1

Ocean Pearl Ngapali

ငပလီက အကြိုက်ဆုံးပင်လယ်စာဆိုင်

ငပလီကိုရောက်တုန်း စားကောင်းမယ့် စားသောက်ဆိုင်တွေအကြောင်းရှာဖတ်ရင်း တွေ့ခဲ့ပြီး ကိုယ်တိုင်သွားစားကြည့်ပြီး သဘောကျမိတဲ့ Ocean Pearl ဆိုင်လေးအကြောင်း ပြန်လည်မျှဝေချင်ပါတယ်။ အစားအသောက်အရသာကောင်းပြီး သပ်သပ်ရပ်ရပ်ရှိတဲ့ ဆိုင်လေးပါ။ ငပလီရောက်ဖြစ်ရင် ဝင်စားသင့်တဲ့ကြိုက်ဆုံးဆိုင်လေးအကြောင်း ပြန်လည်မျှဝေပါမယ်။

ဒီဆိုင်ရဲ့ အစားအသောက်တွေအရသာက ဆိုင်ရောင်းတန်းမဆန်ပဲ အိမ်ချက်အရသာလို အရသာကောင်းကောင်းလေးရှိတာကို အရင်ဆုံးသတိထားမိတယ်။ အရင်ဆုံး ငပလီမှာ ပေါတဲ့ ငါးပါးနီနဲ့ပြုလုပ်ထားတဲ့ ငါးကင်လေးအကြောင်း စပြောချင်တယ်။ ငါးပါးနီဆိုတဲ့ငါးကို ချင်း၊ ကြက်သွန်ဖြူ၊ ထောပတ်သုတ်ကင်ထားပြီး သံပုရာသီးလေးနဲ့ တွဲစားရတာ အတော်လေး စားလို့ကောင်းပါတယ်။ ငါးရဲ့ လတ်ဆတ်မှုကြောင့် စားရတာ ပိုအရသာရှိတယ်လို့ ခံစားမိပါတယ်။

ပုစွန်ချက်ဟင်းပွဲက လတ်ဆတ်တဲ့ ပုစွန်အရသာကိုအထူးပြောစရာမလိုတော့ပဲ ခရမ်းချဉ်သီးဟင်းအနှစ်က တော်တော်လေး အရသာကောင်းမွန်ပါတယ်။

အသီးအရွက်အစုံလင်ပါပြီး ရခိုင်ကျောက်ငါးနဲ့ ချက်ထားတဲ့ ရခိုင်ငါးသောက်ဆမ်းက ချဉ်ချဉ်စပ်စပ်ကြိုက်တဲ့သူတွေအတွက်တော့ လုံးဝသဘောကျမယ်လို့ ဆိုချင်ပါတယ်။

ဆိုင်ကရောင်းတဲ့ ဓာတုပစ္စည်းကင်း အသီးအရွက်ကြော်တွေကိုလည်း သဘောကျမိပြီး မူလအသီးအရွက်ရဲ့ အရသာကို ပင်လယ်ထွက် ပုစွန်ခြောက်မှုန့်နဲ့ ကြော်ချက်ထားတာက ပိုစားကောင်းတဲ့ အရသာတစ်ခုကို ရရှိစေပါတယ်။

ရန်ကုန်မှာ နေခဲ့တဲ့သက်တမ်းတစ်လျှောက် တခါမှ မစားဖူးတဲ့ ထောပတ်သီးသုတ်ကိုလည်း စားခွင့်ရခဲ့ပြီး ထူးခြားတဲ့အရသာတစ်ခုခုကို အသစ်အဆန်းမြည်းစမ်းခွင့်ရခဲ့ပါတယ်။ ထောပတ်သီးကို အသုတ်လိုစားဖူးတာဒါပထမဆုံးအကြိမ်ပါ။

ပင်လယ်ကိုရောက်တုန်း လတ်ဆတ်တဲ့ ကျောက်ပုစွန်အကြီးကြီးတွေကိုမှ စားချင်တယ်ဆိုရင်တော့ ကန်ထဲမှာ ထိန်းသိမ်းထားတဲ့ ကျောက်ပုစွန်ကြီးတွေလည်း ရှိပါသေးတယ်။ ပင်လယ်စာ အစားအသောက်စုံလင်ပြီး ကော့တေး၊ ဘီယာ နဲ့ စားသောက်ဖွယ်အစုံအလင်လည်း ရတဲ့ဆိုင်လေးပါ။

ဆိုင်က အရမ်းမကြီးပဲ မိသားစုတစ်ပိုင်တစ်နိုင်ရောင်းချတဲ့ ဆိုင်လေးဖြစ်တာကြောင့် နွေးထွေးတဲ့ ခံစားမှုနဲ့ အရသာကို ရရှိစေမှာပါ။ ဆိုင်ဝန်ထမ်းလေးတွေသဘောကောင်းပြီး နောက်တစ်ခါငပလီရောက်ရင်လည်း သွားစားဖို့ စိတ်ကူးထားတဲ့ ဆိုင်ကောင်းလေးတစ်ဆိုင်ဖြစ်ပါတယ်။ ကိုယ်တိုင်သွားစားကြည့်ပြီး သဘောကျတဲ့ဆိုင်လေးမို့ မိတ်ဆွေတွေအတွက် လမ်းညွှန်ပေးလိုက်ပါတယ်။

Shop Info

Location

Ngapali Airport Road, Ziphyugone, Ngapali Beach, front of Amazing Hotel Ngapali.

TEL/Email

Phone : 09 421730382,

09 253169845

Email : contacts@company.com

Open Hours

MON-FRI 09:00 – 20:00

SAT-SUN 10:00 – 21:00

Author: Saw Wunna

Recommended Posts