ask1

Sweet and sour stir-fried vegetable

ဟင်းသီးဟင်းရွက်ချိုချဉ်ကြော်

စားသောက်ဆိုင်ကိုရောက်တဲ့အခါမှာ အများစုမှာစားကြလေ့ရှိတဲ့ ချိုချဉ်ကြော်ပြုလုပ်နည်းအကြောင်းကို ပြန်လည်မျှဝေပေးချင်ပါတယ်။ စားရတာအရသာရှိပြီး လူကြိုက်များတဲ့ ချိုချဉ်ကြော်ကို ဆိုင်တကူးတက သွားစားနေဖို့မလိုပဲ အိမ်မှာတင် လွယ်လွယ်ကူကူ လုပ်စားကြရအောင်။

ပါဝင်ပစ္စည်းများ

ဂေါ်ဖီထုပ်နုနု – တစ်ခြမ်းခန့်
သခွားသီး – အနေတော်အရွယ် ၂ လုံး
ခရမ်းချဉ်သီး – ၁ လုံး
ငရုတ်ပွ – ၂ တောင့်
ကောက်ရိုးမှို – ၅ ပွင့်၊ ၆ ပွင့်
ပဲပြားအဖြူ – ၁ တုံး
ဂျုံမှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်း
ခရမ်းချဉ်သီးဆော့စ် – စားပွဲတင်ဇွန်း တစ်ဝက်
ပဲငံပြာရည်အကြည် – စားပွဲတင်ဇွန်း ၂ ဇွန်း
ရှာလကာရည် – စားပွဲတင်ဇွန်း ၁ ဇွန်း
ရေ – လက်ဖက်ရည်ပန်ကန်ဝက်
ဟင်းသီးဟင်းရွက်ဆီ – ၂ ဇွန်း

ပြုလုပ်နည်း

ဒယ်အိုးကို ဆီထည့်၍ အပူပေးရပါမယ်။ ဆီကျက်ပြီဆိုရင် ဂေါ်ဖီထုပ်၊ သခွား၊ ငရုတ်ပွ၊ ခရမ်းချဉ်၊ မှို၊ ပဲပြားနဲ့ ရေတို့ကိုထည့်ပြီး မွှေကြော်ပေးရပါမယ်။ အားလုံးအနေတော်ဖြစ်ပြီဆိုရင် ခရမ်းချဉ်သီးဆော့စ်ကို ထည့်ပေးရပါမယ်။
(အသားနဲ့စားချင်တဲ့သူတွေအတွက်လည်း နှစ်သက်ရာအသားတစ်မျိုးမျိုးကို ထည့်သွင်းကြော်ချက်နိုင်ပါတယ်)

သကြား၊ ပဲငံပြာရည်၊ နဲ့ ရှာလကာတို့ကို ခတ်ပါ။ စေးပျစ်လာဖို့အတွက် ဂျုံမှုန့်အနည်းငယ်ကို ရေနဲ့ရောပြီး ထည့်ပေးရပါမယ်။ အနေတော်အရသာရတဲ့ထိပြင်ဆင်ပြီးပါက အရာသာကောင်းမွန်တဲ့ ချိုချဉ်ကြော်တစ်ပွဲကို ရရှိနိုင်မှာဖြစ်ပါတယ်။

Author: Saw Wunna

Recommended Posts