18

Grand Library

စာအုပ်ဖတ်ရင်း အစားအသောက်ကောင်းကောင်းစား အေးဆေးထိုင်လို့ရမယ့်ဆိုင်

သင်ဟာ စာပေကိုချစ်တတ်တဲ့သူ၊ အေးဆေးတိတ်ဆိတ်မှုကိုနှစ်သက်သူ၊ အစားအစာကောင်းကောင်းစားတတ်သူဆိုရင်တော့ အခုရေးပြမယ့်ဆိုင်လေးကို တစ်ခေါက်လောက်ရောက်အောင်သွားသင့်တယ်။

ဆိုင်နာမည်က Grand Library Restaurant၊ ဝန်ကြီးများရုံးနဲ့နီးပြီး ဗိုလ်အောင်ကျော်လမ်းမှာဖွင့်ထားတဲ့ စာအုပ်တွေအများကြီးရှိတဲ့ ချစ်စရာစားသောက်ဆိုင်လေးပါ။ ဒီဆိုင်အကြောင်းစပြောရရင် လူမများပဲ ဆိုင်နေရာကျယ်ဝန်းတယ်၊ မျက်စိရှုပ်စရာအပြင်အဆင်တွေမရှိဘူး။ ဆိုတော့ အစားအသောက်စားရင်း အေးဆေးအလုပ်လုပ်လို့ပါရတယ်။ အဆင်ပြေပြေသုံးလို့ရမယ့် WiFi လည်း free ရတာကြောင့် အိုကေပါတယ်။

အစားအသောက်အကြောင်းစပြောရရင် ဆိုင်မှာ လူကြိုက်များပြီး အစားများကြတယ်ဆိုတဲ့ ပုစွန်အုန်းနို့ချက်ထမင်းကို စားဖြစ်ခဲ့တယ်။ အရသာကောင်းတယ် အထူးသဖြင့် ပုစွန်အုန်းနို့ချက်ဟင်းအရသာက စားရတာခံတွင်းလိုက်တယ်။ အုန်းနို့နဲ့မတည့်တဲ့သူကလွဲရင် ဒီဟင်းပွဲကို အစားအသောက်ကောင်းကောင်းစားချင်တဲ့သူတိုင်း try ကြည့်သင့်တယ်။

နောက်တစ်ခုစားဖြစ်ခဲ့တာကတော့ တုန်ယမ်းထမင်းကြော်ပါ။ တုန်ယမ်းအရသာအရမ်းမပါပဲ စားလို့အဆင်ပြေတဲ့ထမင်းကြော်လို့ သတ်မှတ်ချင်တယ်။ အရသာအနေနဲ့ကတော့ အရမ်းကြီးထူးခြားတာမျိုးမတွေ့ရပါဘူး။ ပါတာများပြီး တစ်ယောက်စာဗိုက်ဝါတယ်။

သောက်စရာအနေနဲ့ Draught beer ရှိသလို ကော်ဖီလိုင်းမှာဆိုရင်လည်း GL Signature Coffee ကစပြီး ကော်ဖီအမျိုးအစားတော်တော်လေးစုံအောင်ရပါတယ်။ လူအရမ်းများတဲ့စားသောက်ဆိုင်မျိုးကို ငြီးငွေ့နေပြီး စာအုပ်လေးဖတ် အေးဆေးနေပြီး အစားအသောက်အစုံစားမယ်ဆိုရင်တော့ ဒီဆိုင်လေးက သွားသင့်တဲ့ဆိုင်လေးပါလို့ ညွှန်းချင်ပါတယ်။

Shop Info

Location

887 Myrtle Dr. 
Bronx, NY 16544

TEL/Email

Phone : + 1 800 755 60 20

Email : contacts@company.com

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Author: Saw Wunna

Recommended Posts