Ayam Penyet (Chilli Lime Fried Chicken)

Food Cottage

ကြက်ခရေဇီတွေအကြိုက်တွေ့မယ့် လှည်းတန်းကဆိုင်

ဒီတစ်ခေါက်ရောက်ခဲ့တဲ့ဆိုင်လေးက ကြက်သားခရေဇီတွေအတွက်
အကြိုက်တွေ့မယ့်ဆိုင်ပါ။ ကြက်သားနဲ့ပတ်သက်တဲ့ ဟင်းပွဲတွေစုံပြီးထိုင်းစာကောင်းကောင်းလေးတွေလည်းရတဲ့ဆိုင်လေးတစ်ဆိုင်ပါ။

Ayam Penyet (Chilli Lime Fried Chicken)

Ayam Penyet (Chilli Lime Fried Chicken) – 4000 Ks

ကြက်အစပ်ကြော်ကို ကြက်ဆီထမင်း၊ မြေပဲ၊ ငါးနီတူကြော်၊ ဟင်းအနှစ်တို့နဲ့တွဲဖက်ပြင်ဆင်ထားတဲ့ဟင်းပွဲပါ။ ကြက်သားအစပ်က အရမ်းမစပ်ပဲ ကြော်တဲ့နည်းလမ်းကခါတိုင်းစားနေကျ ကြက်သားကြော်နဲ့မတူတာကိုတွေ့ရတယ်။ ပုံမှန်စားနေကျမဟုတ်တဲ့ကြက်သားကြော်လေးနဲ့ ကြက်ဆီထမင်း ဟင်းအနှစ်အရသာကောင်းကောင်းလေးနဲ့အရမ်းမကြိုက်ပေမယ့် စားလို့မဆိုးဘူးလို့ သတ်မှတ်ရမယ်။

Honey BBQ Pork – 6000 Ks

အသားများများဝက်နံရိုးကို ပျားရည်နဲ့ကင်ထားတဲ့ သဘောကျမိတဲ့ နံရိုးကင်ပါ။ ဟင်းအပြင်ဆင်လေးကိုက စားချင့်စဖွယ်ဖြစ်ပြီး ထူးခြားတဲ့အရသာလည်းရှိပါတယ်။ နံရိုးတွေဒီထက်ပိုနူးအိမယ်ဆိုရင်တော့ ပိုစားကောင်းမယ်လို့ မြင်မိပါတယ်။

Pandan Leaf Chicken – 3800 Ks

စားလို့အရသာတော်တော်ကောင်းတဲ့ ကြက်သားဆူးမွှေးဖက်ထုပ်ကြော်ပါ။ အသားအရသာနဲ့ဖက်ထုပ်အရသာတော်တေ်ာလေးစားကောင်းပြီး အချဉ်နဲ့တို့စားလို့ကောင်းတဲ့ဖက်ထုပ်ပါ။ တစ်ခုပဲယူထားတဲ့ဈေးနဲ့ ၄ ခုပဲပါတာကတော့ ဈေးများတယ်လို့ခံစားမိပါတယ်။

ဒီဆိုင်မှာ ကြက်သားနဲ့ပတ်သက်တာတွေတော်တော်များတယ်။ ပျားရည်ကြက်ကင်၊ စပါးလင်ကြက်ကြော်၊ ကြက်ဖက်ထုပ်ဟင်းချို၊ ရိုးရာကြက်ခြေထောက်သုပ်တို့လို အသားသောက်ဆန်းဆန်းလေးတွေလည်းရနိုင်ပါတယ်။ ဆိုင်တည်နေရာအနေအထားနဲ့အစားအသောက်အရသာလေးတွေကောင်းပြီး မီနူးထဲကဈေးတွေကို လူငယ်တွေလက်လှမ်းမီနိုင်မယ့် ဈေးတစ်ခုသတ်မှတ်နိုင်ရင်ပိုအောင်မြင်လာမယ့် ဆိုင်လေးလို့ မြင်မိပါတယ်။

ကဲလှည်းတန်းဘက်ရောက်ဖြစ်ရင် ဒီဆိုင်လေးကို ဝင်စားကြည့်ပါဦး

Shop Info

Location

Hledan Center, Ground Floor, Kamayut.

TEL/Email

Phone : 09790254777

Email : No Email

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Author: Saw Wunna

Recommended Posts