frame

Paradise Bakery

ဒူးရင်းနဲ့ပတ်သက်လာရင် ဒီနေရာသာသွား

ဒူးရင်းသီးခရေဇီဆိုရင်တော့ ဒီဆိုင်ကိုသွားဖို့ အကြံပြုလိုပါတယ်။ တကယ်ကိုအရသာကောင်းမွန်တဲ့ ဒူးရင်းစီးရီး တွေရှိတဲ့နေရာတစ်ခုပါ။ ဒူးရင်းခရေဇီတွေတော်တော်များများလည်းသိကြပြီး မသိသေးတဲ့သူတွေအတွက် လမ်းညွှန်ပေးချင်တဲ့ဆိုင်ကတော့ အလုံက Paradise Bakery ပါ။

စားဖူးတဲ့သူတော်တော်များများဆီက Good recommendation ရထားတဲ့ဆိုင်လေးတစ်ခုဆိုလည်း မမှားပါ ဘူး။ ဒီတစ်ခေါက်ဆိုင်ကိုရောက်ဖြစ်တုန်း စားခဲ့တဲ့ ဒူးရင်းနဲ့ပတ်သက်တာတွေကတော့ Durian Lava ၊ Durian Soup ၊ Grilled Durian ဆိုပြီး ပုံစံမတူတဲ့ ဒူးရင်းသီးမုန့် သုံးခုစားဖြစ်ခဲ့တယ်။ အရသာက အီဆိမ့်နေပြီး စားလို့တော်တော်လေးကောင်းပါတယ်။

နောက်တစ်ခုက တခြားနိုင်ငံတွေမှာအစားများကြတဲ့ Banoffee Crumble ပါ။ Caramel Sauce နွေးနွေးလေးနဲ့ အချိုအဆိမ့်ကြိုက်တဲ့သူတွေအတွက် လုံးဝသဘောကျမယ့်ဟာပါ။

ဆိုင်မှာ cake, coffee, cold drink, food menu အစုံလင်ရှိပြီး တခြားစားသောက်စရာတွေ လည်းရှိပါတယ်။ ဒီဆိုင်ကို လူသိများတာကတော့ ဒူးရင်းကြောင့်ပါ။ ဘာတွေရလဲ၊ ဘယ်လိုဒူးရင်းတွေရှိလဲဆိုတာတော့ ကိုယ်တိုင်သွားပြီး မြည်းစမ်းကြည့်ဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။

Shop Info

Location

No(161), corner of lower Kyeemyindine road and Mar Ga street, Ahlone Township, Yangon.

TEL/Email

Phone : 09 772 797821

Email : no email

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Author: Saw Wunna

Recommended Posts