burmese curry buffet at street stall in yangon myanmar market

Foods for Rainy Season

မိုးရာသီမှာ ဂရုစိုက်သင့်တဲ့အစားအစာများ

လူတစ်ယောက်အတွက် အရေးကြီးတဲ့ ကိုယ်ခံအားနဲ့ အစာချေစနစ်တို့ကို ထိခိုက်စေနိုင်တဲ့ ကျန်းမာရေးပြသနာတွေကအခုလို စိုထိုင်းတဲ့မိုးရာသီမှာ အဖြစ်များတတ်ပါတယ်။ အအေးမိခြင်း၊ အစာမကြေခြင်း၊ ဝမ်းပျက်ခြင်းတို့လို ရောဂါတွေအဖြစ်များတာက မိုးရာသီမှာပါ။

မိုးရာသီမှာ အစားအသောက်ကို အထူးဂရုပြုဖို့လိုအပ်ပြီး လမ်းဘေးမှာရောင်းချတဲ့အစားအသောက်တွေကို တတ်နိုင်သမျှ ရှောင်ရှားသင့်ပါတယ်။ ကျောင်းတွေပြန်လည်ဖွင့်လှစ်တဲ့အခါမှာလည်း ကလေးငယ်တွေ မုန့်ဈေးတန်းက သန့်ရှင်းမှုအားနည်းတဲ့အစားအသောက်တွေမစားမိဖို့ကို အထူးဂရုပြုသင့်ပါတယ်။

မိုးရာသီမှာ ကိုယ်ခံအားကောင်းပြီး အားဖြစ်စေမယ့် ပြောင်းဖူး၊ ဂျုံ၊ မုယောတို့အပြင် ကြက်ဥတို့ကိုစားသင့်ပါတယ်။ မဖြစ်မနေသတိထားဖို့လိုတာက ကိုယ်စားမယ့် အစားအသောက်ရဲ့ သန့်ရှင်းမှုကို သတိထားရပါမယ်။ ဒိန်ချဉ်၊ ပျားရည်စတဲ့ကိုယ်ခံအားကောင်းစေမယ့် အစားအစာတွေကိုလည်း ပိုမိုစားပေးသင့်ပါတယ်။

ရှောင်ရမယ့်အစားအစာတွေကတော့ ဆီများတဲ့အစားအစာတွေနဲ့ ငရုတ်ဆီနဲ့တွဲဖက်စားရတဲ့အစားအစာတွေပါ။ ပင်လယ်စာအစိမ်းစားတာကိုလည်း မိုးရာသီမှာ တတ်နိုင်သမျှရှောင်သင့်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်စားတဲ့နေရာမှာလည်းသန့်ရှင်းမှုကို အထူးဂရုပြုရပါမယ်။

ကျန်းမာရေးပြသနာတွေများနေတဲ့ဒီနေ့ခေတ်မှာ ကျန်းကျန်းမာမာနေနိုင်ခြင်းက ကံကောင်းတယ်လို့သတ်မှတ်ရပါမယ်။ ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံတစ်ခုကို ပိုင်ဆိုင်နိုင်ပြီး ကပ်ရောဂါတွေဘေးကလည်း ကင်းဝေးနိုင်ကြပါစေ။

Author: Saw Wunna

Recommended Posts