A business vintage sign that says 'Come in We're Open' on Cafe / Restaurant window. Image of abstract blur restaurant with people. Restaurant with customer for background usage

New opening restaurants – July

ဇူလိုင်လအတွက် စားသောက်ဆိုင်အသစ်များ

ကပ်ရောဂါအခြေနေက မပြီးသေးဘူးဆိုပေမယ့် အရင်နီးပါးလောက် စားသောက်ဆိုင်တော်တော်များများ ပြန်လည်ဖွင့်လှစ်နေကြပြီဖြစ်သလို ဆိုင်အသစ်တွေလည်းဖွင့်လာကြပါပြီ။ ဒီတစ်ပတ်အတွက်သွားစရာ ဆိုင်အသစ်လေးတွေအကြောင်းကို ပြန်လည်ဖော်ပြပေးပါမယ်။

Butiria

ချင်းရိုးရာအစားအသောက်တွေရောင်းချမယ့်ဆိုင်လေးပါ။ အသစ်ဖွင့်ထားတဲ့ဒီဆိုင်လေးက အပြင်အဆင်လေးကချစ်စရာကောင်းပြီး ရိုးရာစားအသောက်အသစ်အဆန်းတွေစားကြည့်ချင်တဲ့သူတွေသွားရမယ့်ဆိုင်လေးပါ။
ကော်ဖီကြိုက်တဲ့သူတွေအတွက်လည်း ချင်းတောင်ကော်ဖီသောက်လို့ရမှာပါ။ ချင်းရိုးရာအစားအသောက်တွေကိုသေသေချာချာမစားဖူးလို့ အရောက်သွားဖို့ စဉ်းစားထားတဲ့နေရာလေးပါ။

U Yae Khel Street, Mayangone Township
09 976 182177

House Of Bread Myanmar

ဒီဆိုင်လေးက နာမည်အတိုင်းပဲ Bread အစုံအလင်နဲ့ ကော်ဖီလေးသောက်ရင်း အေးဆေးအလုပ်လုပ်ချင်တဲ့သူတွေအတွက်နေရာကောင်းလေးတစ်ခုပါ။ ဆိုင်နေရာက အလုံကရင်ခြံဝင်း အ.ထ.က ၂ အလုံကျောင်းနားလေးဆိုတော့ လူတွေ ကားတွေရှင်းတဲ့နေရာလေးလို့ဆိုနိုင်တယ်။ အပြင်အဆင်လေးက သွားချင်စရာကောင်းတဲ့နေရာလေးတစ်ခုပါ။

No (121), Ground Floor, PKBC Building, Kayin Chan Compound, Corner of Ahlone Road &, Min Ye Kyaw Zwa Road, Ahlone Township
09 892 892020

Night Life Bar

လတ်တလော ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးရယ်လို့ နာမည်ကြီးနေတဲ့ဆိုင်လေးပါ။ ဆိုင်နာမည်လေးကလည်း ထိုင်ချင်စရာလေး။ ဒီနေရာလေးက တခြားဘီယာဆိုင်တွေလိုမဟုတ်ပဲမတူညီတဲ့ခံစားမှုကိုရစေနိုင်မယ်လို့ မြင်မိတယ်။ အသစ်အဆန်းလေးတွေကိုစိတ်ဝင်စားရင်တော့ သွားကြည့်ရမယ့်နေရာလေးတစ်ခုပေါ့။

– Strand Road
– 09 662 601717

Beerlogy Bar, BBQ and Rstaurant

July လအတွင်းကစပြီး ဖွင့်ခဲ့တဲ့ဆိုင်ပါ။ ဘီယာကိုမှသောက်ချင်ပါတယ်ဆိုတဲ့သူတွေအတွက်တော့အဆင်ပြေစေရမယ့်နေရာလို့ ဆိုထားပါတယ်။ ဆိုင်ပုံစံကြည့်ရတာတော့ သပ်သပ်ရပ်ရပ်နဲ့ သွားချင်စရာပုံစံလေးပါ။ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ ဇူလိုင်လ (၁၀) ရက်နေ့အထိ စားစရာရော၊ သောက်စရာအားလုံးကို 20% off ရှိပါတယ်တဲ့။ ဆရာစံလမ်းမှာဖွင့်ထားတာဆိုတော့ သွားရလာရတာလည်း အတော်လေးအဆင်ပြေတဲ့နေရာလေးပါ။

– No.26, Sayarsan Street, Bahan Township, Yangon.

09 889 664488

Author: Saw Wunna

Recommended Posts