရာ Drink အမျိုးမျိုးလည်းရနိုင်ပါသေးတယ်။

ဆိုင်က လူစည်ကားရာနေရာဖြစ်တဲ့ စမ်းချောင်းလမ်း Strategy First ကျောင်းနားက The Corner Barရှေ့နားမှာ ဖြစ်ပြီး စမ်းချောင်းကိုမကြာခဏရောက်ဖြစ်ရင်တော့ ဖွင့်ထားတာသိပ်မကြာသေးတဲ့
ဒီဆိုင်လေးကို အရောက်သွားလိုက်ပါဦး။

Shop Info

Location

166-A, Sanchaung Street, Sanchaung Township, Yangon

TEL/Email

Phone : 09 776 296789

Email : No Email

Open Hours

MON-FRI 09:00 – 20:00

SAT-SUN 9:00 – 20:00

Best Japanese Restaurants in Yangon

5e6710ec9db7c

Best Japanese Restaurants in Yangon

ရန်ကုန်မြို့ရဲ့ လူကြိုက်အများဆုံး ဂျပန်စားသောက်ဆိုင်များ

ဂျပန်အစားအသောက်ကောင်းကောင်းစားဖို့အတွက် ဂျပန်နိုင်ငံအထိတော့
တကူးတကသွားနေဖို့မလိုတော့ပါဘူး။ ရန်ကုန်မှာလည်း ဂျပန်အစားအသောက်တွေနေရာတော်တော်များများမှာ ရနေပါပြီ။ ဒီတစ်ခေါက်မှာ ရန်ကုန်မြို့က ဂျပန်ရိုးရာအစားအသောက်တွေကောင်းတဲ့ဆိုင်တွေအကြောင်းကို စုစည်းဖော်ပြပေးသွားပါမယ်။ ဒီစားသောက်ဆိုင်တွေက Warmae အဖွဲ့သားတွေရှာဖွေထားသလောက်ကိုပြန်လည်ဖော်ပြခြင်းဖြစ်ပြီး အခြားဂျပန်စားသောက်ဆိုင်ကောင်းကောင်းတွေလည်း ရှိနိုင်ပါသေးတယ်။

Shiki Tei Restaurant

PARKROYAL Yangon ပထမထပ်မှာရှိတဲ့ Shiki Tei Restaurant မှာ ဂျပန်အစားအသောက်ကောင်းကောင်းတွေရှိပါတယ်။ ဂျပန်စားဖိုမှူးကိုယ်တိုင်ချက်ပြုတ်ထားတဲ့ ဂျပန်အစားအစာတွေကြောင့် လူကြိုက်များတဲ့ ဂျပန်စားသောက်ဆိုင်တစ်ဆိုင်ပါ။ ဆူရှီကောင်းကောင်း ဒါမဟုတ် Ramen ကောင်းကောင်းတွေစားမယ်ဆိုရင်တော့ ဒီဆိုင်ကိုရွေးချယ်သင့်ပါတယ်။

Address
+9518250388(Ext 8119)

Fuji Japanese Restaurant – Myanmar

အမာခံပရိသတ်အများကြီးရှိတဲ့ ဒီဆိုင်ကလည်း ရန်ကုန်ရဲ့ နာမည်ကျော် ဂျပန်စားသောက်ဆိုင်တွေထဲကတစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဆိုင်ခွဲတော်တော်များများရှိပြီး ဂျပန်စာကြိုက်သူတွေသဘောကျတဲ့သူတွေအတွက် Fuji Japanese Restaurant ကအဆင်ပြေစေမှာပါ။

1. Hantharwaddy Rd.
01-514776

2. Market Place
09- 730-22337

3. Mingalar Mandalay
09- 444457105

4. Junction City, L3
09-45440-3700

Family Sushi Japanese Restaurant

ဆူရှီဈေးတန်တန်နဲ့ကောင်းကောင်းလေးစားချင်တဲ့သူတွေအတွက် သင့်တော်တဲ့ဆိုင်လေးပါ။ Salmon Maki ၊ Tamago Nigiri၊ Salmon Nigiri စတဲ့ဆူရှီအမျိုးအစားပေါင်းများစွာကို ဈေးသက်သက်သာသာနဲ့စားနိုင်လို့ လူကြိုက်များတဲ့ဆိုင်လေးပါ။ စားကောင်းတဲ့ ဂျပန်အစားအသောက်အစုံရတဲ့ ဒီဆိုင်လေးကိုလည်း ဂျပန်အစားအစာချစ်သူတွေအကြိုက်တွေ့နိုင်မှာပါ။

104,U Chit Maung Housing, U Chit Maung St,Yangon.
09 507 7223

Fuji Sushi Japanese Food

ဆူရှီမှ ဆူရှီပဲဆိုရင်တော့ ဒီဆိုင်လေးကိုသွားဖို့လိုပါတယ်။ ရွေးချယ်စရာ ဂျပန်ဆူရှီအရသာများစွာရှိပြီး ဂျပန်အစားအစာကောင်းကောင်းလေးတွေလည်း ရရှိနိုင်မယ့် ဆိုင်လေးပါ။

Shwe Taung Tan Street,Yangon .
09 260 111 565

Kohaku Japanese Restaurant

Chatrium Hotel Royal Lake Yangon က Kohaku Japanese Restaurant မှာ တော့ အသား၊ ငါး အသီးအရွက်တွေကိုဂျပန်ရိုးရာအတိုင်းချက်ပြုတ်ထားတဲ့အစားအသောက်တွေရရှိနိုင်ပါတယ်။ မကြာခဏလည်း ဂျပန်အစားအသောက်တွေအတွက်ဘူဖေးအစီအစဉ်တွေလည်း ရှိတဲ့နေရာတစ်ခုပါ။

No 40 Natmauk Road, Tamwe Township,Yangon .
01 544 500

Michinoku Japanese Restaurant

Michinoku Japanese Restaurant က ဂျပန်စားသောက်ဆိုင်ပုံစံလေးနဲ့ ဂျပန်အစားအသောက်ကောင်းကောင်းတွေရတဲ့ဆိုင်တစ်ခုပါ။ တက္ကသိုလ်ရိပ်သာလမ်းသစ်နဲ့ ဆရာစံလမ်းထောင့်မှာရှိတဲ့ ဂျပန်စားသောက်ဆိုင်ကလည်း ဂျပန်လူမျိုးအများစုသဘောကျနှစ်ခြိုက်တဲ့ ဆိုင်လေးတစ်ဆိုင်ပါ။

Corner of New University Avenue Road and Sayasan Road, Bahan Township,Yangon.
09 787 400725

Jan Jan Jan Japanese Ramen

ဈေးနှုန်းသင့်တင့်တဲ့ ဂျပန်အစားအစာများနဲ့ Japanese Ramen ကို အဓိကထားရောင်းချတဲ့ Jan Jan Jan Japanese Ramen ဆိုင်က ဆိုင်ခွဲ ၂ ခုရှိပြီး Ramen ကြိုက်သူတွေအတွက် ဦးစားပေးသွားရမယ့် စားသောက်ဆိုင်တစ်ခုပါ။

– 3rd floor, Myanmar Plaza.
– No (211), Corner of Anawtatha Road and 12th Street, Lanmadaw, Yangon.
09 44930 6306

KOBE-YA Japanese BBQ restaurant

ရန်ကုန်မှာရှိတဲ့ ဂျပန်လူမျိုးတွေအများစု အားပေးကြတဲ့ ဂျပန်စားသောက်ဆိုင်တစ်ဆိုင်ပါ။ ဒီဆိုင်မှာဂျပန်ရိုးရာပုံစံအတိုင်း ပြုလုပ်ထားတဲ့ BBQ ကောင်းကောင်းတွေရပါတယ်။

No.4, Pyi Thar Yar street, Moe Kaung Road,Yangon.
09 42001 5401

Hanabi Yangon Japanese Restaurant

ဆူရှီကောင်းကောင်းနဲ့ ဂျပန်စာဆန်းဆန်းလေးတွေကို သင့်တင့်တဲ့ဈေးနှုန်းနဲ့စားချင်တဲ့သူတွေအတွက်ဒီဆိုင်လေးက သင့်တော်ပါတယ်။ မြို့ထဲကိုရောက်လို့ ဂျပန်စားသောက်ဆိုင်ရှာမယ်ဆိုရင် Hanabi ကိုရွေးသင့်ပါတယ်။

No.238, Maha Bandula Park Street(Upper), Kyauktada Township, Yangon.
01 373 414

Mustache Bar

72573895_141055480619459_1945514305554219008_o

Mustache Bar

ကျွန်းတောလမ်းက ဦးနှုတ်ခမ်းမွှေး

ပိတ်ရက်မှာ အေးအေးဆေးဆေးနဲ့ ဘီယာလေးသောက် အမြည်းလေးစားပြီးနေချင်တဲ့သူတွေအတွက် နေရာလေးတစ်ခုရှိပါတယ်။ သီချင်းလေးနားထောင်ပြီးသောက်ရတာကိုကြိုက်တဲ့သူတွေအတွက် သင့်တော်တဲ့ ကျွန်းတောလမ်းကဦးနှုတ်ခမ်းမွှေးဘားပါ။

photo - Mustache Bar

ဆိုင်အပြင်အဆင်ပုံစံဆန်းဆန်းနဲ့ သောက်စရာအမြည်း Cocktail အစုံရှိတယ်လို့လည်းသိရပါတယ်။ အပြင်းကိုမှကြိုက်တယ်ဆိုတဲ့သူတွေအတွက် Vodka, Whisky, Gin အမျိုးအစားအစုံအပြင်ပျော့ပျော့ကိုပဲရွေးမယ်ဆိုရင်တော့ ဦးနှုတ်ခမ်းမွှေးရဲ့ Signature Cocktails တွေလည်းရပါတယ်။ ဆိုင်ပုံစံကအထာကျကျနဲ့ ဘီးကျဲကြီးတွေရဲ့ ပုံစံအငွေ့အသက်တွေနဲ့ပါ။

ဆိုင်ရဲ့တည်နေရာက ရုံးတွေနဲ့မနီးမဝေးမှာရှိပြီးတော့ သွားရလာရလည်း အရမ်းရှုပ်တဲ့နေရာမဟုတ်တာကြောင့်သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် မိတ်ဆွေတွေနဲ့ဖြစ်ဖြစ် သွားဖို့အဆင်ပြေမယ့်နေရာလေးလို့ မြင်မိပါတယ်။

Shop Info

Location

Corner of Kyun Taw Street & Narnat,Near Han Thar Waddy Yun Long Golf Club,Kamayut.

TEL/Email

Phone : 09 893 999 309

Email : No Email

Open Hours

MON-FRI 15:00 – 1:00

SAT-SUN 15:00 – 1:00

Bagan street food

frame

Bagan street food

လောကနန္ဒာစေတီအဝင်လမ်းကအကြော်ဆိုင်

မကြာခင်က ပုဂံကိုရောက်ခဲ့တုန်းမှာ ဝင်စားခဲ့တဲ့ အကြော်ဆိုင်လေးအကြောင်းပါ။ လောကနန္ဒာစေတီအဝင်မုဒ်ဦးနားအကျော်လေးက အကျော်ဆိုင်လေး။ အကြော်စုံလင်ပြီးပူပူနွေးနွေးနဲ့ စားလို့တော့အတော်ကောင်းသား။

ရတဲ့အကြော်တွေက ဘူးသီးကြော်၊ ပြောင်းဖူးကြော်၊ အာလူးကြော်၊ ကြက်သွန်ကြော်နဲ့တစ်ခါမှမစားဖူးတဲ့ ငရုတ်ပွကြော်တို့လို အကြော်စုံတစ်ပွဲကိုမှ ၁၀၀၀ ထဲ။ အချဉ်ကငရုပ်ဆီအချဉ်မဟုတ်ပဲသဘာ၀ မန်ကျည်းချဉ်ရည်လေးဆိုတော့ အတော်လေးစားကောင်းတယ်။

တစ်ပွဲကို အကြော်စုံတော်တော်လေးပါပြီးတော့ ၂ ယောက်လောက်အသာလေးစားလို့ရတယ်။ ဆိုင်က လမ်းဘေးဆိုင်လေးဖြစ်တာကြောင့် သန့်ရှင်းမှုတော့အားနည်းတယ်။ အညာဒေသရဲ့ဖုန်ပေါတာက စားရတာ နည်းနည်းတော့ စိတ်ထဲကသိကအောင့်ဖြစ်မိတယ်။

ဒါပေမယ့် တစ်ခါတလေမှစားတာမျိုးဆိုရင်တော့ သိပ်ပြသနာမရှိလောက်ဘူးထင်တာပဲ။ ပိတ်ရက်မှာ ပုဂံကိုရောက်ဖြစ်မယ်ဆိုရင် ဒီအကြော်ဆိုင်လေးမှာဝင်စားကြည့်ဖို့ မျှဝေပေးလိုက်ပါတယ်။

Shwe Mann fried rice

ရွှေမန်းထမင်းကြော်

Shwe Mann fried rice

ဟင်းမျိုးပေါင်း ၂၀ ကျော် ၃၀ နီးပါးရတဲ့ ရွှေမန်းထမင်းကြော်

ဒီတစ်ခေါက် မန္တလေးရောက်ခိုက်မှာ စားခဲ့ရတဲ့ ထမင်းကြော်ဆိုင်တစ်ဆိုင်ကိုအတော်လေးသဘောကျမိတယ်။ အစားအသောက်ပေါတဲ့ မန္တလေးက လူကျိတ်ကျိတ်တိုးစည်ကားနေတတ်တဲ့ ထမင်းကြော်ဆိုင်လေးပါ။ ဟင်းအမျိုးပေါင်း တော်တေ်ာလေးစုံလင်ပြီး အားလုံးပေါင်း ၂၀ ကျော် ၃၀ နီးပါးလောက်တောင်ရှိမယ်လို့ထင်ရပါတယ်။

ရွှေမန်းထမင်းကြော်

ဟင်းပွဲများလွန်းတော့ ဘာစားလို့စားရမှန်းမသိအောင် ကိုဖြစ်ရပြီးနောက်ဆုံးတော့ ပုစွန်နဲ့ ဆိတ်ပုဆိုးကြမ်းဟင်းရည်ပဲစားခဲ့တယ်။ ဟင်းချက်အရသာကောင်းပြီး ခုံပေါ်မှာချထားပေးတဲ့ အရံဟင်းပွဲလေးတွေနဲ့ ဒေသအခေါ်
အတို့အမြုပ်လေးတွေက တကယ့်ကိုစားချင့်စဖွယ်ပါ။

ငါးပိထောင်း၊ ပဲနှပ်၊ ငရုတ်သီးကြော်၊ အာလူး၊ သရက်ချဉ်၊ နှမ်းဖတ်ချဉ် (၆) မျိုးနဲ့ အရည်သောက်က လုံးဝကိုအခမဲ့ချပေးထားတာဖြစ်ပြီး လိုသလောက်ထည့်ပေးပါတယ်။ ဒါမှမဟုတ် တညင်းသီးကြိုက်တတ်မယ်ဆိုရင်လည်းစားလို့ရပါသေးတယ်။ တညင်းသီးကတော့ တစ်လုံးဘယ်လောက်လည်း မမေးခဲ့ရပါဘူး။

မန္တလေးမြို့ရဲ့ ထမင်းကြော်ဆိုင်တွေရဲ့အရသာက ရန်ကုန်က ဆိုင်တွေနဲ့မတူပဲ မြေပဲလေးတွေပါတဲ့ အဝါရောင်နည်းနည်းသမ်းတဲ့ထမင်းကြော်ပုံစံပါ။ မြို့ခံတွေတော်တော်များများကတော့ နှစ်ခြိုက်စွာစားသုံးကြတာကိုတွေ့ရတယ်။ ဒီထမင်းကြော်ဆိုင်မှာဆိုလည်း ထိုင်ခုံနေရာလွှတ်မရှိလောက်အောင်ကို အားပေးတဲ့သူတွေအပြည့်ပါ။

ပိုက်ဆံရှင်းတဲ့အချိန်မှာ အံ့သြခဲ့ရတာက စားရတာထင်ထားတာထက် အများကြီးပိုတန်တာကိုပါ။ ဆိတ်ပုဆိုးကြမ်းက တစ်ပွဲကို ၁၀၀၀ သာပေးရပြီး ၂ ယောက် ၃ ယောက်လောက်တောင်စားလို့ရတယ်။ ပုစွန်ဟင်းကတော့ တစ်ပွဲကို ၈၀၀ နဲ့ တစ်ယောက်စာအတော်လောက်ပါပဲ။ ထမင်းကြော်က အလွတ်တစ်ပွဲ ၅၀၀ နဲ့ လိုက်ပွဲ ၂၀၀ ပါပဲ။

ဒီတစ်ခါ မန္တလေးကိုအလည်အပတ်သွားလို့အချိန်ရမယ်ဆိုရင် ဒီဆိုင်လေးကို အရောက်သွားကြည့်ပါဦး။ စားသောက်ဆိုင်ကောင်းကောင်းတွေနဲ့ အစားအသောက်ပေါတဲ့မန္တလေးမှာ ဒီဆိုင်လေးက လူသိများတဲ့ ထမင်းကြော်ဆိုင်လေးပါ။

Shop Info

Location

62 Street, Between Zawgyi St and Kuthotaw St, Mandalay.

TEL/Email

Phone : 09 792384691

Email : contacts@company.com

Open Hours

SUN-FRI 16:00  – 21:00

Myint Family Indian Restaurant

frame

Myint Family Indian Restaurant

ရန်ကုန်မြို့ရဲ့ ဝါရင့်ချစ်တီးထမင်းဆိုင်

ဖွင့်ထားတာကြာပြီး လူသိများတဲ့ ချစ်တီးထမင်းဆိုင်တစ်ဆိုင်ကို ဒီနေ့ရောက်ဖြစ်ခဲ့တယ်။ဆိုင်ခန်းက တော်တော်လေးကျဉ်းတယ်လို့ဆိုရမှာဖြစ်ပြီး ထမင်းဆိုင်ကြီးပုံစံမဟုတ်ပါဘူး။ဆိုင်က မိသားစုတွေက တော်တော်လေးဖော်ရွေပြီး လာစားတဲ့သူတွေကိုလည်း ဂရုတစိုက်ရှိလို့ဝန်ဆောင်မှုကောင်းတဲ့ ဆိုင်လေးလို့မှတ်ချက်ပေးချင်ပါတယ်။

ဟင်းချက်အရသာက ချစ်တီးထမင်းဆိုင်တွေရဲ့ပုံစံအတိုင်းဟင်းအတော်လေးစုံလင်ပြီးအရသာလည်းခံတွင်းတွေ့စရာပါ။ ဆိုင်မှာထူးထူးခြားခြားအနေနဲ့ ငှက်ပျောရွက်ခင်းပြီးချစ်တီးထမင်းကို ပုံစားခဲ့ရတဲ့အတွေ့အကြုံကိုလည်း သဘောကျမိတယ်။

ပုစွန်ထုပ်ဆီပြန်၊ ဆိတ်သားဟင်း၊ ဆိတ်ကလီစာ၊ ကြက်သဲမြစ်စတဲ့ ဟင်းမျိုးပေါင်း ၂၀ နီးပါးလောက်ရှိပြီးပုံမှန်လာစားတဲ့သူလည်းအတော်လေးများတာကိုတွေ့ရပါတယ်။ ဒီတစ်ခေါက်မှစားဖူးခဲ့တဲ့ကြက်သွန်ချဉ်ဒိန်အရသာကိုလည်း အတော်လေးသဘောကျမိတယ်။ အဆိမ့်အရသာလေးနဲ့စားရတဲ့ အရသာအသစ်အဆန်းဖြစ်စေပါတယ်။

ဆိုင်ရဲ့ အားနည်းချက်ဆိုလို့ နေရာထိုင်ခင်းကျဉ်းတာနဲ့ ဆိုင်ကိုအလွယ်တကူရှာမတွေ့နိုင်တာကလွဲရင်ဒီဆိုင်လေးက ချစ်တီးထမင်းကြိုက်တဲ့သူတွေအတွက် သင့်တော်တဲ့နေရာလေးတစ်ခုပါ။ နောက်တစ်ခုကကားနဲ့သွားမယ့်သူတွေအတွက် ရပ်ဖို့ကားပါကင် အတော်လေးခက်ခဲမယ့်နေရာဖြစ်နေတာပါ။

Shop Info

Location

No(81), 2nd floor, 29th street (Lower Block),Pabedan Townships

TEL/Email

Phone : 09 795 361030

Email : No Email

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00