Caramel Macchiato

TOM N TOMS Coffee

ရန်ကင်းက ကိုရီးယားနာမည်ကျော်ကော်ဖီဆိုင်

ဒီတစ်ခေါက်ရောက်ဖြစ်တဲ့ ဆိုင်ကတော့ ကော်ဖီဆိုင်လေးတစ်ဆိုင်ပါ။ ကိုရီးယားနိုင်ငံအခြေစိုက် Brand တစ်ခုဖြစ်ပြီး လူသိများတဲ့ဆိုင်လို့လည်းသိရပါတယ်။ ဆိုင်ကတော့ ရန်ကင်းမြို့နယ်မှာရှိတဲ့ TOM N TOMS Coffee ပဲဖြစ်ပါတယ်။

အရင်ဆုံး Caramel Macchiato အကြောင်းစပြောရရင် ကော်ဖီအခါးသိပ်မသောက်နိုင်တဲ့သူတွေအတွက် သင့်တော်ပါတယ်။ ကော်ဖီအနံ့အရသာပြည့်စုံပြီး တကယ်သောက်လို့အဆင်ပြေပါတယ်။

Cafe Latte

နောက်တစ်မျိုးက Cafe Latte နဲ့ Sandwich set menu ပါ။ Latte အရသာကတော့ ကော်ဖီအရသာခံပြီးသောက်မယ့်သူတွေအတွက် ရွေးချယ်သင့်ပါတယ်။ Sandwich ကအရသာကောင်းပြီး အစားကြီးတဲ့သူမဟုတ်ရင် ၂ ယောက်လောက်စားလို့ရပါတယ်။ နှစ်သက်ရာ ကော်ဖီတစ်ခွက်လည်း ဒီမီနူးထဲမှာရွေးလို့ရပါတယ်။ ဆိုင်မှာ ကိတ်အမျိုးစားလည်း တော်တော်လေးစုံလင်တာတွေ့ရတယ်။

ဆိုင်က နာမည်ကြီးပြီးသားဆိုတော့ ပုံမှန်လာထိုင်နေကြသူတွေရှိတာကိုတွေ့ရတယ်။ ဆိုင်နေရာကျယ်ဝန်းပြီး သန့်ရှင်းသပ်ရပ်မှုရှိတာကြောင့် ကော်ဖီဆိုင်တစ်ဆိုင်မှာထိုင်ရင်း အလုပ်လုပ်မယ်၊ စကားအေးဆေးပြောမယ်ဆိုရင်လည်း အဆင်ပြေတယ်။

TOM N TOMS COFFEE က ထိုင်း၊ မလေးရှား၊ မွန်ဂိုလီးယား၊ ဖိလစ်ပိုင်၊ ကိုရီးယား၊ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ မကာအို၊ သြစတြေးလျနဲ့ အမေရိကားနိုင်ငံတွေမှာ ဆိုင်ခွဲတွေဖွင့်လှစ်ထားပြီးသား နာမည်ကြီး ကော်ဖီဆိုင်လို့သိရတယ်။

ကဲဒီပိတ်ရက်မှာ ကော်ဖီဆိုင်ကောင်းကောင်းလေး ထိုင်မယ်ဆိုရင်တော့ TOM N TOMS COFFEE က အသင့်တော်ဆုံးပါပဲလို့ ညွှန်းချင်ပါတယ်။

Shop Info

Location

Yankin Condo, Yanshin road, Yankin township, Yangon.

TEL/Email

09 961 213241

Email : contacts@company.com

Open Hours

MON-FRI 09:00 – 19:00

SAT-SUN 10:00 – 14:00

Author: Saw Wunna

Recommended Posts