Waitress with a mask and clients at an outdoor bar, café or restaurant, reopen after quarantine restrictions

၀န်ဆောင်မှုပေးသူကိုခေါ်လိုလျှင်

၀န်ဆောင်မှုပေးသူကိုခေါ်လိုလျှင်

စားသောက်ဆိုင်၊ ဘီယာဆိုင်၊ လဘက်ရည်ဆိုင်ဖြစ်စေ ဘယ်နေရာရောက်ရောက်စိတ်ထဲဘဝင်မကျစရာအခြေအနေတစ်ခုကို မကြာခဏကြုံရတယ်။ အဲတာကဘာလဲဆိုတော့ဆိုင်ဝန်ထမ်းကို စားသုံးသူက ကျွတ်စုတ်ပြီးခေါ်တတ်တဲ့အလေ့အထပါ။ ဒီနိုင်ငံရဲ့လူအချို့မှာအရိုးစွဲနေတဲ့ ဒီအကျင့်ကြီးက ကိုယ့်ဘက်ကကြည့်တော့ဘာမှမဟုတ်ပေမယ့် အခေါ်ခံရသူအဖို့အတော်လေး ခံရခက်စေတဲ့ အပြုအမူမျိုးပါ။

လေးစားမှုဆိုတာ လူတိုင်းအတွက် ထိုက်တန်စွာပေးအပ်ရမယ့်အရာတစ်ခုပါ။ စားပွဲထိုးဖြစ်နေလို့ဂရုစိုက်စရာမလိုပါဘူးဆိုတာမျိုးက မလျော်ကန်တဲ့အပြုအမူပါ။ တကယ်တော့စားပွဲထိုးတွေဟာကိုယ့်လက်အောက်ငယ်သားမဟုတ်ပါဘူး။ စားသုံးသူတွေကိုဝန်ဆောင်မှုပေးရတဲ့သူ သပ်သပ်မျှသာဖြစ်ပါတယ်။ ငါက customer ဖြစ်လို့ ကြိုက်သလိုဆက်ဆံပိုင်ခွင့်ရှိတယ်ဆိုတဲ့အတွေးအခေါ်မျိုးက သူ့နေရာ ကိုယ်ရောက်သွားရင်မဖြစ်သင့်မှန်းကို ခံစားမိလာမှာပါ။

Waitress with a mask and clients at an outdoor bar, café or restaurant, reopen after quarantine restrictions

အများနဲ့ဝန်ဆောင်မှုပေးနေရတဲ့လုပ်ငန်းတွေဖြစ်လို့ကိုယ့်ဘက်က နားလည်မှုပေးနိုင်ဖို့လိုပါတယ်။ သေချာတာတစ်ခုကဝန်ဆောင်မှုပေးတဲ့သူတွေကို ကိုယ့်ဘက်က ယဉ်ယဉ်ကျေးကျေးနဲ့ ဆက်ဆံကြည့်ပါ။

“ချွတ် ချွတ် ချွတ်” လို့ ကျွတ်စုတ်ခေါ်မယ့်အစား “ညီလေးရေ၊ ညီမလေးရေ” ဆိုတဲ့ နာမ်စားကိုသုံးကြည့်ပါ။ သူအစားအသောက်လာချပေးပြီးတိုင်း “ကျေးဇူးတင်ပါတယ်” ဆိုတဲ့စကားလေးသုံးကြည့်ပါ။ သူ့ဘက်ရော ကိုယ့်ဘက်ပါစိတ်ကျေနပ်စရာ အခြေအနေမျိုးကိုရမယ်လို့ အာမခံပါတယ်။

သင်တို့ရော ဝန်ဆောင်မှုပေးတဲ့သူတွေကို အဲလိုအပြုအမူတွေ သိရက်နဲ့ဖြစ်စေ မသိရက်နဲ့ဖြစ်စေပြုမူခဲ့ဘူး၊ ပြုမူမိနေတယ် ဆိုရင်တော့ အမြန်ဆုံးပြင်လိုက်ပါ။

Author: Saw Wunna

Recommended Posts