DSC06964

Phoetharaung Myanmar Food

ဈေးသက်သာပြီး အရသာကောင်းတဲ့ထမင်းဆိုင်လေး

ဒီတစ်ခေါက်မှာ လကုန်ခါနီးလည်းဖြစ်နေလို့ ဈေးသက်သာမယ့်ဆိုင်လေးတွေအကြောင်းကို ရေးဖို့စိတ်ကူးထားတယ်။ မြန်မာထမင်းဟင်းချက်အရသာကောင်းပြီး ဈေးလည်းမဆိုးတဲ့ ဆိုင်လေးတစ်ဆိုင်အကြောင်း မျှဝေချင်ပါတယ်။

ကြည့်မြင်တိုင်၊ သီရိမင်္ဂလာဈေးဟောင်းရှေ့က ဖိုးသာအောင်ထမင်းဆိုင်လေးက အပြင်အဆင်အရတော့သိပ်အထင်ကြီးစရာမရှိပေမယ့် ဟင်းချက်အရသာနဲ့ ဈေးနှုန်းလေးက မဆိုးဘူးလို့ဆိုရမယ်။ ဟင်းပွဲပေါင်း သုံးဆယ်ကျော်လောက်နေ့စဉ်ချက်တယ်လို့ သိရပြီး ဈေးက ၁၅၀၀ ကျပ်ကနေ အများဆုံး ၃၀၀၀ ကျပ်လောက်ပဲဆိုတော့ စားပျော်တဲ့ဈေးလို့ဆိုရမယ်။ ငါးပိရည် တို့စရာအစုံကလည်း စားလို့ကောင်းတယ်။

ဆိုင်က နေရာအခက်အခဲတော့ရှိပြီး ထိုင်မစားချင်ရင်တောင် ပါဆယ်ထုပ်သွားရင်အဆင်ပြေပါမယ်။ မြန်မာဟင်းအရသာကောင်းကောင်းနဲ့ သိပ်ဈေးမကြီးတဲ့ဆိုင်မျိုးကိုရှာနေတယ်ဆိုရင်တော့ ဒီဆိုင်လေးဘက်လမ်းကြုံတဲ့အခါစားကြည့်ဖို့ ပြောလိုပါတယ်။

Shop Info

Location

No 506, Kannar Road, Kyimyindaing, Yangon.

TEL/Email

Phone : + 1 800 755 60 20

Email : contacts@company.com

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Author: Saw Wunna

Recommended Posts